• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းတပ်မတော်နှင့် ဆက်ဆံရေး အကောင်းဆုံးဖြစ်

by ဧရာဝတီ
16 August 2018
in သတင်း
A A
ဇွန်လအတွင်း ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့စဉ် /  Snr-Gen Min Aung Hlaing  / Facebook

ဇွန်လအတွင်း ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့စဉ် / Snr-Gen Min Aung Hlaing / Facebook

10.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနှင့်ထိုင်း တပ်မတော်များကြားမှ ဆက်ဆံရေးက မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရာထူးသက်တမ်းအတွင်း အဆင့်သစ်တခုသို့ မြင့်တက်ရောက်ရှိခဲ့ကြောင်း ရန်ကုန်အခြေစိုက် မူဝါဒ လေ့လာရေး လွတ်လပ်သော အဖွဲ့အစည်းတခုမှ ထုတ်ဝေသော အစီရင်ခံစာတခု၏ အဆိုအရ သိရသည်။

တကောင်း နိုင်ငံရေး လေ့လာမှုအဖွဲ့ (Tagaung Institute of Political Studies) ၏ “A Study on Snr-Gen Min Aung Hlaing’s International Trips” အမည်ရှိ အစီရင်ခံစာတွင် မြန်မာ့တပ်မတော် တပ်ဖွဲ့များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ ဆက်ခံရယူခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လမှ စတင်၍ တပ်မတော်အကြီးအကဲ၏ နိုင်ငံခြား ခရီးစဉ်များကို မှတ်တမ်းတင်လေ့လာခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ၁၉၉၂ ခုနှစ် မှ စတင်တာဝန်ယူခဲ့သူ ဖြစ်သည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
98
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
85
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
905

အစီရင်ခံစာအရ အသက် ၆၂ နှစ်အရွယ် လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်သည် အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယမှသည် အာဆီယံနိုင်ငံများ၊ အီတလီ၊ ဂျာမနီ နှင့် သြစတြီးယား အပါအဝင် အနောက်ဥရောပ နိုင်ငံများနှင့် ရုရှားနိုင်ငံ အထိ နိုင်ငံပေါင်း ၂၃ နိုင်ငံသို့ ခရီးစဉ် စုစုပေါင်း ၄၆ ကြိမ် သွားရောက်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဆယ်စုနှစ်များစွာအတွင်း ဥရောပသမဂ္ဂသို့ ပထမဆုံးသွားရောက် သော မြန်မာတပ်မတော်အကြီးအကဲ ဖြစ်လာခဲ့သည်။ ဥရောပသမဂ္ဂ စစ်ရေးကော်မတီ (EUMC) အစည်းအဝေး တခုသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံခဲ့ရပြီး နောက်တွင် ဖြစ်သည်။

ပရော်ဖက်ရှင်နယ် တပ်မတော်များ၏ အခန်းကဏ္ဍနှင့် အလေ့အထများကို မြန်မာ့တပ်မတော် ခေါင်းဆောင်များက လေ့လာနိုင်မည့် အနောက်တိုင်း၏ အနေအထားကို ဖော်ပြခြင်းက အပေါင်းလက္ခဏာဆောင်သော သြဇာသက်ရောက်မှုတခု ရှိနိုင်လိမ့်မည်ဟု ဥရောပ သမဂ္ဂနှင့် အခြားအနောက်နိုင်ငံများက ယုံကြည်ခဲ့ကြသည်။

၂၀၁၇ ခုနှစ် ဧပြီလက သြစတြီးယားနှင့် ဂျာမနီသို့ တပတ်ကြာ သွားရောက်ခဲ့သော ခရီးစဉ်အတွင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ကုမ္ပဏီများသို့ သွားရောက်လေ့လာခဲ့ပြီး စစ်ဘက်နှင့် ကာကွယ်ရေး ထိပ်တန်း အရာရှိကြီးများနှင့် တွေ့ဆုံခဲ့သည်။ သြစတြီးယားတွင် GROB လေယာဉ် စက်ရုံသို့ သွားရောက်၍ DA-62 အပေါ့စား လေယာဉ်တစီးကိုပင် စမ်းသပ် စီးနင်းခဲ့သည်ဟု သိရသည်။

ယခင်က သူ့ကို ကြိုဆိုမှုများ ရှိခဲ့သော်လည်း မြန်မာကာကွယ်ရေး ဦးစီးချုပ်သည် ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် သူ၏ တပ်ဖွဲ့များ၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ နောက်ပိုင်းတွင် လူမျိုးဖြုတ်သုတ်သင်ရေး စစ်ဆင်ရေးတခုကို ကြီးကြပ်ခဲ့သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အများစုက စွပ်စွဲခြင်း ခံခဲ့ရသည်။ ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) က လုံခြုံရေးတပ်ဖွဲ့ စခန်းများကို တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက်ပိုင်း တပ်မတော်က အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်မှုပြုလုပ်ခဲ့ပြီးနောက် ရိုဟင်ဂျာ ၇၀၀၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြ သည်။ ရလဒ်အနေဖြင့် ဥရောပသမဂ္ဂနှင့် အမေရိကန်က မြန်မာ့တပ်မတော် တာဝန်ရှိသူများအပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရန် စဉ်းစားခဲ့ကြသည်။

“ရခိုင် ပြဿနာဖြစ်ပွားခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှာ တပ်မတော်ရဲ့ နိုင်ငံတကာ ဆက်ဆံရေးက ကျဆင်း သွားခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်း၊ တရုတ်၊ စင်ကာပူနဲ့ နီပေါ တို့ကို ခရီးစဉ် ၄ ကြိမ် သွားရောက်ခဲ့ပါတယ်” ဟု အစီရင်ခံစာက ဆိုသည်။

ထိုင်းနိုင်ငံ ပြီးလျှင် တရုတ်နိုင်ငံသည် ကာကွယ်ရေး ဦးစီးချုပ် မကြာခဏ အသွားရောက်ဆုံး နိုင်ငံတခု ဖြစ်သည်။

မြန်မာနိုင်ငံ၏ မြောက်ဘက်မှ အိမ်နီးချင်း တရုတ်နိုင်ငံသို့ သူ၏ ပထမဆုံး ချစ်ကြည်ရေး ခရီးစဉ်ကို ၂၀၁၁ ခုနှစ်တွင် သွားရောက်ခဲ့သည်။ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာပြီး ၈ လ အကြာတွင် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသို့ သူ၏ ၄ ကြိမ်မြောက်နှင့် နောက်ဆုံး ခရီးစဉ်မှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဖြစ်သည်။

တရုတ်နိုင်ငံသို့ နောက်ဆုံး သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့၍ အခြားကိစ္စရပ်များနှင့် အတူ ရခိုင်အရေးကိုလည်း ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံတွင် ရှိနေစဉ် အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမ မူဝါဒက မြန်မာနိုင်ငံအတွက် အကျိုးအမြတ် ရှိနိုင်လိမ့်မည်ဟု မှတ် ချက်ပြုခဲ့သည်။

ယခင်က တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများနှင့် ၎င်း၏ ဆက်ဆံရေးများကို ဟန်ချက်ညီမျှစေရန် ကြိုးပမ်းခဲ့သော်လည်း ရခိုင်အရေးနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်အပေါ် နိုင်ငံတကာဖိအားများ ရှိလာခြင်းက တပ်မတော်ကို တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သွားစေခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

“ဒါပေမယ့် တပ်မတော်က တရုတ်နိုင်ငံအပေါ် လုံးလုံး မမှီခိုရအောင် ကြိုးစားမယ့် အသွင်ရှိပါတယ်။ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ဆိုးရွားနေပေမယ့် တပ်မတော်က တရုတ်နိုင်ငံအပေါ် မှီခိုရမှုကို ဟန်ချက်ညီမျှဖို့အတွက် အာဆီယံ၊ ရုရှား၊ ဂျပန်၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေးတွေ ခိုင်မာအောင် အကောင်းဆုံး ကြိုးစားမယ့် အသွင်ရှိပါတယ်။”

“ဒါပေမယ့် မြန်မာ့တပ်မတော်ရဲ့ အနာဂတ် နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို ဘယ်လိုအတိုင်းအတာအထိ သူတို့ ထိန်းထားနိုင်မလဲဆိုတာက စိတ်ဝင်စားစရာ ဖြစ်ပါလိမ့်မယ်” ဟု အစီရင်ခံစာက ဆိုသည်။

အင်အားအကောင်းဆုံးမှာ ထိုင်းတပ်မတော်နှင့် ဆက်ဆံရေးက ယခင်အခါများကထက် ပိုမိုကောင်းမွန်လာခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံတကာ ခရီးစဉ် ၄၆ ကြိမ်အတွင်းတွင် ထိုင်းနိုင်ငံက သူအများဆုံး သွားရောက်ခဲ့ သည့် နိုင်ငံ ဖြစ်သည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဇွန်လ အတွင်းတွင် ၁၀ ကြိမ် သွားရောက်ခဲ့သည်။

“၁၀ ကြိမ် ထဲမှာ ချစ်ကြည်ရေး ခရီးစဉ်က ၄ ကြိမ်၊ အစည်းအဝေး တက်ရောက်ဖို့ ၃ ကြိမ်၊ ဆုတံဆိပ် လက်ခံဖို့ သွားရောက်တာ ၂ ကြိမ်နဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ပြပွဲတွေ တက်ရောက်ဖို့က တကြိမ် ပါဝင်ပါတယ်” ဟု အစီရင်ခံစာက ဆိုသည်။

ထို့ပြင် မြန်မာ ကာကွယ်ရေး ဦးစီးချုပ်ကို ထိုင်းနိုင်ငံက အမြင့်ဆုံး ဂုဏ်ထူးဆောင် ဆု ၂ ကြိမ် ချီးမြှင့်ခဲ့ရသည်။ ၂၀၁၃ ခု နှစ် တွင် ထိုင်း နှင့် မြန်မာ တပ်မတော်များကြားမှ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးခြင်းအတွက် ရာမ (၉) ထိုင်းဘုရင် မင်းမြတ် ဘူမိဘော အဒူလျာဒတ် က “The Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand” ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့သည်။

ယခုနှစ် အစောပိုင်းတွင် မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော် ကြားတွင် ကောင်းမွန်သော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးများကို တည်ဆောက်ရာတွင် အကောင်းဆုံး ပူးပေါင်းပါဝင်စွမ်းဆောင်နိုင်မှုများအား ချီးကျူးဂုဏ်ပြုသော အားဖြင့် ရာမ(၁၀) ထိုင်းဘုရင်မင်းမြတ် မဟာ ဝါဇိရလောင်ကွန်းက “မြင့်မြတ်သော ဆင်ဖြူ တော်ဝင်သူရဲကောင်း” Most Exalted Order of the White Elephant ပထမအဆင့် ဂုဏ်ပြုဘွဲ့တံဆိပ်အား Knight Grand Cross ရာထူးအဆောင်အယောင်နှင့်တကွ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က ဂုဏ်ပြုချီးမြှင့်ခဲ့ ကြောင်း ထိုင်း ဘုရင့်တပ်မတော်၏ ကြေညာချက်တစောင်တွင် ဖော်ပြခဲ့သည်။

ဆုတံဆိပ်များ အပြင် မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ထိုင်းစစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ပရင်တင်ဆူလာနွန်ဒါ က မွေးစားခဲ့သည်။ ဗိုလ်ချုပ်ကြီး ပရင်တင်ဆူလာနွန်ဒါသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကွယ်လွန်သူ ဖခင်နှင့် သိကျွမ်းသူ ဖြစ်သည်ဟု သိရပြီး သူတို့ ၂ ဦးက ခေါင်းကိုင်ဖခင်နှင့် သား ကဲ့သို့ ဆက်ဆံရေး ရှိသည်ဟု ဆိုသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် အဆင့်မြင့် စစ်ရေးဆိုင်ရာ အစည်းအဝေးများကို နှစ်စဉ် အပြန်အလှန် အိမ်ရှင်ပြုလုပ် ကျင်းပခဲ့ကြသည်။

(အင်္ဂလိပ်ဘာသာဖြင့် Snr-Gen Min Aung Hlaing Ushers in Period Of Close Ties Between Myanmar And Thai Defence Forces  တွင် ဖတ်ရှုပါ)

Your Thoughts …
Tags: ထိုင်းတပ်မတော်နိုင်ငံခြား ခရီးစဉ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.3k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
51.3k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

by ဧရာဝတီ
10 August 2024
7.6k

စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း

(အပေါ် လက်ဝဲမှ လက်ယာသို့) အာဏာရှင်ဟောင်း ဦးသန်းရွှေ, လက်ထောက်ဟောင်း ဦးမောင်အေး, (အောက်ခြေ လက်ဝဲမှ လက်ယာသို့) သမ္မတဟောင်း ဦးသိန်းစိန်, ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

by ဧရာဝတီ
19 March 2022
22.1k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

by ဧရာဝတီ
1 October 2024
5.1k

ပထဝီအနေအထားအရ အနောက်တောင် မုတ်သုန်လေနှင့် ပါလာသော မိုးကို ရခိုင်ရိုးမက ကာဆီးထားသဖြင့် မိုးရိပ်ကျ သည့် Rain Shadow Area ခြောက်သွေ့ရပ်ဝန်း ပုဂံဒေသသည် ယခင်က မိုးနည်းခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ကာလများ ကမူ မိုးသည်းထန်မှု...

Next Post

ရန်ကုုန်ထူးကဲ ဒီရေ ခန့်မှန်းတာထက် ပိုတက်ဟုု ဆိုု(ရုပ်/သံ)

ထူးကဲဒီရေတက်လို့ ဒလမြို့ပေါ် ရပ်ကွက်အချို့ ရေကြီး (ရုပ်/သံ)

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.4k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate