သတင်း

ကမ္ဘောဒီးယား အာဏာရပါတီ အများစုရ၍ အနိုင်ရကြောင်း တရားဝင်မဲရလာဒ် ပြသ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိအာဏာရပါတီသည် ယခင်လရွေးကောက်ပွဲ၏ နောက်ဆုံးမဲရလဒ် များအရ အမျိုးသား ညီလာခံအတွက် အနိုင်ရသွားခဲ့ပြီဖြစ်ပြီး ဝန်ကြီးချုပ် ဟွန်ဆန်အတွက် နောက်ထပ်သက်တမ်း တာဝန်ထမ်းဆောင်ရန် သေချာသွားခဲ့သော်လည်း မဲရလာဒ် တရားဝင်မှုအပေါ် သံသယမရှိရအောင် အားဖြည့်နေရသည်။

ကမ္ဘောဒီးယားပြည်သူ့ပါတီ(KPP)က အမျိုးသားညီ်လာခံတွင် ဇူလိုင်လ ၂၉ ရက် မဲရလဒ်များအရ နေရာပေါင်း ၁၂၅ နေရာဖြင့် အနိုင်ရရှိသွားကြောင်း အမျိုးသားရွေးကောက်ပွဲကော်မရှင်က ဗုဒ္ဒဟူးနေ့ က အတည်ပြုကြေညာခဲ့သည်။

တခုတည်းအတိုက်အခံအင်အားစုဟု ယုံကြည်ရသော ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP)သည် ယမန်နှစ်က တရားရုံးများအမိန့်အရ ဖျက်သိမ်းခံခဲ့ရပြီး ဟွန်ဆန်နှင့်ယှဉ်ပြိုင်ခဲ့သော အခြား ၁၉ ပါတီမှာလည်း အချည်းနှီးဖြစ်ခဲ့ရခြင်း(သို့မဟုတ်) ထင်ယောင်ထင်မှား ဒီမိုကရေစီ ပေးသည့် အဓိပ္ပါယ်မျိုး သက်ရောက်ခဲ့သည်။

CNRP ပါတီက မဲဆန္ဒရှင်များကို သပိတ်မှောက်ကြရန် လှုံ့ဆော်မှုရှိခဲ့သဖြင့် မဲရလာဒ်များမှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့သော် လည်း တရားဝင် မဲပေးမှုမှာ ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ဟွန်ဆန်၏ပါတီသည် မဲဆန္ဒနယ်တိုင်းတွင် စုစုပေါင်း မဲရလဒ်၏ သုံးပုံနှစ်ပုံထက်မနည်း ရရှိခဲ့သည်။

လွှတ်တော်အသစ်ကို စက်တင်ဘာလ ၅ ရက်တွင် ခေါ်ယူမည်ဖြစ်ပြီး နောက်ထပ်အစိုးရသစ်ကို စက်တင်ဘာလ ၆ ရက်တွင် ဖွဲ့စည်းရမည်ဖြစ်သည်။ ဟွန်ဆန် အာဏာရရှိခဲ့သည်မှာ ၃၃ နှစ်တိုင် ခဲ့ပြီဖြစ်ပြီး နောက်ထပ် ၅ နှစ်လည်း ထပ်မံတာဝန်ထမ်းဆောင်ခွင့် ရသွားခဲ့သည်။

မဲရလဒ်တရားဝင်ထုတ်ပြန်ကြေညာပြီးနောက် ဝန်ကြီးချုပ် ဟွန်ဆန်က “ကျနော်တို့ရဲ့နိုင်ငံသူ နိုင်ငံသားတွေဟာ ကမ္ဘောဒီယားပြည်သူ့ပါတီရဲ့မှန်ကန်တဲ့ခေါင်းဆောင်မှုကို အပြည့်အဝယုံတယ်ဆိုတာ ဒီမဲရလဒ်တွေက ပြသလိုက်ပါတယ်” ဟု ၎င်း၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ပြောဆိုရေးသားခဲ့သည်။

တိုင်းပြည်တဝန်းလုံး ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးအတွက် သူ့ပါတီကို မဲပေးကြသည့် သဘောမျိုးဆောင် ကြောင်း ၎င်းက ဖြည့်စွက်ရေးသားလွှင့်တင်သည်။

ဇူလိုင်လ ၂၉ ရက် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတကြောင်း၊ ဒီမိုကရေစီကျင့်စဉ်နှင့် ညီညွတ်ကြောင်း ဟွန်ဆန်က ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading