သတင်း

ထိုင်းတောဝက် အသင်းသားများကို ကယ်တင်သူများအတွက် ဂုဏ်ပြုပွဲ ကျင်းပမည်

ထိုင်းနိုင်ငံအစိုးရဟာ တောဝက်အသင်းသားများ ဂူထဲပိတ်မိစဉ် ကူညီခဲ့သူများကို ကျေးဇူးတင်တဲ့ အထိမ်းအမှတ်နဲ့ ဂုဏ်ပြုပွဲတခု ပြုလုပ်ပေးမယ်လို့ သိရပါတယ်။ အဆိုပါ ကျေးဇူးတင် ဂုဏ်ပြုပွဲကို စက်တင်ဘာလ ၆ ရက်နေ့၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Royal Plaza မှာ ကျင်းပမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ လခန့်က လေ့လာရေးခရီးထွက်ရင်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဒေသ၊ ထမ့်လုံဂူထဲမှာ အချိန် ၁၀ ရက်ကျော်ကြာ ပိတ်မိခဲ့တဲ့ တောဝက် ဘောလုံးအသင်းသားများကို ကယ်ဆယ်ဖို့ ကူညီပေးခဲ့သူ အယောက် ၆၀,၀၀၀ အတွက် ရည်ရွယ်ပြီး ကျင်းပပေးတဲ့ ဂုဏ်ပြုပွဲလည်း ဖြစ်ပါတယ်။

ဝန်ကြီး Suwaphan Tanyuvardhara က ဒီပွဲဟာ စက်တင်ဘာလ ၆ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ထိုင်းဘုရင်မင်းမြတ်ရဲ့ ခွင့်ပြုချက်နဲ့ Royal Plaza မှာ ကျင်းပမှာဖြစ်တယ်လို့ သြဂုတ်လ ၁၇ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

 

ထိုင်းတောဝက် အသင်းသားများကို ကယ်တင်သူများ

 

အစိုးရဟာ ကလေးများ ဂူအတွင်း ပိတ်မိမှုမှာ ကယ်တင်ဖို့ ပါဝင်ခဲ့တဲ့ ပြည်တွင်း၊ ပြည်ပမှ ပါဝင်သူအားလုံးကို ဖိတ်ကြားမှာဖြစ်ပြီး တက်ရောက်သူ ၆၁,၀၀၀ ခန့်ရှိမယ်လို့ သိရပါတယ်။ တက်ရောက်သူ အားလုံးကို ညနေစာ တည်ခင်းဧည့်ခံမယ်လို့လည်း ဆိုပါတယ်။

ဖိတ်ကြားခံရသူတွေထဲမှာ နိုင်ငံခြားသား ၃၀၀ ကျော် ပါဝင်ပြီး ထိုင်းနိုင်ငံမှာ လက်ရှိ နေထိုင်သူ နိုင်ငံခြားသားများအပြင် ပြည်ပက လာရောက်ကူညီသူများလည်း ပါဝင်ပါတယ်။ ဒီဂုဏ်ပြုကျေးဇူးတင်ပွဲအတွက် သတင်းထောက် ၈၀၀၀ ကျော်လည်း တက်ရောက် သတင်းယူမှာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်မှာ ပါရှိပါတယ်။

 

ထိုင်းတောဝက် ဘောလုံး အသင်းသားများ

 

အဆိုပါ ဂုဏ်ပြုကျေးဇူးတင်ပွဲကို ရိုးရိုးရှင်းရှင်းနဲ့ ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း အဲဒီ သတင်းစာမှာ ပါရှိပါတယ်။

အသက် ၁၁ နှစ်မှ ၁၆အတွင်း ရှိတဲ့ တောဝက် ဘောလုံးအသင်းသား ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြဆရာတို့ဟာ လေ့လာရေးခရီးထွက်ရင်း ထမ့်လုံဂူထဲမှာ ဇွန်လ ၂၃ ရက်နေ့က ပိတ်မိခဲ့တာဖြစ်ပြီး သူတို့ကို ထိုင်းအစိုးရအဖွဲ့က ပြည်တွင်း၊ ပြည်ပ အကူအညီများနဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ အားလုံးကို ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Bangkok Post တွင်ရေးသားထားသော ‘Thank you’ party on Sept 6 for Wild Boars’ saviours  သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆို ထားသည်။

ဆက်စပ် သတင်းလင့်ခ်များတောဝက်အသင်းသားများကို မယ်ဆိုင်ကျောင်းမှ ပြန်လည် ကြိုဆိုပွဲ ကျင်းပ

ထိုင်းကလေးတွေနဲ့ နည်းပြအကြောင်း ရုပ်ရှင်ရိုက်ရန် ကုမ္ပဏီ ၁၂ ခု စိတ်ဝင်စားနေ

Ref;bangkokpost.com

Loading