• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေး မဟာမုနိဘုရားကြီး ဘဏ္ဍာပစ္စည်းများ ဖောက်ထွင်းသူ မိပြီ

by ဒီလှိုင်းဝင်း
20 August 2018
in သတင်း
A A
ခေါင်မိုးကို ဖောက်ဝင်၍ အလှူခံပုံးကို ခွဲပြီး ဘဏ္ဍာများကို ခိုးယူသွားခြင်းဖြစ်သည်။  / Nyein Chan

ခေါင်မိုးကို ဖောက်ဝင်၍ အလှူခံပုံးကို ခွဲပြီး ဘဏ္ဍာများကို ခိုးယူသွားခြင်းဖြစ်သည်။ / Nyein Chan

17.2k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့၏ အထင်ကရ မဟာမုနိရုပ်ရှင်တော်မြတ်၏ ဘဏ္ဍာပစ္စည်းများ သိမ်းဆည်းသည့်အခန်း ဖောက်ထွင်းမှု တရားခံကို ဖမ်းဆီးရမိပြီကြောင်း ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ချမ်းမြသာ စည်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူ က “ကျုးလွန်သူကို မိထားပါပြီ၊ အတွင်းလူပါ၊ လုံခြုံရေးဝန်ထမ်းပါ၊ အတွင်းလူဆိုတော့ CCTV တွေ ဘယ်နားမှာ တပ်ထားတယ် ဆိုတာကို ဒီကောင်က သိတယ်၊ ကျုးလွန်တာ ဒီကောင် တယောက်ထဲပါ၊ အမှုဖွင့်အရေးယူထားပြီးပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
755
ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

14 June 2025
95
ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

14 June 2025
1.7k

မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိရုပ်ရှင်တော်မြတ်ပရဝုဏ်အတွင်းရှိ ဂေါပကရုံးခန်းနှင့်တွဲလျက်ရှိသည့် ဘုရားဘဏ္ဍာပစ္စည်းများ သိမ်းဆည်းသည့် အခန်းအား သြဂုတ်လ ၁၈ ရက် ညပိုင်းက ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါ အခန်းအတွင်းရှိ အလှူခံပုံအား ရိုက်ခွဲ၍ အလှူငွေများနှင့် ရွှေဆိုင်းများ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

မဟာမုနိရုပ်ရှင်တော်မြတ်ပရဝုဏ်အတွင်း၌ အလှူခံပုံများကို ချထားပေးပြီး အဆိုပါအလှူခံပုံများကို ဂေါပကအဖွဲ့မှ တာဝန်ရှိသူများနှင့် တပတ်လျှင် တကြိမ် သိမ်းဆည်း၍ အလှူခံပုံအတွင်းမှ အလှုငွေများအား ရေတွက်ပြီးလျှင် ဘဏ္ဍာ တိုက်အတွင်း သိမ်းဆည်းလေ့ရှိကြောင်း သိရသည်။

မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးလင်း ကလည်း “အဲဒီဖြစ်စဉ်နဲ့ ပက်သက်ပြီး ပစ္စည်းရော လူရော ဖမ်းမိပြီးပါပြီ၊ ဘုရားကြီးရဲ့ လုံခြုံရေးဝန်ထမ်း ဖြစ်ပါတယ်၊ ဖြစ်စဉ်အပေါ်ကို တော့ ဘာမှမပြောချင်တော့ပါဘူး”ဟု ပြောသည်။

ဘုရားဘဏ္ဍာပစ္စည်းများ သိမ်းဆည်းသည့်အခန်း ခေါင်းမိုးသွပ်ပြားအားလှန်၍ အခန်းအတွင်းသိမ်းဆည်းထားသည့် ဘုရားကြီး ရှေ့တွင်ထားသော အလှူခံပုံးမှန်အား ခွဲ၍ အတွင်းရှိ ရွှေဆိုင်းများနှင့် အလှူငွေ တန်ဖိုး သိန်းပေါင်း ၅၀ ကျော်ကို ခိုးယူသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရဲမှူး စံသူက “သိန်း ၆၀ ကျော်ဖိုးတော့ မဟုတ်ပါဘူး၊ အလှူခံပုံတွေကို မရေတွက်ခင်မှာ ဂေါပကရုံးခန်းဘေးက စတိုခန်းမှာ ခဏထားတာ၊ အဲဒီအချိန်မှာ ဖောက်ထွင်းခံရတာပါ၊ အလှူငွေက ၃၆ သိန်းကျော်နဲ့ရွှေဆိုင်းက ၂၅ဆိုင်းနဲ့ ၄၅ ရွက်ပါ၊ ရုပ်ပွားတော် ရှေ့မှာ ထားတဲ့ အလှူခံပုံပါ၊ အမျိုးသမီးတွေက ရွှေဆိုင်းကို အပေါ်တက်ပြီး ကပ်လှူခွင့်မရှိတော့ အဲဒီအလှူခံပုံးထဲမှာ ထည့်ခဲ့ကြတယ်၊ အလှူငွေနဲ့ ရွှေဆိုင်းနဲ့ ရောထားတဲ့ အလှုူခံပုံးကို မရေတွက်ခင်မှာ ခဏထားတဲ့အချိန်မှာ ဖြစ်သွားခဲ့တာပါ” ဟု ပြောသည်။

အဆိုပါ ဖောက်ထွင်းမှုကို ၁၉ ရက်နေ့ နံနက်ပိုင်းမှ ဂေါပကအဖွဲ့မှ သိရှိခဲ့ရသဖြင့် သက်ဆိုင်ရာရဲစခန်းသို့ အကြောင်း ကြားခဲ့ရာ ပြစ်မှုကျုးလွန်သူကို နေ့ချင်း ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဖောက်ထွင်းမှု ကျူးလွန်သူမှာ မဟာမုနိဘုရားကြီးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် အသက် ၂၂ နှစ်အရွယ် ကျော်ဇေယျ ဆိုသူဖြစ်ပြီး အလှူခံပုံအား ရိုက်ခွဲ၍ ခိုးယူသွားသည့် ငွေသား ကျပ် ၃၆၉၄၈၀၀၊ ရွှေဆိုင်း ၂၅ ဆိုင်း ၄၅ ရွက် (၂၅၄၅ရွက်) နှင့် အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဖောက်ထွင်းမှု ကျူးလွန်သူ ကျော်ဇေယျကို (ပ) ၃၅၆/၂၀၁၈၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆-၁ ဖြင့် ချမ်းမြသာစည်မြို့နယ် အမှတ်၁၀ မြို့မရဲ့စခန်းတွင် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

မဟာမုနိရုပ်ရှင်တော်မြတ် ပရဝုဏ်အတွင်း၌ CCTV များနှင့် လုံခြုံရေးအင်အားအပြည့်ဖြင့် ဆောင်ရွက်ထားသော်လည်း ယခု ဖြစ်စဉ် ဖြစ်သွားခဲ့သည့်နေရာ၌ CCTV တပ်ဆင်ထားခြင်းမရှိကြောင်း၊ CCTV များကို အများနှင့်သက်ဆိုင်သည့် နေရာများ၌ သာ အများဆုံး တပ်ဆင်ထားပြီး ၂၄ နာရီအချိန်ပြည့် စောင့်ကြည့်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်ဖြစ်သွားခဲ့သည့်အပေါ် ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။

၂၀၁၇ ခုနှစ်အတွင်းကလည်း မဟာမုနိဘုရားကြီး၏ ရုပ်ပွားတော်မှ ရွှေချကပ်လှူပူဇော်ဟန်ဆောင်၍ ရွှေများခွာယူ ခိုးနေမှု ဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီရမိခဲ့သည်။

Your Thoughts …
Tags: မဟာမုနိဘုရားကြီး
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

No Content Available
Next Post
ကချင်စစ်ဘေးရှောင်များ / hkun Aung Labang

ပြည်သူ့ ချွေးနှဲစာများ နှင့် ပြည်တွင်းစစ်

ကြိုဆိုပါ၏

ကြိုဆိုပါ၏

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate