သတင်း

မြန်မာ့ အကူးအပြောင်း စိန်ခေါ်ချက်များ စင်ကာပူတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်

Want create site? Find Free WordPress Themes and plugins.

စင်ကာပူသို့ ၄ ရက်ကြာ ရောက်ရှိနေသည့် ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော အရပ်သား အစိုးရ၏ အောင်မြင်မှုများကို သုံးသပ်တင်ပြပြီး မြန်မာနိုင်ငံ လက်ရှိ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မနက်ဖြန် အင်္ဂါနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် Grand Hyatt ဟိုတယ်တွင် ၄၃ ကြိမ်မြောက် Singapore Lecture စင်္ကာပူ ဆွေးနွေးမှုအဖြစ် မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းကာလ စိန်ခေါ်မှုများနှင့် ရှေ့ဆက်ရမည့် ခရီးလမ်း ဟု ခေါင်းစဉ်ပေး ဟောပြောမည် ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြားချက်အရ သြဂုတ်လ ၁၉ ရက် တနင်္ဂနွေနေ့တွင် စင်္ကာပူ နိုင်ငံသို့ လေးရက်ကြာ အလုပ်သဘော ခရီးစဉ်ကို စတင်ခဲ့သည်။

စင်္ကာပူနှင့် မြန်မာနိုင်ငံအကြား မကြာသေးမီနှစ်များအတွင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုများပြားလာစဉ် ဒေါ်အောင်ဆန်းစုကြည်သည် စင်္ကာပူနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်ကို ယခုနှစ်ကုန်တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် သွားရောက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအိမ်တော် သို့ သြဂုတ်လ ၂၁ ရက်နေ့တွင် သွားရောက်ပြီး သမ္မတ ဟာလီမာ ယာကော့နှင့် ဝန်ကြီးချုပ် လီရှန်လွန်း တို့နှင့်တွေ့ဆုံမည်ဖြစ်ပြီး ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေ့လည်စာတည်ခင်းမည်ဖြစ်သည်။

ဝါရင့် ဂုဏ်ထူးဆောင် ဝန်ကြီး ဂိုချုပ်တောင်၊ ဒုတိယ ဝန်ကြီးချုပ် တီအို ချီ ဟီးန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန် တို့နှင့်လည်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်ဟု စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။

ယနေ့ သြဂုတ်လ ၂၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် လီကွန်ယူ ပြည်သူ့ရေးရာမူဝါဒ သင်တန်းကျောင်းတွင် ဂိုချုပ်တောင်နှင့် တွေ့ဆုံမည်ဖြစ်သည်။ ထိုသင်တန်းကျောင်းတွင် ဂိုချုပ်တောင်သည် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ အဖြစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံသည် အရာရှိများကို ထိုသင်တန်းကျောင်းသို့ထပ်မံ စေလွတ်ရန် စိတ်ဝင်စားနေကြောင်း စင်ကာပူမှ လာသော သတင်းများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ပြည်ထောင်စု အစိုးရရုံးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နှင့် သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦး မင်းသူတို့လိုက်ပါသွားကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ်အစောပိုင်းက လီရှန်လွန်း၏ မြန်မာနိုင်ငံခရီးစဉ်အတွက် အပြန်အလှန် လည်ပတ်သည့်အနေဖြင့် ထိုနှစ် နိုဝင်ဘာလက စင်္ကာပူနိုင်ငံသို့ နောက်ဆုံးသွားရောက်ခဲ့သည်။ လီရှန်လွန်း၏ ထိုခရီးစဉ်သည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ အာဏာရပြီးနောက် အစိုးရ အကြီးအကဲတဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

ထိုနှစ်သည် မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ်ငါးဆယ်ပြည့်နှစ်ဖြစ်ပြီး နှစ်နိုင်ငံအကြား ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင်းကို စတင်အကောင်အထည်ဖေါ်သည် နှစ်ဖြစ်သည်။ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု စာချုပ်နှင့်ပတ်သက်ပြီး ဆွေးနွေးမည်ဟု လည်း ထိုနှစ်တွင်ပင်ကြေညာခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading