• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လွတ်မည်ဟု ယုံကြည်ကြောင်း Reuters သတင်းထောက်ပြော

by ထွန်းထွန်း
20 August 2018
in သတင်း
A A
၂၀၁၈ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ ရုံးထုတ်တွင် တွေ့ရသော ကိုဝလုံး  / မျိုးမင်းစိုး / ဧရာဝတီ

၂၀၁၈ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ ရုံးထုတ်တွင် တွေ့ရသော ကိုဝလုံး / မျိုးမင်းစိုး / ဧရာဝတီ

19.3k
VIEWS
Share on FacebookShare on Twitter

နိုင်ငံလျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲခံရမှုတွင် တရားလို၏ စွပ်စွဲချက်များမှာ အခြေအမြစ်မရှိသဖြင့် ရုံးတော် မှ လွတ်ပေးမည်ဟု အခိုင်အမာ ယုံကြည်ထားကြောင်း Reuters သတင်းထောက် ကိုဝလုံးက ယနေ့သြဂုတ် ၂၀ ရုံးချိန်းအပြီးတွင် ပြောသည်။

ယနေ့တရားခွင်တွင် Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ရခိုင်အရေး လျှို့ဝှက်စာရွက် စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(ဂ) ဖြင့် တရားစွဲဆိုထားမှုကို နှစ်ဖက် ရှေ့နေများက အပြန်အလှန် လျှောက်လှဲချက်များ ပေးခဲ့ခြင်းဖြစ်သည်။

RelatedPosts

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

14 May 2025
15
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
155
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
969

ကိုဝလုံး က “တရားလိုဘက်က စွပ်စွဲချက်တွေဟာ ဘာမှကို အခြေအမြစ်မရှိဘူးလို့ ကျနော်ပြောချင်ပါတယ်။ သတင်းသမားတွေ လုပ်ရမယ့် တာဝန်တွေ၊ ဝတ္တရားတွေကိုလည်း သူတို့ဘာမှနားလည်ခြင်း မရှိဘူး၊ စွပ်စွဲချက်က ဘာမှကိုအခြေအမြစ် မရှိတဲ့ အတွက် ကျနော်တို့မှာ ဘာမှကို အပြစ်မရှိပါဘူး၊ အဲ့တော့ မကြာခင်မှာ ကျနော့်သမီးလေးဆီကို ပြန်သွား နိုင်တော့မယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်” ဟု ပြောသည်။

ယနေ့အပြီးသတ် လျှောက်လှဲချက်များအပြီး လာမည့် သြဂုတ် ၂၇ ရက်နေ့ ရုံးချိန်းတွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့အပေါ် မြောက်ပိုင်းခရိုင် တရားရုံးက အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်းကြေညာခဲ့သည်။

တရားခွင်အတွင်း အပြန်အလှန် လျှောက်လှဲရာတွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ လက်ကိုင်ဖုန်းများအတွင်းမှ လုံခြုံရေး အဆင့် သတ်မှတ်ထားသည့် စာရွက်စာတမ်းများ တွေ့ရသည့်အတွက် နိုင်ငံရဲ့လုံခြုံရေး ကျိုးပေါက်ကြောင်း မှတ်ယူနိုင်ပြီး စာရွက်စာတမ်းများမှာ သတင်းထောက်များနှင့် လုံးဝသက်ဆိုင်မှု မရှိသည်ကို တွေ့ရသည့်အတွက် ၎င်းတို့အား ပြစ်မှုထင်ရှား စီရင်သည့် အမိန့်တရပ်ချမှတ်ပေးဖို့ တရားလိုအစိုးရရှေ့နေကလျှောက်ထားသည်။

Reuters ၏ ရှေ့နေဘက်မှ သတင်းထောက် ၂ ဦးထံက တွေ့ရသည့် စာရွက်စာတမ်းမှာ အများပြည်သူ သိရှိပြီးဖြစ်သကဲ့သို့ သတင်းထောက် ၂ ဦးမှာ ထောင်ချောက်ဆင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းနှင့် အမှုတွဲ ပေါ်ပေါက်ချက်များ အရလည်း အပြစ်ရှိကြောင်း သက်သေထင်ရှားမပြနိုင်သည့်အတွက် လွတ်ပေးသင့်ကြောင်းလျှောက်လှဲခဲ့သည်။

Reuters သတင်းထောက် ကိုကျော်စိုးဦး က “ကျနော်တို့မှု အနေအထားက မြန်မာနိုင်ငံ ရဲတရားဥပဒေ စိုးမိုးရေးနဲ့ မြန်မာနိုင်ငံရဲ့ မီဒီယာ လွတ်လပ်ရေးတို့အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို တရားသူကြီးအနေနဲ့ ချလာနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ကျနော်တို့က စတင်ဖမ်းဆီးခံရကတည်းက ခံစားခဲ့ရတာပါ၊ အခုမှမဟုတ်ပါဘူး၊ ကျနော်တို့က သတင်းမီဒီယာကျင့်ဝတ် အတိုင်းပဲ လုပ်ဆောင်ခဲ့တာပါ” ဟု တရားရုံးမှ အပြန်တွင်ပြောသည်။

Reuters သတင်းထောက် ၂ ဦးအနေဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးခံရခြင်းကို တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်က တရားခွင်တွင် ဖွင့်ချထွက်ဆိုထားသည်။ ယင်းသို့ထွက်ဆိုပြီး ရက်ပိုင်းတွင်ပင် ဒုရဲမှူးမိုးရန်နိုင်မှာ မူလစွဲဆိုခံထားရသည့် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေဖြင့် ထောင်တနှစ်ချမှတ်ခံခဲ့ရသည်။

ဒုရဲမှူးမိုးရန်နိုင်၏ ထွက်ဆိုချက်အပေါ် Reuters ရှေ့နေက ထောက်ပြလျှောက်လှဲခဲ့ပြီး သတင်းထောက်များ အနေဖြင့် ဖမ်းဆီးခံရချိန်တွင် ၃ ရက်ဆက် အိပ်စက်ရခြင်း မရှိဘဲ ဒူးထောက်ခိုင်းကာ စစ်ဆေးမှုများ ခံခဲ့ရကြောင်း ကာယကံရှင်များက ပြောဆိုထားသည်။

တရားလိုအစိုးရ ရှေ့နေကတော့ ဒုရဲမှူးမိုးရန်နိုင်သည် တရားရုံးတွင် မယုံကြည်ထိုက်သည့် သက်သေအဖြစ် လျှောက်ထားခံရသူ ဖြစ်သည့် အတွက် ၎င်း၏ထွက်ဆိုချက်များသည် စိတ်ချယုံကြည်နိုင်လောက်သည့် သက်သေထွက်ဆိုချက်များ မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာ အနီး လူသတ်မှုဖြစ်စဉ်အား သတင်း စုံစမ်းနေစဉ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင်တခုတွင် အမှတ် ၈ လုံခြုံရေး ရဲတပ်ခွဲမှ ဒုတပ်ကြပ် နိုင်လင်းဆိုသူနှင့် တွေ့ဆုံပြီးအပြန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရစဉ် ၎င်းတို့ထံမှ လက်ဝယ်တွေ့ရှိသည်ဆိုသည့် စာရွက်စာတမ်းမှာလည်း ဒုတပ်ကြပ် နိုင်လင်းက ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက် ၂ ဦးက ထွက်ဆိုထားသော်လည်း နိုင်လင်းမှ မိမိအနေဖြင့် သတင်းထောက် ၂ ဦးအား မည်သည့် စာရွက်စာတမ်းမှ မပေးခဲ့ကြောင်း ပြန်လည်း ငြင်းချက်ထုတ် ထွက်ဆိုထားသည်။

ထောင်ချောက်ဆင် ဖမ်းဆီးကြောင်း ထွက်ဆိုခဲ့သည့် ဒုရဲမှူးမိုးရန်နိုင်ကတော့ သတင်းထောက်နှစ်ဦးထံသို့ ဒုတပ်ကြပ် နိုင်လင်းအား စာရွက်စာတမ်းများ သွားရောက်ပေးအပ်စေကာ ဖမ်းဆီးရန်အတွက် ရဲမှူးချုပ် တင်ကိုကိုက စေခိုင်းခြင်းဖြစ်ကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။

ဖမ်းဆီးခြင်းမခံရမီ Reuters သတင်းထောက် ၂ ဦးဖော်ထုတ်ခဲ့သည့် အင်းဒင်ကျေးရွာ အနီး လူသတ်မှုတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ခဲ့ကြောင်း တပ်မတော်က ဝန်ခံခဲ့ပြီး ပါဝင်ပတ်သက်ခဲ့သည့် အရာရှိ စစ်သည် ၇ ဦးအားထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့သည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အမြန်ဆုံးပြန်လွတ်ပေးရန် တောင်းဆိုခဲ့ကြပြီး အမှုစစ်ဆေးသည့် ရုံးချိန်းတိုင်းတွင်လည်း သံရုံးတာဝန်ရှိများက လာရောက်ခဲ့ကြသည်။

နိုင်ငံတော်၏ အကျိုးစီးပွားနှင့် ပတ်သက်၍ ယုတ်လျော့အောင် ပြုလုပ်ခဲ့ခြင်းမရှိကြောင်း၊ သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ အမှန်တရား ဖော်ထုတ်ခဲ့ခြင်းသာ ဖြစ်ပြီး ယခုအမှု၏ ဆုံးဖြတ်ချက်သည် သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ကဗျည်းတင်မည့် ဆုံးဖြတ်ချက်တခု ဖြစ်လာမည်ဖြစ်ကြောင်း ကိုဝလုံးက ပြောဆိုခဲ့သည်။

Your Thoughts …
Tags: Reuters သတင်းထောက်အမှု
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ရခိုင်မြောက်ပိုင်းသို့ တပ်မ ၃၃ တပ်ဖွဲ့ဝင်များကို ယမန်နှစ်က ရွှေ့ပြောင်းချထားစဉ် / Myanmar Pressphoto Agency

တပ်မတော် အရာရှိများကို အမေရိကန် ပိတ်ဆို့အရေးယူ

သရုပ်ဆောင် ရွှေမှုံရတီနဲ့ အဆိုတော် ရွှေထူး / Shwe Htoo & Shwe Mhone Yati's Facebook

"သဲ ဘယ်လောက်အထိ ပွင့်လင်းတယ်ဆိုတာ ပရိသတ် အသိဆုံးပါပဲ"

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate