• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နေပြည်တော်တွင် တပ်သိမ်းမြေ ၇၅ ဧက ပြန်လည်စွန့်လွှတ်

by ကျော်မျိုး
20 August 2018
in သတင်း
A A
တပ်ပိုင်မြေ သတ်မှတ်ထားသည့် နေရာ တခု  / ဧရာဝတီ

တပ်ပိုင်မြေ သတ်မှတ်ထားသည့် နေရာ တခု / ဧရာဝတီ

7.3k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမှတ် (ဂ) လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းပိုင်မြေအဖြစ်မှ ပြန်လည်စွန့်လွှတ်ခဲ့သည့် တပ်သိမ်းမြေ ၁၈၆ ဧကအနက် ၇၅ ဧကကို ဒေသခံတောင်သူများထံ သြဂုတ်လ ၂၀ရက်က ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာတွင် အခမ်းအနားဖြင့် ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

၂၀၀၃-၂၀၀၄ခုနှစ်တွင် တပ်မြေနေရာအတွက် ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူခဲ့သည့် မြေ ၅၅၆ ဧကအနက် စီမံကိန်းအကောင်အထည်မဖော်ဖြစ်သည့် မြေ ၁၈၆ကို ပြန်လည်စွန့်လွှတ်ခဲ့သည့်အပေါ် မူလတောင်သူများထံ ယာယီလုပ်ပိုင်ခွင့်လက်မှတ်ကို လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က ပြောသည်။

RelatedPosts

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

13 May 2025
31
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
652
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

13 May 2025
743

“ ဒီနေ့ကာလမှာကျတော့ အစိုးရရဲ့ မူဝါဒနဲ့အညီ သိမ်းဆည်းစဉ်ကာလက စီမံကိန်း အကောင်အထည်ဖော်ခြင်းမရှိတဲ့ နေရာတွေကို ပြန်လည်စစ်ဆေးဖို့အတွက် တောင်သူတွေရဲ့ တင်ပြစာအရ စိစစ်တဲ့ အခြေအနေမှာ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း စီမံကိန်းမှာ မပါတဲ့မြေတွေကို ပြန်လည်စွန့်လွှတ်ပေးတာပါ” ဟု ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က ပြောသည်။

လယ်ယာမြေ ၇၅ ဒသမ ၀၄ ဧကကို မူလစိုက်ပျိုးသူ တောင်သူ ၂၇ ဦးထံ ပြန်လည်ပေးအပ်ရာတွင် ကနဦးအနေဖြင့် လယ်ယာမြေယာယီလုပ်ပိုင်ခွင့် ပုံစံ ၃ကို ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ၆ လ အတွင်း လယ်ယာမြေဥပဒေနှင့်အညီ ပုံစံ (၇) ဆက်လက်ထုတ်ပေးသွားမည်ဟု ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ဆိုသည်။

ထို့အပြင် ကျန်ရှိသည့်မြေဧကများအနက် ဒေသခံကျေးရွာပိုင်ကျွန်းစိုက်ခင်း ၁ ဒသမ ၈၄ ဧကကိုလည်း မူလအတိုင်းဆက်လက်ထားရှိမည်ဖြစ်ကြောင်း ၊ စိုက်ပျိုုးနိုင်သော မြေလွတ်မြေရိုင်းက ဧက ၃၀ ကျော်ကို မြေလွတ်မြေလပ်မြေရိုင်းဥပဒေနှင့် အညီ ဒေသခံတောင်သူလယ်သမားများ စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြေဧက ၇၀ ကျော်ကို ကျေးရွာတိုးချဲ့ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ကျန်တဲ့ဧကတွေမှာ ၇၃ ဧကကိုတော့ တောင်ညိုအုပ်စု ကျောင်းစု ကျေးရွာက ပြန်လည် တိုးချဲ့ရမယ့်အနေအထားတွေ ဖြစ်တယ်။ ဒေသခံပြည်သူတွေ နေထိုင်ဖို့ ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း လမ်းအဖြစ် အများပြည်သူဆိုင်ရာအသုံးပြုရန်အတွက် ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်”ဟု ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောသည်။

ဥတ္တရသီရိမြို့နယ်၊ တောင်ညိုအုပ်စု၊ ပြည်တော်လင်းကျေးရွာမှ ကိုအောင်ကျော်မင်းက သိမ်းဆည်းခံရသည့် လယ်ယာမြေ ၂၀ဧကခန့်မှ ၃ဧကကျော်ကို ယခုကဲ့သို့ ပြန်လည်ရရှိခဲ့သည့်အတွက် ၎င်းအနေဖြင့် ဝမ်းသာကြောင်း၊ သို့ရာတွင် စီမံကိန်းအကောင်အထည်ဖော်သည့်အတွက် ပြန်လည်စွန့်လွှတ်နိုင်ခြင်းမရှိသော မြေများအတွက် မူလပိုင်ဆိုင်သူတောင်သူများက လုပ်ကိုင်စားရန်နှင့် နေထိုင်ရန်အတွက် မြေ အစားပေးမည်ကို မျှော်လင့်နေကြောင်း ပြောကြားသည်။

“သူတို့တွေရဲ့ အသံကတော့ တချို့တွေက ဝိုင်းခြံမြေ ရမလား မျှော်လင့်နေကြတယ်။ အခုက( ပြန်ပေးတာက) သိမ်းထားတဲ့ ၃၇၀ ကလွတ်တာကိုမှ ရကြတာကိုး။ အတွင်းထဲမှာ ပါသွားတဲ့သူတွေက ဝိုင်းခြံမြေအဖြစ် ရမယ်။ ဒီလိုပဲ သိရှိထားကြတာ” ဟု ပြောကြားသည်။

၂၀၀၂ -၂၀၀၃ ခုနှစ်ကာလအတွင်း အမှတ် (၈)လေကြောင်းရန် ကာကွယ်ရေးအလုပ်ရုံ တပ်အတွက် ကာကွယ်ရေးနှင့် လုံခြုံရေးအရ စိုက်ပျိုးနိုင်သော မြေလတ် ၁၆၇ ဧက ၊ စိုက်ပျိုးနိုင်သော မြေလွတ်မြေရိုင်းက ၂၂၇ ဧကနှင့် သစ်တောမြေက ၁၆၂ ဧက စုစုပေါင်း ၅၅၆ ဧကကို တပ်ပိုင်မြေအဖြစ် ရယူခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောသည်။

ယင်းသို့ သိမ်းယူခြင်းနှင့် ပတ်သက်ပြီး ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ဒေသခံတောင်သူ ဦးတင်မောင်ဦးက မြေအသုံးချမှုစီမံခန့်ခွဲမှုကော်မတီ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီအဆင့်ဆင့်သို့ တင်ပြပြီး အဆင့်ဆင့် စိစစ်ဆောင်ရွက်ချက်အရ ၁၈၆ဧကကို အသုံးပြုရန်မလိုသည့်အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: တပ်သိမ်းမြေ
ကျော်မျိုး

ကျော်မျိုး

ဧရာဝတီ

Similar Picks:

မြောင်းမြမြို့ မြေသိမ်းခံ လယ်သမားများ၏ သတင်းစာရှင်းလင်းပွဲ / ဆလိုင်းသန့်စင် / ဧရာဝတီ

တပ်သိမ်းမြေများ ပြန်လည်ရရှိရေး မြောင်းမြလယ်သမားများ တောင်းဆို

by ဆလိုင်းသန့်စင်
14 June 2017
10.8k

ဧရာဝတီတိုင်းဒေသကြီးတွင် စီမံကိန်းအမျိုးမျိုးအကြောင်းပြု၍ စစ်တပ်၊ ဌာနဆိုင်ရာ၊ ကုမ္ပဏီများနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများ သိမ်းဆည်းခဲ့သည့် မြေဧကပေါင်း ၂ သိန်းကျော်ရှိသည်။

တပ်ပိုင်မြေ သတ်မှတ်ထားသည့် နေရာ တခု / ဧရာဝတီ

ရန်ကုန်ရှိ တပ်သိမ်းမြေများ ပိုင်ရှင်ထံ ပြန်မရောက်သည့်ကိစ္စ ကြံ့ခိုင်ရေးအမတ် မေးခွန်းထုတ်

by မိုးမိုး
20 November 2019
10k

ရန်ကုန်တိုင်းအတွင်းရှိ တပ်သိမ်းမြေများကို ပြန်လည် စွန့်လွှတ် အပ်နှံခဲ့သော်လည်း မူလပိုင်ရှင်များထံသို့ ပြန်မရောက် သည့်အပေါ် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးမောင်မြင့်က မေးခွန်း...

အောက်တိုဘာလ ၁၁ ရက်နေ့က တပ်သိမ်းမြေ ပြန်လည် ပေးအပ်သည့် အခမ်းအနား  / သမ္မတရုံး

ရခိုင်ပြည်နယ်ရှိ တပ်သိမ်းမြေ ဧက ၃၀၀ ကျော်ကို ပြန်ပေး

by ထက်နိုင်ဇော်
12 October 2018
6.3k

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် တပ်ရိက္ခာ ဖူလုံရေး အကြောင်းပြချက်ဖြင့် သိမ်းယူထားသည့် မြေဧက ၃၀၀.၁၈ ဧကကို မူလပိုင်ရှင် များထံသို့ နိုင်ငံတော် အစိုးရမှ တဆင့် တပ်မတော်က ပြန်လည် ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီးမောဆိုမြို့နယ်အတွင်း တောင်သူများလုပ်ကိုင်လျက်ရှိသည့် စိုက်ခင်းတခု / ဧရာဝတီ

ကယားတွင် တပ်သိမ်းမြေကို ဖျက်ဆီးသည်ဟုဆိုကာ တောင်သူ ၉ ဦး ဖမ်းဆီးခံရ

by ထက်ခေါင်လင်း
29 August 2019
8k

ယခုလအတွင်း ဖမ်းဆီးခံထားရသူများမှာ လွိုင်ကော်မြို့နယ်၊ ဒေါမူကလားရွာမှ ၁ ဦး၊ ၃ မိုင်မကြဲရွာမှ ၁ ဦး၊ မြေနီကုန်းရွာမှ ၁ ဦးနှင့် ဒီးမောဆိုမြို့နယ်၊ ဒေါဆိုရှေ့ရွာမှ ၆ ဦးတို့ ဖြစ်ပြီး ၁၂ ဦးမှာ...

တပ်ပိုင်မြေ သတ်မှတ်ထားသည့် နေရာ တခု / ဧရာဝတီ

ရှမ်းပြည်နယ်ရှိ တပ်သိမ်းမြေတချို့ ပြန်မပေးနိုင်ကြောင်း ကာကွယ်ရေး ဒုဝန်ကြီး ပြော

by ထက်နိုင်ဇော်
13 March 2018
5.3k

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်အတွင်းရှိ မြေတချိုနှင့် ပတ်သက်၍ တပ်ပိုင်မြေအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန၏ မြေပေးမိန့် ရရှိထားသဖြင့် ယင်းမြေများကို ပြန်လည် စွန့်လွှတ်မည် မဟုတ်ကြောင်း

Next Post
အပြီးသတ်လျှောက်လဲချက်အပြီး Reuters သတင်းထောက်တွေ ဘာပြောခဲ့လဲ (ရုပ်/သံ)

အပြီးသတ်လျှောက်လဲချက်အပြီး Reuters သတင်းထောက်တွေ ဘာပြောခဲ့လဲ (ရုပ်/သံ)

ဟိုင်းကြီးကျွန်းမြို့ မြတ်မော်တင်စွန်း ကမ်းခြေတွင် တွေ့ရှိရသည့် သေဆုံးနေသော ဝေလငါး / MOI

ဟိုင်းကြီးကျွန်းအနီး ဝေလငါးသေတကောင် တွေ့ရှိ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate