• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်မြို့၌ စက်တင်ဘာလ အတွင်း ထူးကဲဒီရေ တက်ဦးမည်

by သဇင်လှိုင်
21 August 2018
in သတင်း
A A
သြဂုတ်လအတွင်း ထူးကဲဒီရေ တက်မှုကြောင့် ရန်ကုန်မြို့တွင်း ရေကြီးရေလျှံ ဖြစ်မှုမြင်တွေ့ရစဉ်  / မျိုးမင်းစိုး / ဧရာဝတီ

သြဂုတ်လအတွင်း ထူးကဲဒီရေ တက်မှုကြောင့် ရန်ကုန်မြို့တွင်း ရေကြီးရေလျှံ ဖြစ်မှုမြင်တွေ့ရစဉ် / မျိုးမင်းစိုး / ဧရာဝတီ

11.8k
VIEWS
Share on FacebookShare on Twitter

လာမည့် စက်တင်ဘာလတွင် ရန်ကုန်မြို့၌ ထူးကဲဒီရေ တက်မည့် အခြေအနေရှိသေးကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အဖွဲ့က သိရသည်။
စက်တင်ဘာတွင် တက်မည့် ထူးကဲဒီရေသည် ၂၁ ဒသမ ၄ ပေ အထိ အများဆုံးဖြစ်ပြီး ယခုလတက်ခဲ့သည့် ပမာဏ အောက် အနည်းငယ်သာ လျော့သည့် အခြေအနေရှိကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ အင်ဂျင်နီယာဌာန တိုင်း တာရေး ဌာနခွဲ ဌာနမှူး ဦးဝေဇွန်အောင် က ဧရာဝတီသို့ ပြောသည်။

ထူးကဲဒီရေ တက်လာနိုင်သည့် ၂၁ ဒသမ ၄ ပေနှင့် မိုးရွာခြင်း၊ မြစ်ရေ မြင့်တက်လာခြင်းတို့ကြောင့် တက်လာမည့် ရေပမာ ဏကို ပေါင်းလိုက်ပါက ရန်ကုန်မြို့တွင် ၂၃ ပေ အထိ ရေမြင့်တက်နိုင်မည် ဖြစ်ကြောင်း၊ ယင်း ထူးကဲဒီရေ မြင့်တက်မှု ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အဖွဲ့ က ခန့်မှန်းထားသည်။

RelatedPosts

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
2
ချင်းမိုင်မြို့ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့အဖြစ် သတ်မှတ်

ချင်းမိုင်မြို့ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့အဖြစ် သတ်မှတ်

20 July 2025
48
မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
153

ဦးဝေဇွန်အောင်က“၉ လပိုင်းကို တွက်ထားတာ Seasonal correction က ၈ လပိုင်းနဲ့ အတူတူပဲ။ ၉ လပိုင်းထဲမှာ ဆိုရင် ၂၁ ဒသမ ၄ ပေပေါ့။ ၈ လပိုင်းထဲမှာက၂၁ ဒသမ ၅ ပေ။ အဲဒီတော့ ဒီရေတက်တာကတော့ သိပ်မကွာဘူး။ ခန့်မှန်းထားတဲ့ အတိုင်းဆို ၂၃ ပေ လောက်ကတော့ ရောက်ဦးမှာပဲ ကျနော်တို့ ခန့်မှန်းပါတယ်”ဟု ဆိုသည်။

သြဂုတ်လ ၁၃ ရက်မှ ၁၆ ရက် အထိ ရန်ကုန်မြို့တွင် ထူးကဲဒီရေ ၂၁ ဒသမ ၅ ပေ အထိ မြင့်တက်ခဲ့ပြီး မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်လာမှုကြောင့် မြေပြင်တွင်၂၄ ဒသမ ၁ပေ အထိ ရောက်ရှိခဲ့ကာ ရပ်ကွက် တချို့ ရေဝင်၍ ရေကြီးရေလျှံ မှုများ ဖြစ်ပွားခဲ့သည်။

ဆက်လက်ပြီး ဦးဝေဇွန်အောင်က “၉ လပိုင်းမှာ မိုးရွာသွန်းမှုနဲ့ မြန်မာပြည် အထက်ပိုင်းက မြစ်ရေကြီးမှုတွေ လျော့သွား တယ်ဆိုရင်တော့ ဒီလလောက်ထိ မရောက်လာနိုင်ဘူးပေါ့။ ၂၃ ပေလောက်နဲ့ ရပ်သွားမယ်လို့ ခန့်မှန်းပါတယ်” ဟု ပြော သည်။

စက်တင်ဘာလသည် ဇူလိုင်လနှင့် သြဂုတ်လထက် မိုးမများသော်လည်း ဒီရေတက်သည့် ရက်များတွင် မိုးများပါက ထူးကဲ ဒီရေ မြင့်တက်မှု ရှိလာမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) ကလည်း ခန့်မှန်း ထား သည်။

မိုး/ဇလမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “ရှေ့လ တလလုံးနဲ့ ခြုံကြည့်ရင် ဇူလိုင်၊ သြဂုတ်လလောက်တော့ မိုးမများ တော့ဘူး။ တချို့ရက်တွေကတော့ နည်းနည်းလေး မိုးများမှာပေါ့။ ထူးကဲဒီရေကလည်း လပြည့်လကွယ်မှာ တက်တာဆို တော့ အဲဒီရက်တွေ မိုးများတဲ့ အချိန်နဲ့ တိုက်သွားရင်တော့ ရေများနိုင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် စက်တင်ဘာနှင့် အောက်တိုဘာလတွင် စစ်တောင်းမြစ်၊ ဒုဋ္ဌဝတီ မြစ်တို့တွင် မြစ်ရေ မြင့်တက်နိုင်ပြီး အဆိုပါ အထက်ပိုင်းမှ မြစ်ရေများကြောင့် ဧရာဝတီတိုင်း ဒေသကြီး ငဝန်မြစ်တွင်လည်း မြစ်ရေ မြင့်တက်နိုင်ကြောင်း မိုး/ဇလ က ခန့်မှန်းသည်။

ထူးကဲဒီရေ မြင့်တက်မည့် အခြေအနေနှင့် ပတ်သက်၍ ယခုနှစ်တွင် ၁၂ ကြိမ်ထုတ်ပြန်ပေးသွားမည် ဖြစ်ပြီး သြဂုတ်လ အထိ ၅ ကြိမ် ထုတ်ပြန်ပေးပြီး ဖြစ်ကာ ကျန်ရှိနေသည့် ၇ ကြိမ်ကို နိုဝင်ဘာလ အထိ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

Your Thoughts …
Tags: ရန်ကုန် ထူးကဲဒီရေတက်မည်
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ပြင်သစ်နိုင်ငံက ကုန်ကြမ်းတွေကို အသုံးပြုထားတဲ့ Bingo အချိုရည်(ရုပ်/သံ)

ပြင်သစ်နိုင်ငံက ကုန်ကြမ်းတွေကို အသုံးပြုထားတဲ့ Bingo အချိုရည်(ရုပ်/သံ)

မြန်မာပြည်အနှံ့ ခြေဆန့်လိုက်ပြီဖြစ်တဲ့ BINGO အချိုရည် (ရုပ်/သံ)

မြန်မာပြည်အနှံ့ ခြေဆန့်လိုက်ပြီဖြစ်တဲ့ BINGO အချိုရည် (ရုပ်/သံ)

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
4.9k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

5 days ago
4.8k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate