• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဝန်ကြီးဟောင်းများ၏ မြေဧက ၉၀၀ ကျော် စိစစ်မည်

by ထက်နိုင်ဇော်
22 August 2018
in သတင်း
A A
သြဂုတ်လ ၁၅ ရက်က နေပြည်တော်ရှိ သရက်ခြံများကို တာဝန်ရှိသူတချို့ သွားရောက် ကြည့်ရှုစဉ်  / ဥတ္တရသီရိ မြို့နယ် လွှတ်တော် ကိုယ်စားလှယ်ရုံး

သြဂုတ်လ ၁၅ ရက်က နေပြည်တော်ရှိ သရက်ခြံများကို တာဝန်ရှိသူတချို့ သွားရောက် ကြည့်ရှုစဉ် / ဥတ္တရသီရိ မြို့နယ် လွှတ်တော် ကိုယ်စားလှယ်ရုံး

21.2k
VIEWS
Share on FacebookShare on Twitter

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာ အနီးတွင် သမ္မတဟောင်း ဦးသိန်းစိန် နှင့် ဝန်ကြီး ဟောင်းများ ရယူထားသည့် မြေဧက ၉၀၀ ကျော်နှင့် ပတ်သက်ပြီး စိစစ်ရန် စီစဉ်နေကြောင်း သတင်းရသည်။

ယင်းမြေများသည် သရက်ခြံဇုန် စီမံကိန်းများ အတွက် ရယူထားခြင်းဖြစ်ရာ အမှန်တကယ် အကောင်အထည် ဖော်ခြင်း ရှိ၊ မရှိကို နေပြည်တော် ကောင်စီမှ ဖွဲ့စည်းပေးထားသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ အထူးအဖွဲ့က သြဂုတ်လ ၂၃ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးမှုများ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

RelatedPosts

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

16 June 2025
2
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

16 June 2025
12
ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

16 June 2025
142

ထိုစီမံကိန်း မြေများကို ပြန်လည် စိစစ်ပေးရန် တောင်သူ ၁၆၉ ဦးက တိုင်ကြားလာသဖြင့် စိစစ်ရန် ဆောင်ရွက်ရခြင်း ဖြစ်ပြီး တွေ့ရှိချက်ကို နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ထံသို့ ပြန်လည် တင်ပြရမည် ဖြစ်ကြောင်း အထူးအဖွဲ၏ ခေါင်းဆောင် တဦး ဖြစ်သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။

“အခုက တချို့က အရမ်း Sensitive (အကဲဆတ်မှု) ဖြစ်နေကြတယ်။ ဘယ်သူ့မြေ ဘယ်သူ့မြေ ဆိုပြီးတော့ ဖြစ်နေကြ တယ်။ ကျနော်တို့က အဲဒီပုဂ္ဂိုလ်တွေရဲ့ ပညတ် (အမည်သတ်မှတ်ချက်)ကို မယူဘူး။ အဲဒီပုဂ္ဂိုလ်က စီမံကိန်း အကောင် အထည်ဖော်ခြင်း ရှိ၊ မရှိဆိုတာကိုပဲ စစ်မှာ ဖြစ်တယ်”ဟု ၎င်းက ပြောပြသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၁၁ မိုင်အနီး တည်ရှိသည့် ယခု သရက်ဇုန် စီမံကိန်း မြေနေရာ များသည် ယခင်က သစ်တော ဦးစီးဌာနအပိုင် ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အစိုးရက သစ်တောပိုင် မြေတွေကို စာရင်း တိတိကျကျ မရှိဘဲ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း ဦးမောင်မောင်ဆွေ က ပြောသည်။

ယခု ဝင်ရောက် စစ်ဆေးမည့် မြေများကို ပိုင်ဆိုင်သူများမှာ သမ္မတဟောင်း ဦးသိန်းစိန်၊ ထိုစဉ်က ဝန်ကြီးများ ဖြစ်ကြ သည့် ဘဏ္ဍာ/အခွန် ဝန်ကြီးဟောင်း ဦးလှထွန်း၊ လဝက ဒုဝန်ကြီးဟောင်း ဦးကျော်ကျော်ဝင်း၊ သမ္မတရုံး ဝန်ကြီး ဟောင်း ဦးတင်နိုင်သိန်း၊ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း၊ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးကျော်ဆန်း၊ ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ရှေ့နေချုပ်ဟောင်း ဦးအေးမောင်၊ ဗိုလ်ချုပ် ရဲအောင်၊ စမ်းရည်မွန်ကုမ္ပဏီ၊ ဦးသိန်းဆွေ (လက်ရှိ ဝန်ကြီး)တို့ အပါအဝင် ၁၆ ဦး ဖြစ်ကြောင်း တောင်သူများ၏ ကိုယ်စားလှယ် ဖြစ်သူ ဦးတင်မင်းနိုင်က ပြော သည်။

ဦးတင်မင်းနိုင်က “သမ္မတကြီးက ၂၀၄ ဧက၊ ကျန်တဲ့သူတွေက ဧက ၅၀ စီ။ သစ်တောကြိုးဝိုင်းကနေ ပယ်ဖျက်ပြီး သူတို့ ယူတုန်းကလည်း တောင်သူတွေကို လျော်ကြေး မပေးဘူး။ အဲဒီအချိန်မှာ လယ်/ဆည် ဝန်ကြီးလုပ်သွားတဲ့ ဦးမြင့်လှိုင် ကိုယ်တိုင်က မြေယူထားတာဆိုတော့ လုံးဝ ပေးခဲ့တာ မရှိဘူး။ ၂၀၁၀ ဇူလိုင်လမှာ စတင်ခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ အားလုံး ဝင်လုပ်ကြတယ်”ဟု ပြောပြသည်။

ထို့ပြင် ယခုကဲ့သို့ မြေဧက ၉၀၀ ကျော်အား အာဏာပိုင်များ၊ လုပ်ငန်းရှင်များ အတွက် သစ်တောမြေကို ပယ်ဖျက်ပေး ပြီး လုပ်ပိုင်ခွင့်များ ချထားပေးခဲ့သော်လည်း နှစ်ပေါင်းများစွာ စိုက်ပျိုးနေခဲ့သည့် တောင်သူမြေများမှာ သစ်တောနယ်ထဲ တွင် ဝင်ရောက် စိုက်ပျိုးသည်ဟု ဆိုကာ ကျူးကျော်အဖြစ် သတ်မှတ်ခံနေရကြောင်း ဒေသခံများကလည်း ပြောဆိုကြ သည်။

သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် ၁၆ ဦး၏ မြေများ စိစစ်ခံရမည့် နေရာမှာ သရက်၊ သစ်မွှေးနှင့် ရော်ဘာတို့ ကဲ့သို့ သော စက်မှုသီးနှံ ၃ မျိုးကို စိုက်ပျိုးခွင့် ပြုထားသည့် မြေနေရာများ ဖြစ်ကြောင်း၊ မြေတဧကလျှင် ကျပ် ၅ သောင်း နှုန်းဖြင့် အနည်းဆုံး ဧက ၅၀ ဝယ်ယူရသည့် နေရာများ ဖြစ်ကြောင်း မြေများ ဝယ်ယူ စိုက်ပျိုးမှု ပြုလုပ်သည့် လုပ်ငန်းရှင် အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

“အခု ဒီအချိန်မှာ သရက်ခြံတွေကလည်း သီးနေပြီ။ လုပ်ငန်းရှင်တွေကလည်း ရင်းထားရတာ။ ဘယ်ပြန်ပေးချင်မလဲ။ ဘယ်ပြန်ပေးနိုင်မ လဲ။ အစိုးရဆီက ဝယ်ခဲ့တာ။ သူတို့ကိုယ်တိုင် သိမ်းခဲ့တာမှ မဟုတ်ဘဲ။ နိုင်ငံတော် အစိုးရက သူတို့ ကို ရောင်းခဲ့တာလေ။ မကျေနပ်ရင် အရင် အစိုးရကို ဆက်ခံတဲ့ အခု အစိုးရနဲ့ ရှင်းကြပေါ့။ သစ်တော ဦးစီးဌာနနဲ့ ရှင်း ပေါ့”ဟု အထက်ပါ လုပ်ငန်းရှင် အသိုင်းအဝိုင်းနှင့် နီးစပ်သူက ပြောဆိုသည်။

ယခု အချိန်ရောက်မှ သမ္မတ ဦးသိန်းစိန်ပါ ၁၆ ဦးဟု ဖော်ပြလာခြင်းသည့် သမ္မတ ဦးသိန်းစိန်ကို နိုင်ငံရေးအရ သိက္ခာ ချခြင်းသာ ဖြစ်ကြောင်း၊ ယခုတောင်သူများသည် နိုင်ငံတော် အစိုးရ သစ်တော ဦးစီးဌာနထံမှ တကြိမ်၊ လုပ်ငန်းရှင်များ ထံမှ တကြိမ် စုစုပေါင်း ၂ ကြိမ်အထိ လျော်ကြေးရရှိပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဘာလို့ ဦးသိန်းစိန် နာမည်ကို တပ်ရတာလဲ။ ရှင်းရှင်း ပြောရရင် အဘကြီးမို့လို့ မလုပ်တာ။ သူတို့ ရေးလိုက်တဲ့ ခေါင်း စဉ် (facebook တွင် တင်ပြမှုကို ဆိုလိုခြင်းဖြစ်)က အစ မှားပါတယ်။ နိုင်ငံတော် သမ္မတငြိမ်း ဦးသိန်းစိန် နာမည်နဲ့ ပိုင်တာ တနေရာမှ မရှိဘူး။ ကျနော်တို့ကတော့ ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ သဘောလို့ပဲ မြင်ပါတယ်”ဟု အထက်ပါ လုပ်ငန်းရှင် အသိုင်းအဝိုင်းနှင့် နီးစပ်သူက ပြောဆိုသည်။

အဆိုပါ သရက်ခြံများကို သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် ၁၆ ဦး ပိုင်ဆိုင်သည်မှာ သေချာကြောင်း၊ ဦသိန်းစိန် သည် လယ်ပိုင်သူများကို တဧက ကျပ် ၅ သိန်းနှှုန်းဖြင့် ၂၀၁၂ ခုနှစ်တွင် လျော်ကြေးပေးခဲ့သော်လည်း ယာပိုင်သူများ ကိုမူ မပေးခဲ့ကြောင်း၊ လဝက ဒု ဝန်ကြီး ဖြစ်သူ ဦးကျော်ကျော်ဝင်းကမူ လျော်ကြေးပေးခဲ့သော်လည်း နည်းသည်ဟု ဆိုကာ ယခု ထပ်မံ တိုင်ကြားခြင်း ဖြစ်ကြောင်း တောင်သူများ ဘက်က ပြောသည်။

“တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူဝင်ဝင်ချင်းမှာပဲ တဧက ကျပ် ၅ သိန်း နှုန်းနဲ့ ဧက ၅၀ စာ တခါတည်း လျော်ကြေးပေးတာမျိုး ရှိသလို ဗိုလ်ချုပ်တင်ထွန်း (ယခင် လွှတ်တော်တွင် လယ်မြေ ဆိုင်ရာ ဥက္ကဌ) လုပ်သွားသူ၊ ဒဂုံ အင်တာနေရှင်နယ်၊ အိုးအိမ် ညွှန်ချုပ် ဦးမောင်ဝင်း၊ စက်မှု ၁ ဦးအောင်သောင်း၊ ဦးရဲမြင့် (မန်းတိုင်း ဝန်ကြီးချုပ်ဟောင်း) တို့ကတော့ မြေလျော်ကြေးတွေ ပေးခဲ့တယ်”ဟု တောင်သူများ၏ အကျိုးဆောင် ဦးတင်မင်းနိုင်က ပြောဆိုသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေကလည်း ယခု စီမံကိန်းကို ရယူသူများသည် ဥပဒေအရ မြေလွတ် မြေရိုင်း အဖြစ် အစိုးရထံတွင် လျှောက်ထားပြီးမှ ဆက်လက် အကာင်အထည်ဖော်ရမည် ဖြစ်သော်လည်း လာရောက် လျှောက်ထားခြင်း မရှိ၍ ယခုကဲ့သို့ စိစစ်မှုများ ပြုလုပ်သည့်အခါ မြေစာရင်းဌာနတွင် စာရင်းဇယားများ မရှိ သောကြောင့် အလုပ်လုပ်ရ ခက်ခဲနေကြောင်း ပြောသည်။

“အဲဒါကြောင့်လည်း ရက်ကို နည်းနည်းဆုတ်ပြီးတော့ စနစ်တကျ စိစစ်ဖို့ လုပ်လိုက်တာ။ ဥပမာဆို ဝန်ကြီး ကြိုတင်တဲ့။ ဝန်ကြီးက ကြိုပြီးတော့ ရော့ယူဆိုပြီး ပေးလိုက်တာ။ အမွေပေးသလို ပေးလိုက်ကြတာ။ ဝန်ကြီး ကြိုတင်ဆိုပြီးတော့။ နိုင်ငံတော် စာရင်းထဲမှာလည်း မပါဘူးဆိုတာကတော့ ကျနော့်အနေနဲ့ ခိုင်ခိုင်မာမာ ပြောရဲပါတယ်။ ဒါတွေကို အခု သေချာ ပြန်စိစစ်ရမှာ”ဟုလည်း ၎င်းက ပြောဆိုသည်။

ယခု ကိစ္စကို လက်ရှိ အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူ အဆင့်ဆင့်သို့ တင်ပြသည့်အခါ သေသေချာချာ စနစ်တကျနှင့် မှန်မှန်ကန်ကန် လုပ်ဆောင်ရန် မှာကြားထားကြောင်းလည်း ဆိုသည်။

ဥတ္တရသီရိ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က “သရက်ခြံကိစ္စကိုတော့ မြို့နယ်အဆင့်က စိစစ်တဲ့အထဲမှာ မပါ ဘူး။ ဒီကိစ္စကို နေပြည်တော်ကောင်စီကနေ မြေလွတ်မြေရိုင်းနဲ့ ပတ်သက်ပြီး သီးခြား အဖွဲ့တခု ဖွဲ့ပြီး ဆောင်ရွက်နေ တာ ပါ။ကျနော်တို့ မြို့နယ် အပိုင်းကတော့ လိုအပ်တာ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးတာလောက်ပဲ ရှိပါတယ်”ဟု ပြောဆို သည်။

Your Thoughts …
Tags: သမ္မတ ဦးသိန်းစိန် နှင့် ဝန်ကြီးဟောင်းများ၏ မြေယာ ကိစ္စ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ရန်ကုန်မြို့ တရုတ်တန်း မဟာဗန္ဓုလလမ်းမကို ယခုနှစ် တရုတ်နှစ်သစ်ကူးတွင် တွေ့မြင်ရစဉ် / မျိုးမင်းစိုး

ရန်ကုန် တရုတ်တန်းတွင် ခြင်္သေ့ရုပ် မုခ်ဦး တည်ဆောက်ရန် တရုတ် ကမ်းလှမ်း

မေလ ၁ ရက်နေ့ ဖက်ရှင်ရှိုးတခုတွင် အခြားဘလော့ဂါများနှင့်အတူ ဝင်းလဲ့ဖြူစင်ကို ဟိဂျပ်ဝတ်ဆင်လျက် တွေ့ရစဉ် / Reuters

"ဟီဂျပ်ဗ်ဟာ သော့ချက်တခုလိုပါ” ဆိုတဲ့ အလှအပရေးရာ ဘလော့ဂါ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.2k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate