• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မောင်တောနယ်စပ် လုံခြုံရေး ရဲကင်းစခန်း ၁၆၀ ကျော်ချထား

by မင်းအောင်ခိုင်
22 August 2018
in သတင်း
A A
မောင်တောနယ်စပ်တွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များ / မင်းအောင်ခိုင်

မောင်တောနယ်စပ်တွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များ / မင်းအောင်ခိုင်

6.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်အတွင်း လုံခြုံရေးစည်း မကျိုးပေါက်ရန် နယ်စပ် ခြံစည်းရိုး တလျှောက် နယ်ခြားစောင့် ရဲကင်းစခန်းပေါင်း  ၁၆၀ ကျော်ဖြင့် ဖြန့်ကျက် ဆောင်ရွက်နေ ကြောင်း  သတင်းရရှိသည်။

လာမည့် သြဂုတ်လ ၂၅ရက်နေ့သည် ရခိုင်ပြည်နယ် မောင်တော- ဘူးသီးတောင် နယ်စပ်တလျှောက်ရှိ ရဲကင်းစခန်းများကို ARSA အကြမ်းဖက်အဖွဲ့က လူစုလူဝေးဖြင့် တိုက်ခိုက်ခဲ့သည့် တနှစ်ပြည့်မြောက် မည့်နေ့ဖြစ်သည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
35
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
552
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
158

လက်ရှိအချိန်တွင် အကြမ်းဖက်သမားများသည် မောင်တောနယ်စပ် တလျှောက် ဒုက္ခသည်များ အသွင် ယူလျှက် ခိုအောင်း ကာ နယ်စပ်ဖြတ်ကျော်ပြီး တကျော့ပြန် တိုက်ခိုက်မည်ဆိုသည့် သတင်းများ ကြောင့် လုံခြုံရေး စီမံချက်များ လစ်ဟာမှု မရှိစေရန် ယင်းသို့ဆောင်ရွက်ထားရှိခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီး အောင်မြတ်မိုးက ဧရာဝတီသို့ ပြောသည်။

ရဲမှူးကြီး အောင်မြတ်မိုးက “ လတ်တလော မောင်တောနယ်စပ်နဲ့ ပတ်သက်ပြီး နယ်စပ်ခြံစည်းရိုး တလျှောက်မှာ ရဲကင်း စခန်းပေါင်း ၁၆၀ ကျော် ဖြန့်ပြီးတော့ ဆောင်ရွက်နေတာရှိတယ်။  ဒီအတော အတွင်းမှာ မောင်တောမြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင် ရဲတပ်ဖွဲ့၊ ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့ ဖြန့်ခွဲပြီးတော့မှ လုံခြုံရေးအင်အား ၁၀၀၀ နီးပါးနဲ့ဆောင်ရွက်တာရှိတယ်” ဟု ဆိုသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သော မောင်တော အကြမ်းဖက်မှုကြောင့် ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်  စသည့် တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များ သောင်းချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသလို ဘင်္ဂါလီ အများအပြား မှာ တဘက်နိုင်ငံသို့ ဝင်ရောက်  ထွက်ပြေးသွားကြ သည်။

လက်ရှိ နယ်မြေအခြေနေမှာ တည်ငြိမ်စပြုနေပြီ ဖြစ်၍ ဒေသခံတိုင်းရင်းသားများနှင့် ဘင်္ဂါလီရွာသား တို့မှာ အေးချမ်းစွာဖြင့် နိစ္စဓူဝ ပုံမှန်သွားလာ လှုပ်ရှားမှုများ ရှိနေသော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာ အကြမ်းဖက်မှုနှင့် ၂၀၁၇ ခုနှစ် သြဂုတ်အတွင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များက ထိတ်လန့်ချောက်ချားစရာ ကောင်းသည့်အတွက်  မောင်တောဒေသတွင်း နေထိုင်ကြ သည့် အားလုံးသော လူမှုအသိုင်းအဝိုင်းတို့ အကြား စိုးရိမ်ပူပင်သည့် ရင်တွင်းမီးတောက်များက ကိန်းအောင်းနေဆဲ အခြေအနေတွင် ရှိကြောင်း သိရသည်။

မောင်တောမြို့ပေါ်တွင်ရှိသည့် ဟိန္ဒူဒုက္ခသည် ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးနီမောလ်က “ကျနော် တို့ လက်ရှိ အခက်အခဲက ကောလဟာလ သတင်းတွေကို ကြားသိနေရတဲ့ အတွက်  စိုးရိမ်နေရပါ တယ်။  အကြမ်းဖက်သမားများ ဝင်လာတယ်။ ဟိုနေရာမှာ ခိုနေတယ် ။ ဟိုနေရာက ဝင်လာတယ် ။ အဲဒီသတင်းတွေကြောင့်ပဲ ဒီမှာနေတဲ့ လူတွေ စိုးရိမ်ပြီး နေလို့ထိုင်လို့ မရဘူး  ဖြစ်နေရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ လတ်တလော နယ်စပ်ဒေသတွင် အကြမ်းဖက်သမား များသည် လူသစ် စုဆောင်းပြီး သင်တန်းများ ပို့ချနေကြကြောင်း၊ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်း များ စသည်တို့ စုဆောင်းကာ လှုပ်ရှားနေကြောင်းကို သတင်းများ ရရှိထားသဖြင့် ထပ်မံ၍ အကြမ်း ဖက် တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ် ထား သည့် လုံခြုံရေးဆိုင်ရာ အစီအမံများကို လည်း ဆောင်ရွက်ထားကြောင်း ရဲမှူးကြီး အောင်မြတ်မိုး က  ဆက်လက် ပြောကြားသည်။

“တဖက်နိုင်ငံမှာလည်း ဒုက္ခသည် စခန်းတွေရှိပါတယ်။ အဲဒီအထဲမှာ အကြမ်းဖက်သမားတွေဟာ ဒုက္ခသည် အသွင်ယူပြီးတော့ ခိုအောင်းနေကြတယ်။ ပြီးတော့ တဖက်နိုင်ငံကနေ ဖမ်းဆီးရမိမှု ဖြစ်စဉ်တွေကို ပြန်လေ့လာကြည့်တဲ့အခါ လုပ်သေနတ်တွေ တော်တော်များများ မိတယ်။ မူးယစ် ဆေးဝါးတွေလည်း အတော်များများမိတယ်။ အကြမ်းဖက်နဲ့ ဆက်နွယ် ပတ်သက်တဲ့သူတွေ တော်တော်များများ ဖမ်းမိတာတွေလည်းရှိတယ်” ဟု ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုး ကပြောသည်။

အလားတူ မောင်တောမြို့ပေါ်နှင့် ဘူးတောင်မြို့နယ်တို့တွင်လည်း လုံခြုံရေး ရဲတပ်ဖွဲ့ အင်အား ၁၀၀၀ ခန့်ဖြင့် နေ့ကင်း၊ ညကင်း၊ လှည့်ကင်းများဖြင့် ဆောင်ရွက်နေကြသည့်အပြင် ယခင်က ပြစ်မှုဟောင်း နှင့် ကျော်ဇောသတင်း ရှိသူများကို လည်း စောင့်ကြည့်ကာ အရေးယူဆောင်ရွက်ခြင်း များရှိကြောင်း ပြည်နယ်ရဲ မှူးကြီးက ဆိုသည်။

ပြီးခဲ့သော ဇူလိုင်လအတွင်း စစ်တွေမြို့နယ်အတွင်းက ဘင်္ဂါလီဒုက္ခသည်စခန်းအပါအဝင် တခြားသော မြို့နယ်များက လုပ်သေနတ်  အလက် ၃၀ ကျော်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သိရသကဲ့သို့ ယင်းလအတွင်းမှာပင် ကောက်ဘဇားရှိ ARSA အကြမ်းဖက် သမားတို့၏ လက်နက်စက်ရုံကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးရမိ ခဲ့ကြောင်း Asia Times သတင်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့နှင့် အခြားသောမြို့နယ်တို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်တို့ ပူးပေါင်း၍ လုံခြုံရေးကိစ္စများကို ဆောင်ရွက်နေသလို လုံခြုံရေး လိုအပ်ချက်အရ သြဂုတ်လကုန်အထိ လုံခြုံရေး အစီအမံများကို တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဆိုသည်။

Your Thoughts …
Tags: မောင်တောရခိုင်ရဲကင်း
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

by ဧရာဝတီ
12 December 2024
22.2k

အာရက္ခတပ်တော် (AA) က လက်ရဖမ်းမိထားသည့် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၁၅) ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ပြစ်မှုပြစ်ဒဏ်မျှတအောင် စစ်ဆေးစီရင်သွားမည်ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
22.1k

အနည်းဆုံးတော့ ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေ တွေရော စက်လှေဆိုရင် ၈ စီး ရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ၊ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်းရော။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.4k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

Next Post
Samsung ရဲ့ Android Go ဖုန်း

ပထမဆုံး Android Go ဖုန်းကို Samsung မိတ်ဆက်

ဟာသ သရုပ်ဆောင် အကယ်ဒမီ ဗေလုဝ / ဧရာဝတီ

"လူထု မလှုပ်တော့ရင် ဗီဒီယိုဈေးကွက် ပျက်တာပဲ" လို့ ဆိုလိုက်တဲ့ ဗေလုဝ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

16 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate