• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သထုံမှာလည်း တောင်ပြုံးပွဲတော် ကျင်းပ

by ဉာဏ်စိုးဝင်း
23 August 2018
in သတင်း
A A
မွန်ပြည်နယ် သထုံမြို့နယ်တွင် ကျင်းပနေသော အောက်တောင်ပြုံး ပွဲတော် / ဉာဏ်စိုးဝင်း / ဧရာဝတီ

မွန်ပြည်နယ် သထုံမြို့နယ်တွင် ကျင်းပနေသော အောက်တောင်ပြုံး ပွဲတော် / ဉာဏ်စိုးဝင်း / ဧရာဝတီ

8.8k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ်တွင် ကျင်းပသော အထက် တောင်ပြုံးပွဲတော် နည်းတူ မွန်ပြည်နယ် သထုံ မြို့နယ် တွင်လည်း အောက်တောင်ပြုံး ပွဲတော်ကို ကျင်းပ လျက်ရှိသည်။

အောက်တောင်ပြုံး ပွဲတော်ကို ဝါခေါင်လဆန်း ၈ ရက် (သြဂုတ် ၁၉ ရက်) မှ စတင်ပြီး ဝါခေါင်လဆုတ် ၃ ရက် (သြဂုတ် ၂၉ ရက်) အထိ ၁၀ ရက်တိုင် ကျင်းပမည် ဖြစ်ကြောင်း အောင်သပြေ နတ်နန်း နန်းထိန်း ဦးစိုးသိန်း က ပြော သည်။

RelatedPosts

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

18 June 2025
16
မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

18 June 2025
102
သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

18 June 2025
1.1k

တောင်ပြုံးပွဲတော်ရက် အစဉ်အတိုင်း အဖြစ် ပွဲတော်ရက် အတွင်း နတ်ညီလာခံ သဘင်ပွဲ ကျင်းပခြင်း၊ ၃၇ မင်း နတ်ကြီး များကို ကြိုဆိုပင့်ဖိတ်ခြင်း၊ ပုပ္ပားမယ်တော် မယ်ဝဏ္ဏကို ပင့်ဖိတ်ခြင်း၊ ဗျတ်ဝိ-ဗျတ္တကို ပင့်ဖိတ်ပြီး တောင်းပြုံး မင်းနှစ်ပါး ချိုးရေတော်သုံးခြင်း တို့ကို ကျင်းပသည်။

မွန်ပြည်နယ် သထုံမြို့နယ်တွင် ကျင်းပနေသော အောက်တောင်ပြုံး ပွဲတော် /ဉာဏ်စိုးဝင်း/ဧရာဝတီ

ထို့ပြင် ပခန်း ဦးမင်းကျော် တက်ပွဲ ပြုလုပ်ခြင်း၊ တောင်ပြုံးမင်း နှစ်ပါးကို ယုန်ကင် ဆက်သပွဲ ပြုလုပ်ခြင်း၊ ရွှေ ဖျဉ်း လေး ၊ ရွှေဖျဉ်းကြီး ထိန်ပင် ခုတ်ပွဲ ပြုလုပ်ခြင်း၊ တောင်းပြုံး မင်းနှစ်ပါး လောင်းလှေလှော်ပွဲနှင့် ယုန်ကင်ခုတ်ပွဲ ပြုလုပ် ခြင်း၊ တောင်ပြုံး မင်းနှစ်ပါးနှင့် တောင်တော်သခင်မ မရွှေဥတို့ ရက္ကန်း ရက်ပွဲ ပြုလုပ်ခြင်းနှင့် တောင်ပြုံးမင်း နှစ်ပါးကို နန်းတွင်းစားတော်စာ ဆက်သပွဲ ပြုလုပ်ပေးပြီး နတ်နန်းပွဲသိမ်းကြောင်း သိရသည်။

အောက် တောင်ပြုံးပွဲတော်၌ တောင်ပြုံးမင်း ၂ ပါးကို ယုန်ကင်ဆက်သရာတွင် သထုံမြို့သည် တောင်ပြုံးမင်း ၂ ပါး၏ ဦးရီးတော် ဗျတ်ဝိနှင့် ဖခမည်းတော် ဗျတ္တတို့ သွေးမြေကျခဲ့ရသော နယ်မြေဖြစ်ခြင်းနှင့် သာသနာ့နယ်မြေ ဖြစ်ခဲ့ခြင်း တို့ကြောင့် ယုန်အစစ်ကို မဆက်သဘဲ ရွှေငှက်ပျောသီးကို ယုန်သဏ္ဌာန် ပြုလုပ်ကာ ဆက်သရကြောင်း၊ အရက်ကို လည်း ဆက်သရုံသာ ပြုလုပ်ရပြီး သောက်ခွင့်မရှိကြောင်း ဦးစိုးသိန်း က ပြောဆိုသည်။

မွန်ပြည်နယ် သထုံမြို့နယ်တွင် ကျင်းပနေသော အောက်တောင်ပြုံး ပွဲတော် /ဉာဏ်စိုးဝင်း/ဧရာဝတီ

အောက်တောင်ပြုံး ပွဲတော်တွင် တောင်ပြုံး မင်း ၂ ပါး၏ ဦးရီးတော် ဗျတ်ဝိနှင့် ဖခမည်းတော် ဗျတ္တကို ပင့်ဖိတ်ကာ တောင်ပြုံးမင်း ၂ ပါး ဖြစ်သော ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး၏ ချိုးရေတော်သုံးပွဲဖြစ်သည့် ဝါခေါင်လဆန်း ၁၁ ရက် (သြဂုတ် ၂၂ ရက်) နေ့သည် အစည်ကားဆုံးနေ့ ဖြစ်သည်ဟု အောက် တောင်ပြုံးနတ်နန်းမှ ကန္နားစီး မသဲအိစိုး က လည်း ပြောပြသည်။

ထို့ပြင် အောက်တောင်ပြုံးပွဲ၏ ထူးခြားချက်မှာ တောင်ပြုံးမင်း ၂ပါး၏ လောင်းလှေလှော်ပွဲနှင့် ယုန်ကင် ခုတ်ပွဲ၊ ထိန်ပင် ခုတ်ပွဲ၊ တောင်ပြုံး မင်း ၂ ပါးနှင့် တောင်တော် သခင်မ မရွှေဥတို့ ရက္ကန်း ရက်ပွဲ ပြုလုပ်ခြင်း စသည့် လူ့ဘဝ အချိန်က နေထိုင်ခဲ့ပုံများကို သရုပ်ဖော် ပြရကြောင်းလည်း ဆိုသည်။

အောက် တောင်ပြုံး ပွဲတော်ကို ကျင်းပလာသည်မှာလည်း နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

မတ္တရာ အထက် တောင်ပြုံး ပွဲတော်ကိုလည်း သြဂုတ်လ ၁၉ ရက်က စတင်၍ ၂၆ ရက်အထိ ကျင်းပလျက်ရှိသည်။

Your Thoughts …
Tags: အောက် တောင်ပြုံး ပွဲတော်
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဝင်ငွေအကောင်းဆုံး မော်ဒယ်များ

ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အမျိုးသမီးမော်ဒယ် ၅ ဦး

ရန်ကုန်တွင်ပြုလုပ်သော Hong Kong October Show 2018 သတင်းစာရှင်းလင်းပွဲ / မျိုးမင်းစိုး / ဧရာဝတီ

မြန်မာစီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်တဲ့ အာရှအကြီးဆုံး ကုန်စည်ပြပွဲ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate