• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပလောင်များအား ပုတ်ခတ်သူ အရေးယူပေးရန် တောင်းဆို

by နန်းလွင်နှင်းပွင့်
23 August 2018
in သတင်း
A A
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်ထဲက တအန်း(ပလောင်) ရွာတွေမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေက ယနေ့ထိ ရိုးရာဝတ်စုံကိုပဲ မြတ်မြတ်နိုးနိုး ဝတ်ဆင်နေကြဆဲပါ / နန်းလွင်နှင်းပွင့်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်ထဲက တအန်း(ပလောင်) ရွာတွေမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေက ယနေ့ထိ ရိုးရာဝတ်စုံကိုပဲ မြတ်မြတ်နိုးနိုး ဝတ်ဆင်နေကြဆဲပါ / နန်းလွင်နှင်းပွင့်

42.5k
VIEWS
Share on FacebookShare on Twitter

တအန်း (ပလောင်) လူမျိုးများကို လူသားစားသူများ၊ ကျတ်သရဲများဟု စွပ်စွဲကာ လူမှုကွန်ယက်တွင် Live လွှင့်သူကို ပြင်းပြင်းထန်ထန် အရေးယူပေးရန် သမ္မတထံ တိုင်ကြားထားသည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးက ဧရာဝတီကို ပြောသည်။

ဒေါ်နန်းမိုးက “ကျမ သမ္မတကို စာတင်ထားပါပြီ။ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနကိုရော နောက်ပြီးတော့ ပြန်ကြားရေး ဌာနရယ် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် အကုန်လုံးကို စာတင်ထားပါတယ်။ ပြင်းထန်စွာ အရေးယူဖို့ မျှော်လင့်တယ်။ ကျမ စာတင်ကတည်းက အပြတ်ပြောပြီးသား။ ပြင်းပြင်းထန်ထန် တည်ဆဲ ဥပဒေအရ အရေးယူမှ ကျေနပ်မယ်ဟု ပြောသည်။

RelatedPosts

ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီ ဖက်ရှင်မဂ္ဂဇင်းဖယ်ရှား (ရုပ်/သံ)

ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီ ဖက်ရှင်မဂ္ဂဇင်းဖယ်ရှား (ရုပ်/သံ)

18 July 2025
88
လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

18 July 2025
1.8k
မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

18 July 2025
54

တအန်းလူမျိုးထဲမှ မျိုးနွယ်စု တစု၏ နေထိုင်မှု ရိုးရာဓလေ့ကို နားမလည်ဘဲ ဖေ့ဘုတ်တွင် Live လွှင့်ကာ ကျတ်သရဲများ၊ လူသားစားသူများဟု ပြောဆိုခြင်းမှာ ခွင့်လွှတ်နိုင်စရာ မရှိကြောင်း၊ ဝန်ချတောင်းပန်ရုံဖြင့်လည်း ကျေနပ်နိုင်မည်မဟုတ်ပဲ ဥပဒေအရ အရေးယူပေးစေလိုသည်ဟု ဒေါ်နန်းမိုးက ပြောသည်။

သြဂုတ်လ ၁၈ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့တွင် နေထိုင်သည် ဒေါ်ခင်မေထွန်းက ကားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပြည်ထောင်စုလမ်းမအတိုင်း ဖြတ်သွားစဉ် ၎င်းအသုံးပြုသည့် Yuri Miko အမည်ရှိ Facebook စာမျက်နှာတွင် Live လွှင့်ပြီး လမ်းတလျှောက် သွားလာနေကြသူများမှာ ကျတ်သရဲများ ဖြစ်ကြောင်း၊ လူသားစားသူများ ဖြစ်ကြောင်း ၊ လပြည့်လကွယ်တွင်သာ တွေ့ရကြောင်း ပြောဆိုကာ ကားကို တကြိမ် နောက်ပြန်လှည့်ပြီး မမြင်ဖူးသူများ တွေ့မြင်ရခဲသဖြင့် ကြည့်ကြရန် ပြောဆိုခဲ့သည်။

Live လွှင့်ရာတွင် ပါဝင်သူများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့နယ်ခွဲ ပြည်ထောင်စု လမ်းမအနီး မက်မွန်လောင်းကျေးရွာတွင် နေထိုင်ကြသည့် တအန်းလူမျိုး၊ ရူကျင်းမျိုးနွယ်စုများမှာ ဖြစ်ပြီး ၎င်းတို့၏ ရိုးရာဓလေ့အရ လပြည့်နေ့တွင် အပျိုလူပျိုပွဲကို ဆင်နွဲနေကြခြင်း ဖြစ်သည်။

ဒေါ်နန်းမိုးက “ မြန်မာနိုင်ငံမှာ ရှိတဲ့ လူတော်တော်များများက လက်ဖက်တော့ စားတယ်။ ဒီလက်ဖက်သည် ပလောင်လူမျိုးကနေ ဆင်းသက် လာတယ်ဆိုတာကို မသိကြဘူး။ အသိ နည်းကြတယ်။ခုလိုလုပ်ရပ်မျိုးက ကျမတို့ လူမျိုးရဲ့ ဂုဏ်သိက္ခာကို အရမ်းညိုးနွမ်းစေတယ်။ မျိုးနွယ်တခုလုံးက ရစရာ မရှိဖြစ်သွားတယ်။ ခွင့်လွှတ်စရာ အကြောင်းမရှိဘူး”ဟု ပြောသည်။

ဒေါ်နန်းမိုးက သြဂုတ်လ ၂၂ ရက်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးနိုင်သက်လွင်ကို သွားရောက်တွေ့ဆုံပြီး တအန်းလူမျိုးများကို မဟုတ်မမှန်ပြောဆိုသူကို အရေးယူပေးရန် ပြောဆိုရာ ဝန်ကြီးက ကူညီမည်ဟု ပြောကြောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌကိုလည်း အရေးယူပေးရန် ပြောဆိုရာ တဦးတယောက်၏ လုပ်ရပ်ကြောင့် နိုင်ငံအတွက် မကောင်းကြောင်း ပြောသည်ဟု သိရသည်။

Live ဗီဒီယိုမှာ ဖေ့ဘုတ်တွင် ပျံ့နှံ့သွားပြီး တအန်းလူငယ်အချို့က ဗီဒီယိုပါ ရိုးရာဝတ်စုံများ၊ ငွေခါးပတ်များဖြင့် လူများမှာ တအန်းလူမျိုးများ ဖြစ်ကြောင်း၊ လူသားစားကာ နတ်ကိုးကွယ်သူများ၊ ကျတ်သရဲများဟု မပြောရန် လူမှုကွန်ယက်တွင် ပြန်လည် ပြောဆိုကြရာ အငြင်းအခုန်များ ဖြစ်ကြသည်။

ထို့နောက် မန္တလေး တအန်းလူငယ်များ၊ မြန်မာနိုင်ငံတအန်း (ပလောင်) စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ ၊ တအန်း ဂီတနှင့်ရုပ်ရှင်အစည်းအရုံး ဗဟိုအဖွဲ့ချုပ်၊ နမ့်စန်မြို့နယ် တအန်းလူငယ် စွမ်းရည်မြှင့်တင်ရေး အဖွဲ့၊ နမ့်စန်မြို့နယ်လုံးဆိုင်ရာ တအန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အပြင် အခြား တအန်းလူမှုအဖွဲ့အစည်း ၁၉ ဖွဲ့ တို့ကYuri Miko အကောင့်ပိုင်ရှင်၏ Live မှာ တအန်းလူမျိုးများကို စော်ကားထားသဖြင့် ကန့်ကွက် ရှုတ်ချကြောင်း၊ တောင်းပန်ပေးရန်နှင့် မတောင်းပန်ပါက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဟု ထုတ်ပြန် ကြေငြာချက်များ ထုတ်ခဲ့ကြသည်။

တအန်းလူမျိုးများမှာ ဗုဒ္ဓဘာသာကိုသာ အစဉ်အဆက် ကိုးကွယ်လာကြသည်ကို နတ်ကိုးကွယ်သူများဟု စွပ်စွဲထားကြောင်း၊ ထို့ပြင် လူသားစားမျိုးနွယ်စု၊ သရဲ သဘတ် ကျတ်ဟု စွပ်စွဲသည်က တအန်းမျိုးနွယ် တခုလုံးကို စော်ကားခြင်း ဖြစ်သည်ဟု ထုတ်ပြန်ကြေငြာချက်များတွင် ရေးသားထားသည်။

နမ့်စန်မြို့နယ်လုံးဆိုင်ရာ တအန်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ ၊ ဘဏ္ဍာရေးမှူး တာဂူခေါင်ဆီ က “သူလွှင့်လိုက်တဲ့ Live ကလည်း လူ ၃သိန်းကျော် ကြည့်ပြီး သွားပြီ။ တသိန်းကျော်က နားလည်တယ်ထားဦး။ ကျန်တဲ့ ၂ သိန်းကျော်က သူပြောတဲ့အတိုင်း ထင်နေနိုင်တယ်။ ဒါက တအန်းပြည်သူလူထု တရပ်လုံးကို ထိခိုက်တယ်”ဟု ပြောသည်။

တအန်း အဖွဲ့အစည်းများမှ တာဝန်ရှိသူများက မိုင်းပျဉ်း မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး၊ မိုင်းပျဉ်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ ရပ်ရွာအုပ်ချုပ်ရေးမှူးများဖြင့်နှင့် အတူ ထိုအမျိုးသမီး နေထိုင်ရာ အိမ်သို့ သွားတွေ့ကာ တောင်းပန်ပေးရန် ပြောဆိုမည်ဟုလည်း တာဂူခေါင်ဆီက ဆိုသည်။

တောင်းပန်ခြင်း မပြုလုပ်ပါက ဥပဒေကြောင်းအရ တရားစွဲဆို သွားမည်ဟုလည်း တာဂူခေါင်ဆီက ပြောသည်။

တောင်းပန်မည် ဆိုပါကလည်း နှုတ်ဖြင့် လွယ်လွယ်ကူကူ တောင်းပန်ခြင်းမျိုး မဟုတ်ပဲ တအန်းရိုးရာ ဓလေ့အရ တောင်းပန်ခိုင်းမည်ဖြစ်ကြောင်း၊ တအန်းလူမျိုးများ ကြားတွင်လည်း မျိုးနွယ်စုနှင့် ဒေသလိုက် ဓလေ့များ ကွဲပြားသဖြင့် လူသားစားသူများ၊ ကျတ်သရဲများဟု ပြောဆိုခံခဲ့ရသည့် မက်မွန်လောင်းရွာမှ ဒေသခံများ၏ ရိုးရာဓလေ့အတိုင်း ကျေနပ်သည်အထိ တောင်းပန်ခြင်း သို့မဟုတ် စော်ကားခြင်းဆိုင်ရာ ဒဏ်ကြေးများကို ရိုးရာဓလေ့အရ ဆောင်ရွက်ပေးရမည်ဟုလည်း တာဂူခေါင်ဆီက ပြောသည်။

နမ့်စန်မြို့နယ်၊ တအန်းလူငယ် စွမ်းရည်မြင့်တင်ရေးအဖွဲ့မှ မိုင်းအိုက်မိုင်းကလည်း “သဘက်ခါကျရင် ကျနော်တို့ သူနဲ့ တိုက်ရိုက်တွေ့ဆုံဖို့ မိုင်းပျဉ်းထိ သွားမယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာအဖွဲ့တွေ မန္တလေးက တအန်းလူငယ် အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ သွားမှာပါ။ ဒီတိုင်း ခေါင်းရှောင် နေမလား။ ထိပ်တိုက်ဖြေရှင်း မလားပေါ့။ ခေါင်းရှောင်နေမယ်ဆိုရင်တော့ ဥပဒေအရ အရေးယူဖို့ စီစဉ်ထားပါတယ်”ဟု ပြောသည်။

ဆက်လက်၍ မိုင်းအိုက်မိုင်းက ရှမ်းပြည်နယ်အတွင်း ပျံ့နှံ့နေထိုင်ကြသည့် တအန်းလူမျိုးထဲတွင် မျိုးနွယ်စုများ ရှိပြီး စာ၊ စကား၊ ဝတ်စုံနှင့် ဓလေ့ထုံးတမ်းများလည်း ဒေသအလိုက် ကွာခြားကြကြောင်း၊ မျိုးနွယ်စုများထဲမှ မက်မွန်လောင်းကျေးရွာနေ တအန်းများမှာ ရူကျင်းမျိုးနွယ်စုများဖြစ်က ရှေးအကျဆုံး ရိုးရာဓလေ့ကို ယနေ့ထိ ထိန်းသိမ်းနေထိုင်ကြသည့် လူနည်းစုများ ဖြစ်ကြောင်း ပြောသည်။

ဧရာဝတီက Live လွှင့်ခဲ့သည့် Yuri Miko အကောင့်ပိုင်ရှင် ဒေါ်ခင်မေထွန်းကို ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ဖုန်းဖြေဆိုခြင်း မရှိပါ။

ရှမ်းပြည်နယ်အတွင်း ပျံ့နှံ့နေထိုင်ကြသည့် တအန်းလူမျိုးများနှင့ ်မျိုးနွယ်စုများအနက် အများစုမှာ ခေတ်နှင့် အညီ အဝတ်အစားများကို ဝတ်စားဆင်ယင်နေကြပြီဖြစ်သော်လည်း ဝေးလံခေါင်ဖျားသည့် ဒေသများ၊ ကျေးရွာများနှင့် နေထိုင်ကြသည့် မျိုးနွယ်စုများမှာ ယနေ့ထိ လက်ယက်ရိုးရာချည်ထည်၊ ခေါင်းပေါင်းများ၊ ငွေခါးပတ် ၊ငွေနားတောင်းများကို နေ့စဉ် ဝတ်ဆင်နေကြဆဲ ဖြစ်သည်။

ရိုးရာဓလေ့အတိုင်း ဝတ်စားဆင်ယင်ကြသည့် တအန်းရွာများတွင် မိန်းမပျိုများက အနက်ရောင် ထဘီပြောင် သို့မဟုတ် အနက်ရောင်ပေါ်တွင် သေးငယ်သည့် ပန်းရောင်အစင်းကြောင်းပါ ထဘီကို ဝတ်ဆင်ကြပြီး အိမ်ထောင်သည်အမျိုးသမီးများက အပြာရောင်ပြောင် သို့မဟုတ် အနက်ရောင်ပေါ်တွင် ပန်းရောင်စင်းကြောင်း ကြီးများ ပါသည့် ထဘီကို ဝတ်ဆင်ကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ မက်မွန်လောင်း ကျေးရွာတွင် နေထိုင်ကြသည့် တအန်းလူမျိုး၊ ရူကျင်းမျိုးနွယ်စုများတွင် ယောင်္ကျားလေးများကို ငယ်ရွယ်စဉ်ကတည်းက ဆံပင်ညှပ်ခြင်း မပြုလုပ်ပဲ အသက် အရွယ်ကြီးသည်အထိ အရှည် အတိုင်းထားပြီး မိန်းကလေးများမှာ အပျိုသာလျှင် ဆံပင်ရှည် ထားကြပြီး အိမ်ထောင်ကျပါက ကတုံးတုံးကြသည့် ဓလေ့ရှိသည်။

ထို့ပြင် သွားများတွင် ရွှေကွပ်ကာ အလှဆင်ကြကာ အချို့က ရွှေသွားများပေါ်တွင် အသဲပုံ အကွက်များ ပြန်ထွင်းကာ အနီ၊ အဝါ၊ အစိမ်း၊ အပြာများ ဆိုးကြသည်။

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် ရှေးရိုးရာဓလေ့အတိုင်း နေထိုင်နေကြသည့် တအန်းလူမျိုးများမှာ ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ လူသစ်စုဆောင်းခြင်း ဒဏ်ကိုလည်း ခံနေပြီး စာသင်ကြားရန်လည်းအခက်အခဲများ ရှိနေသဖြင့် တအန်းဘုန်းတော်ကြီးများက ကိုယ်ထူကိုယ်ထကျောင်းများ ဖွင့်ကာ ကူညီပေးလျက် ရှိသည်။

Your Thoughts …
Tags: Yuri Mikoတအန်းဒေါ်ခင်မေထွန်းပလောင်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၅)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၅)

by အေးချမ်းဆု
23 October 2023
11.4k

AA တပ်ဖွဲ့များ အများစုသည် ရခိုင်တွင် ရှိနေသော်လည်း အချို့အင်အားများသည် KIA, ကိုးကန့်နှင့် KNU ဒေသများတွင်လည်း ရှိနေသေးသည်ဟု သိရသည်။

SSPP အနေဖြင့် လက်ရှိ စစ်ဆင်ရေးကို မနှောင့်ယှက်ဖို့ TNLA သတိပေး

SSPP အနေဖြင့် လက်ရှိ စစ်ဆင်ရေးကို မနှောင့်ယှက်ဖို့ TNLA သတိပေး

by စောလွင်
10 July 2024
8.1k

သို့သော် လူမှုကွန်ရက်၌ ပျံ့နှံနေသည့် SSPP ဒုတိယဥက္ကဌ စဝ်ခေးတိုင်း၏ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSP/UWSA) စစ်ဦးစီးချုပ် ဦးကျောက်ကျုံးတန်းထံ ဇူလိုင်လ ၆ ရက် ပေးစာတွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး...

TNLA နှင့် တအာင်းပြည်နယ် ပေါ်ထွန်းရေး အလားအလာ

TNLA နှင့် တအာင်းပြည်နယ် ပေါ်ထွန်းရေး အလားအလာ

by ကိုဦး
2 January 2024
6.9k

PSLF သည် ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော်လည်း အနှစ် ၂၀ ခန့် ရုန်းကန်ခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင်မှ TNLA တပ်ဖွဲ့ကို လူ ၄၂ ယောက်၊ သေနတ် ၂၂ လက်ဖြင့် စတင်ဖွဲ့စည်းနိုင်ခဲ့သည်။

မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

by ဧရာဝတီ
16 May 2025
1.2k

ယူနန်ပြည်နယ် ကူမင်းမြို့ ဆွေးနွေးပွဲမှာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့တို့ကနေ TNLA တွေအားလုံး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြို့နယ်ဘက် ကို ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ရှမ်းနဲ့ ရခိုင် မှတ်ပုံတင်တွေ ကားလက်မှတ် မရောင်းပေး (ရုပ်/သံ)

ရှမ်းနဲ့ ရခိုင် မှတ်ပုံတင်တွေ ကားလက်မှတ် မရောင်းပေး (ရုပ်/သံ)

by မိုးသောက်
25 August 2024
580

အဝေးပြေးကားဂိတ်တွေက ရခိုင်၊ ရှမ်း၊ ပလောင်နဲ့ ကိုးကန့်လူမျိုးတွေကို လက်မှတ်မရောင်းပေးတော့ဘူးလို့ ကြေညာထားပါတယ်။

Next Post
ဖေ့ဘွတ်လူမှုစာမျက်နှာပေါ်တွင် ပျံ့နှံ့နေသော အသတ်ခံရသူ အသက် ၅ နှစ်အရွယ်ခန့် မိန်းကလေးငယ်၏ ဈာပန

တောင်ကြီး ၄ လောင်းပြိုင် လူသတ်မှု တရားဝင် သတင်းထုတ်ပြန်မှု မရှိသေး

ဇူလိုင် ၁၀ ရက် ရုံးချိန်းတွင် တွေ့ရသည့် ဇေယျာဖြိုး / မျိုးမင်းစိုး / ဧရာဝတီ

ဦးကိုနီအမှု လွဲချော်နေဟု ဇေယျာဖြိုး ပြော

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.4k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate