• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြောင်းမြ တံတားသစ် အပြီးသတ်ရန် ကျပ် ၁၅ ဘီလီယံ လိုအပ်ဟု ဆို

by ထက်နိုင်ဇော်
24 August 2018
in သတင်း
A A
မြောင်းမြ တံတားသစ် တည်ဆောက်နေမှု မြင်ကွင်း  / ဒေါက်တာ စိုးမိုးသူ

မြောင်းမြ တံတားသစ် တည်ဆောက်နေမှု မြင်ကွင်း / ဒေါက်တာ စိုးမိုးသူ

7k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်း မြောင်းမြမြို့နှင့် ပုသိမ်၊ ရန်ကုန်မြို့အထိ ဆက်သွယ်ထားသည့် မြောင်းမြကြိုးတံတား အသစ် တည်ဆောက် နေမှု အပြီးသတ်နိုင်ရေး ကျပ် ၁၅ ဘီလီယံ လိုအပ်နေသေးကြောင်း မြောင်းမြမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူ က ပြောသည်။

“တံတား တခုလုံးရဲ့ တန်ဖိုးကလည်း ၂၅ ဘီလီယံလောက် ရှိတဲ့အခါ ပထမ ၂၀၁၇-၂၀၁၈ ဘတ်ဂျက်မှာ အတိုင်းအတာ တခု ရထားတယ်။ အရေးပေါ် ရန်ပုံငွေကနေ ၆ ဘီလီယံလောက် ရထားတော့ လိုအပ်တဲ့ ၁၅ ဘီလီယံကို ၂၀၁၈-၂၀၁၉ ဘတ်ဂျက်မှာ ချထားပေးမယ်ဆိုရင် ဒီတံတားဟာ ၂၀၁၉ ဧပြီလ ၁ ရက်မှာ ပြီးသွားမယ်”ဟု ၎င်းက ပြောဆိုသည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
29
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
24
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
38

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ရောက်ချိန်တွင် တံတား၏ ခံနိုင်ဝန်မှာ ၂၀ ရာခိုင်နှုန်းခန့် အောက်သို့ ပြုတ်ကျခဲ့သဖြင့် တံတား အသစ်တစင်း ဆောက်လုပ်နိုင်ရန် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် လွှတ်တော်သို့ မေးမြန်းခဲ့ရာ ၂၀၁၇ ခုနှစ် မေလတွင် တံတားအသစ် ဆောက်လုပ်မှု စတင်နိုင်ခဲ့ကြောင်းလည်း ဒေါက်တာ စိုးမိုးသူ က ပြောသည်။

ဒေါက်တာ စိုးမိုးသူက “အဲဒီအချိန်မှာ တံတားက ၂ စင်းပေါ့။ အသစ်ကလည်း စဆောက်နေပြီ။ အဟောင်းကလည်း သွား နေ တုန်းပေါ့။ တံတား အသစ်ဆောက်နေပြီးတော့ တနှစ်အကြာမှာပဲ မြောင်းမြတံတား ကျိုးကျသွားခဲ့တဲ့ အခါတံတား အသစ်ရဲ့ Plan က ၃ နှစ် စီမံကိန်း ဖြစ်နေတယ်။ အဲဒါနဲ့ ၂ နှစ်ဆောက်ရမယ့် မူလပုံစံကို ပြောင်းပြီး တနှစ်အတွင်း ပြီးနိုင်မယ့် ပုံစံ ပြောင်းလိုက်တယ်”ဟုလည်း ရှင်းပြသည်။

တည်ဆောက်ဆဲ တံတား ပုံစံမှာ ပင်မတံတားအရှည် ၂၉၀ မီတာ၊ ချည်းကပ်တံတား တဖက်လျှင်၂၇၀ မီတာစီဖြင့် ၅၄၀ မီတာ၊ စုစုပေါင်း ၈၃၀ မီတာ (၂၇၂၃ ပေ) ဖြစ်ကြောင်း သိရသည်။

မြောင်းမြ မြစ်ကူးကြိုးတံတား အဟောင်းသည် ၂၀၁၈ ခုနှစ် ဧပြီလ ၄ ရက်နေ့ နံနက်အစောပိုင်းက မြစ်အတွင်းသို့ ပြုတ်ကျ သွားခဲ့ရာ ဒေသခံ တဦးဖြစ်သူ ဦးအောင်ကြီး၏ ၆ ဘီးကား ယာဉ်မောင်းနှင့် ယာဉ်အကူတဦးတို့ ပါသွားခဲ့ပြီး နောက်ပိုင်း တွင် ယာဉ်မောင်းဖြစ်သူ၏ အလောင်းကို ဆယ်ယူရရှိခဲ့သည်။

ယင်းတံတား ကျိုးကျမှုကြောင့် သွားလာရေးများ ရပ်တန့်ခဲ့ရသဖြင့် ဇက်ဆိပ်အား အမြန်ဆုံး ပြုပြင်ရပြီး လူနှင့် ယာဉ်များမှာ ဇက်များဖြင့် အသုံးပြု သွားလာရသည်။

တံတားကျိုးကျ အပြီးတွင် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်ခဲ့ပြီး မြောင်းမြတွင် ဇက်ဆိပ် ၂ ခု ထားရန် စီမံပေးမှုများ ရှိခဲ့ကြောင်း သိရသည်။

ယခု မြောင်းမြကြိုးတံတားသည် အဝေးပြေးလမ်းမကြီးပေါ်တွင် ရှိနေသော်လည်း မြောင်းမြမြို့ထဲတွင် ရောက်နေသလို ဖြစ်နေပြီး တဖက်ရှိ ကျေးရွာအုပ်စုများ၊ လပ္ပတ္တာမြို့တို့နှင့် အဓိက ဆက်သွယ်ထားသဖြင့် ထိုဘက်ခြမ်းမှ လူများ မြောင်းမြ သို့ အလုပ်လာလုပ်ရန် ခက်ခဲသွားခြင်း၊ ဒေသ ရေထွက်ကုန်များ ရန်ကုန်မြို့သို့ ရောက်ရှိရန် ခက်ခဲခြင်း စသည်တို့ ကြုံတွေ့ နေရကြောင်း ဒေသခံတချို့က ပြောသည်။

“ရန်ကုန်တက်မယ် ဆိုရင်လည်း ခါတိုင်း ၁၊ ၂ မိနစ်လောက် ဆိုရင် ဟိုဘက်ရောက်သွားပြီ။ အခု ဇက်ကူးဖို့ ဆိုရင် တန်းစီ ရတာနဲ့ အနည်းဆုံး အချိန် ၁ နာရီကျော် ပေးရတယ်။ ရန်ကုန်သွားရင်တောင် ၃ နာရီလောက် ကြာမယ့် ခရီးမှာ ဇက်ကူးနေ ရ လို့ အချိန်တွေ ပိုကြာနေရတယ်”ဟု မြောင်းမြဒေသခံ တဦးက ပြောသည်။

မြောင်းမြတံတား အဟောင်းက ဖြုတ်သိမ်းပြီး တံတား သံပေါင်များကို လိုအပ်လျက်ရှိသည့် မြောင်းမြမြို့နယ် အတွင်းရှိ ကျေးလက် ဒေသများမှ တံတားအသေးများတွင် ပြန်လည် အသုံးပြုထားသည်ဟု ဆိုသည်။

တံတားအသစ်မှာလည်း ၂၀၁၈ ခုနှစ် သြဂုတ်လ အတွင်း ၄၄ ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက တံတားများ၏ အရည်အသွေး၊ စံချိန်စံညွှန်းများ လျော့နည်း၍ တည်ဆောက်ခြင်း၊ ပြုပြင် ခြင်း၊ အရည်အသွေး စစ်ဆေးရာတွင် သိလျက် တမင်ထိန်ချန် ဆောင်ရွက်ပါက ထောင်ဒဏ် ၇ နှစ်နှစ်နှင့် အထက် ချမှတ် နိုင်သည့် တံတားကြီးများ ဥပဒေကြမ်းကို သြဂုတ်လ ၂၁ ရက်နေ့က အမျိုးသား လွှတ်တော်တွင် တင်သွင်းခဲ့သည်။

ထို့ပြင် တနိုင်ငံလုံးရှိ ကြိုးတံတား ၂၉ စင်းတွင် အရေးကြီးသည့် တံတားများကို အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ပြီး အန္တရာယ်ရှိ တံတားများအား အသစ်ပြန်လည် တည်ဆောက်၍ ကျန်ကြိုးတံတားများကို အဆင့် ပြန်လည်မြှင့်တင်သွားရန် ဆောက်လုပ်ရေး ဝန်ကြီး ဌာနက လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်း အောက်တိုဘာလမှ စင်တင်၍ ဧရာဝတီတိုင်း အတွင်းရှိ ပယ်လယ်လေး တံတား၊ ဝါးခယ်မ တံတား၊ ရွှေလောင်း တံတား၊ ကျွန်းကုန်း တံတား စသည့် တံတား ၄ စင်းကို အသစ်ပြန်လည် ဆောက်လုပ်ရန် တင်ပြထားပြီး စတင် တည်ဆောက်ရန် ခွင့်ပြုချက် ရရှိထားပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရသည်။

Your Thoughts …
Tags: မြောင်းမြ တံတားသစ်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
တံတားတည်ဆောက်ရန် မြေလွှာစမ်းသပ်မှုများ လုပ်ဆောင်နေစဉ် / ဆလိုင်းသန့်စင် / ဧရာဝတီ

သိန်း ၄ သောင်းကျော် ကုန်ကျမည့် ပုသိမ်မြစ်ကူးတံတား တည်ဆောက်ရန်စီစဉ်

တပ်မတော်က နိုင်ငံတော်ကို ကိုယ်စား ပြုသည်ဆိုသည် ပြဋ္ဌာန်းချက် စကားရပ် တလုံးတပါဒမှ အခြေခံဥပဒေတွင် မပါရှိပါ / Reuters

နိုင်ငံတော်ကို ဘယ်သူက ကိုယ်စားပြုသလဲ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.9k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate