• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြို့သစ်များ မဖော်ဆောင်ပါက ကျူးကျော် အတွက် မြေမရှိဟု ဦးဖြိုးမင်းသိန်း ပြော

by ထွန်းထွန်း
24 August 2018
in သတင်း
A A
သြဂုတ် ၂၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ဒုတိယ ၁ နှစ်တာ ဆောင်ရွက်ချက် များ သတင်းစာ ရှင်းလင်းပွဲ၌ တွေ့ရသော ဦးဖြိုးမင်းသိန်း / မျိုးမင်းစိုး / ဧရာဝတီ

သြဂုတ် ၂၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ဒုတိယ ၁ နှစ်တာ ဆောင်ရွက်ချက် များ သတင်းစာ ရှင်းလင်းပွဲ၌ တွေ့ရသော ဦးဖြိုးမင်းသိန်း / မျိုးမင်းစိုး / ဧရာဝတီ

8.2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့သစ်များ၊ ကွက်သစ်များ မဖော်ဆောင်ပါက ကျူးကျော်များအား နေရာချထားရန် အစိုးရ တွင် မြေမရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ညနေပိုင်းက တိုင်းအစိုးရ ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ဒုတိယ ၁ နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခြင်း ဖြစ်သည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
82
ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

14 May 2025
54
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
264

မြို့ကွက်သစ်နှင့် စက်မှုဇုန်များ အတွင်း မြေကွက်လပ်များမှာလည်း ပိုင်ဆိုင်မှုများရှိနေသည့်အတွက် ကွက်သစ်များ ဖော်ဆောင်ကာ ရင်းနှီးမြှုပ်နှံမှုများဖြင့် စက်ရုံအလုပ်ရုံများ တည်ထောင်ကာ ရွှေ့ပြောင်းနေထိုင်မည့် သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်းတီးပေးနိုင်ရန် ကြိုးပမ်းနေကြောင်းလည်း ဦးဖြိုးမင်းသိန်းက ပြောသည်။

ဦးဖြိုးမင်းသိန်းက“ ကျနော့်ရဲ့အမြဲတမ်း စိတ်ထဲမှာရှိနေတဲ့ ကိစ္စရပ်တခုဟာ ကျူးကျော်ပဲ ဖြစ်ပါတယ်။ ပြဿနာ တရပ် ကို ဖြေရှင်း ဆောင်ရွက်ရတော့မယ် ဆိုတဲ့နေရာမှာ ကျူးကျော်ကို ကျနော် အမြဲတမ်းစဉ်းစားပါတယ်” ဟု ပြောသည်။

စက်မှုဇုန်များ အတွင်းမှ မြေကွက်များနှင့် ပတ်သက်၍ အစိုးရအနေဖြင့် စိစစ်မှုများ ပြုလုပ်ရာတွင် အဆောက်အအုံ တည်ဆောက်လာမှုများ ရှိသော်လည်း မြေကွက်လပ်များလည်း ရှိနေပြီး ပိုင်ဆိုင်သူများအား ဆက်သွယ်ရန် ခက်ခဲနေ ကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။

စက်မှုဇုန်အတွင်း အကောင်အထည်ဖော် လုပ်ကိုင်ခြင်း မရှိသည့် မြေကွက်များနှင့် ပတ်သက်၍ ဥပဒေအရ ပြန်လည် သိမ်းဆည်းနိုင်သည့် အခြေအနေ ရှိသော်လည်း အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုကိုသာ လုပ်ကိုင်စေလိုကြောင်း အစိုးရ အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

တိုင်းအစိုးရ အနေဖြင့် ကျူးကျော်များနှင့် ပတ်သက်၍ စာရင်းကောက်ခံကာ စမတ်ကတ်များ ထုတ်ပေးထားပြီး ကျူးကျော် စာရင်းအရ ကတ်ပြား ထုတ်ယူထားသူ ၁ သိန်းခွဲ ခန့်တွင် လူဦးရေ ၄ သိန်းခန့် ပါဝင်နေကြောင်းလည်း သိရ သည်။

ကျူးကျော် နေထိုင်သူများ အတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများ တည်ဆောက်နိုင်ရန် မြေတန်ဖိုးကို နိုင်ငံ တော် မှ ထည့်ဝင်ပြီး ဘဏ်များဖြင့် ချိတ်ဆက်ကာ နှစ်ရှည် ရင်းနှီးမြှုပ်နှံမှုဖြင့် ပြုလုပ်သွားနိုင်ရန် ကြီးမားသည့် ရင်းနှီး မြှုပ်နှံ သူများကို ရှာဖွေ ညှိနှိုင်းနေကြောင်းလည်း အစိုးရအဖွဲ့က ပြောသည်။

ကျူးကျော်များအား အကြောင်းပြုကာ စီးပွား ရှာစားနေသူများနှင့် ကျူးကျော် နေရာများအား အခြေပြုကာ ရာဇဝတ်မှု ကျူးလွန်မှုများလည်း ရှိနေသည့် အတွက် အမှန်တကယ် ကျူးကျော် ဟုတ်မဟုတ်ကို စိစစ်ရမည် ဖြစ်ကြောင်းလည်း ဦးဖြိုးမင်းသိန်း က ပြောဆိုသွားသည်။

Your Thoughts …
Tags: ကျူးကျော်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ  တောင်းဆို

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

by ဧရာဝတီ
8 August 2023
2.8k

ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌသစ်ထံသို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၇ ခုက စာပို့ တောင်းဆိုလိုက်သည်။

ဒီဇင်ဘာ ၃ရက်နေ့က မန္တလေးမြို့တွင် ကျူးကျော်နေအိမ်များ ရှင်းလင်းပြီး တွေ့ရစဉ်

မန္တလေး၌ အင်အားသုံး ကျူးကျော်ရှင်းလင်းမှုကြောင့် နေထိုင်ရေး အခက်တွေ့နေ

by ဧရာဝတီ
7 December 2021
13k

အမှန်ပြောရမယ်ဆိုရင် အိမ်ငှားနဲ့ နေရတဲ့ဘဝကို စိတ်ကုန်လို့ ကျုးကျော်ရပ်ကွက်မှန်း သိပေမယ့် ဝယ်ပြီးနေခဲ့တာပါ။ အနည်းဆုံး ၅ နှစ်လောက် နေရရင်ပဲ တန်တယ်ဆိုတဲ့ စိတ်နဲ့ပေါ့။ အခုက သတိပေးစာ ပေးတယ်ဆိုပေမယ့် ညှိနှိုင်းမှုတော့ လုပ်ပေးရမယ်လေ။ ညှိနှိုင်းမှု ဘာတခုမှ...

ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်လာသည့် မြန်မာတိုက်လေယာဉ်  / Bangkok Post

ထိုင်းလေပိုင်နက်ကျူးကျော်မှု မြန်မာစစ်တပ် တောင်းပန်

by ဧရာဝတီ
1 July 2022
8.8k

ထိုသို့ မြန်မာစစ်တပ်၏ တိုက်လေယာဉ် ကျူးကျော်ပျံသန်းမှု ဖြစ်ခဲ့သလို ထိုင်းနိုင်ငံဘက်သို့ ကျည်ကျရောက် ပေါက်ကွဲမှု ကြောင့်လည်း မော်တော်ယာဉ် ၁ စီး ထိမှန်ခဲ့ပြီး လူ ၁ ဦး ထိခိုက်ခဲ့သလို စာသင်ကျောင်းများလည်း ပိတ်ခဲ့ရသည်။

တောင်ဒဂုံမြို့နယ်ရှိ ကျူးကျော်များအတွက် အစိုးရက ချထားပေးသည့် နေအိမ်များ / ထက်ခေါင်လင်း / ဧရာဝတီ

ရန်ကုန်တွင် ကျူးကျော်များအတွက် နေအိမ်များ စတင် ချထားပေး

by ထက်ခေါင်လင်း
10 March 2020
14.8k

ပထမအဆင့် အနေဖြင့် ကျနော်တို့ နေရာချထားပေးတာ။ ပထမ ကျူးကျော်စာရင်း ကောက်ပြီး စမတ်ကတ် ထုတ်ပေးတယ်။ နောက်တော့ အဲဒီထဲက တကယ်မှန်၊ မမှန်ကို GPS အင်တာနက်မြေပုံတွေနဲ့ပါ စစ်တယ်။ ပြီးမှ နေရာချထားပေးတယ်

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းတွင် နေအိမ်များ မီးရှို့ဖျက်ဆီးနေသည်သာမက ရန်ကုန်၊မန္တလေး မြို့ကြီးများတွင်  ရပ်ကွက်တချို့ကိုလည်း ကျူးကျော်ဟု ခေါင်းစဉ်တပ်ကာ ဖျက်ဆီးဖယ်ရှားမှုများလုပ်နေသည်

ကျေးလက်ကို မီးရှို့ကာ မြို့ပြအား အိမ်ရာမဲ့ ဖြစ်စေရန် စစ်ကောင်စီ လုပ်ဆောင်နေ

by ဧရာဝတီ
28 November 2022
10.5k

ထို့အပြင် အစုလိုက်အပြုံလိုက် အကြမ်းဖက်မောင်းထုတ်ခြင်းများသည် မကြာသေးမီက ကုလသမဂ္ဂ အထွေ ထွေ ညီလာခံ အစီရင်စာတွင် မကြာသေးမီက မိမိသတိပေးခဲ့သည့်အတိုင်း နိုင်ငံတကာ ဥပဒေအရ ရာဇဝတ်မှုမြောက် သည် ထိုအချက်ကို မြန်မာစစ်ကောင်စီအနေဖြင့် ကောင်းစွာသတိရသင့်သည်ဟုလည်း ဆိုထားသည်။

ကျူးကျော်ဟုဆိုကာ မြစ်ငယ်မြို့မှ အိမ်များ အင်အားသုံး ဖယ်ရှားခံရ / ဧရာဝတီ

ရန်ကုန်-မန္တလေးလမ်းဟောင်း ဘေးမှအိမ်များ ဖယ်ရှားရန် စာထုတ်လာပြန်

by ဧရာဝတီ
12 March 2022
11.5k

ယခုရက်ပိုင်းအတွင်း၌လည်း မန္တလေးတွင် စစ်ကောင်စီက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အားကောင်းသည့် လူဦးရေ ၈၀၀၀၀ ဝန်းကျင် နေထိုင်သော မြစ်ငယ်မြို့ကို ပိတ်ဆို့မှုများ ပြုလုပ်ပြီး ကျူးကျော်နေထိုင်သူများ ဟုဆိုကာ စက်ယန္တရား များ အသုံးပြု ဖြိုချဖျက်ဆီးခြင်းများ၊ ဖိအားပေး...

Next Post
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / မျိုးမင်းစိုး / ဧရာဝတီ

ရန်ကုန်တိုင်း၏ ကြားကာလ ၆ လ ဘတ်ဂျက် ရငွေ ၇ ဘီလီယံခန့် ပိုမိုရရှိဟုဆို

--

ဒေါ်လာဈေးတွေ စံချိန်ကျိုးအောင် တက်တဲ့အခါ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.1k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate