• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၉၀၀ လျော့ကျသွားဟု MIC ဥက္ကဋ္ဌ ပြော

by ထက်နိုင်ဇော်
25 August 2018
in သတင်း
A A
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ ဦးသောင်းထွန်း / ထက်နိုင်ဇော် / ဧရာဝတီ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ ဦးသောင်းထွန်း / ထက်နိုင်ဇော် / ဧရာဝတီ

28k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ယခင် ဘဏ္ဍာနှစ်၏ ရင်းနှီးမြုပ်နှံမှု အခြေအနေနှင့် နှိုင်းယှဉ်ပါက ပြည်ပရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန် ဒေါ်လာသန်း ၉၀၀ ခန့် လျော့နည်းသွားခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ ဦးသောင်းထွန်း က ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် သြဂုတ်လ ၂၄ ရက်နေ့က MIC ၏ လုပ်ငန်းများကိုရှင်းလင်းတင်ပြစဉ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ က ယင်းသို့ ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။

RelatedPosts

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

21 May 2025
369
ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

21 May 2025
9
ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
122

ဦးသောင်းထွန်းက “အမေရိကန် ဒေါ်လာသန်း ၉၀၀ ခန့် လျော့နည်းသွားခဲ့ပေမယ့် ရင်းနှီးမြှုပ်နှံ ဝင်ရောက်လာတဲ့နိုင်ငံနဲ့ လုပ်ငန်းကဏ္ဍတို့ ပိုမိုလာပြီး လုပ်ငန်း အရေအတွက်လည်း တိုးတက်လာတာကို တွေ့ရပါတယ်” ဟု ပြောသည်။

ပြည်ပ ရင်းနှီးမြှုပ်နှံမှု လျော့ကျသွားရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ မည်သည့် ကဏ္ဍများတွင် မည်သည့် အတွက်ကြောင့် လျော့ကျသွားသည် ဆိုသည်ကိုတော့ အသေးစိတ်ထုတ်ဖော် ပြောဆိုသွားခြင်း မရှိပေ။

ယခင် ဘဏ္ဍာနှစ် ၂၀၁၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၇ ခုတွင် နိုင်ငံပေါင်း ၂၅ ခုကလုပ်ငန်းပေါင်း ၁၃၈ ခုအတွက် အမေရိကန် ဒေါ်လာ ၆.၆၄၉ ဘီလီယံခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံပေါင်း ၂၈ ခုမှ ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုခဲ့ရာတွင် တရုတ်၊ နယ်သာလန်၊ ဂျပန်၊ ကိုရီးယား၊ ဗြိတိန်နှင့် အမေရိန် ပြည်ထောင်စု တို့သည် အများဆုံးရင်းနှီးသည့် နိုင်ငံများဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ စတင် ခွင့်ပြုခဲ့သည့် ၁၉၈၈ မှ ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံမှာတရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်း MIC အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အများဆုံးကဏ္ဍမှာ စက်မှုကဏ္ဍဖြစ်ပြီး ရင်းနှီးမြုပ်နှံမှု ပဏာမစုစုပေါင်း၏ ၃၀.၉၄ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ဒုတိယအများဆုံးမှာ အိမ်ရာနှင့် အဆောက်အဦဖွံ့ဖြိုးမှု ကဏ္ဍနှင့် တတိယမှာအခြားဝန်ဆောင်မှု ကဏ္ဍများ ဖြစ်ကြောင်းသိရသည်။

တကမ္ဘာလုံးရှိ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုငွေ ပမာဏဝင်ရောက်မှုသည် အမေရန်ကန်ဒေါ်လာ ၁၂၀၀ ခန့် ရှိရာ မြန်မာက ၎င်း တို့ထဲမှ ၅ ဘီလီယံခန့် ရရှိနေချိန်တွင် အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးဆိုင်ရာမူဝါဒ အပြောင်းအလဲများကြောင့် ရင်းနှီးမြှုပ်နှံလိုသူများသည် အမေရိကန်သို့ ရောက်ရှိ သွားသည်ဟု မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ပြောသ

“အရင်တုန်းက ကျနော်တို့နိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ တော်တော်လေးဝင်ခဲ့တယ်။ ဝင်ခဲ့တဲ့ အကြောင်းရင်းကဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ လာရင်းနှီးမြှုပ်နှံရင် ၁၀ ရာခိုင်နှုန်းလောက် အမြတ်ရကြတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့မှာဆိုရင် ၃၀ ရာခိုင်နှုန်းလောက် အမြတ်ရကြတယ်။ အခုဒီဘက်မှာကျတော့ အခွန်ကိုလည်း တိတိကျကျ ကောက်တယ်။ အလုပ်သမားပဋိပက္ခတွေလည်း ရှိလာတယ်” ဟု ၎င်းက ပြောသည်။

အစိုးရကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုကိုအားမပြုဘဲ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကိုသာအားပြုမည့် သဘောတွေ့ရကြောင်း၊ မြန်မာ၏ ငွေကြေးဖောင်းပွမှု ပြဿနာ၊ မြေယာကိစ္စများမရှင်းလင်းမှု၊ ဒေါ်လာဖြင့် အရောင်းအဝယ် မရဘဲ မြန်မာငွေသာအသုံးပြုနေရမှုများ ရှိနေကြောင်း၊ ခေတ်အဆက်ဆက်က စီးပွားရေးဆိုင်ရာ ဥပဒေများ ကောင်းမွန်သလောက် လက်တွေ့ကျင့်သုံးရာတွင် အကောင်အထည် မဖော်နိုင်သည်မှာ လက်ရှိအချိန်ထိ ဖြစ်ကြောင်း ဦးအောင်လှိုင်ဝင်းက ထောက်ပြသည်။

“ဟိုတရက်ကဆိုရင် ဧက ၅၀ လောက် လိုချင်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် တယောက်ကလာတယ်။ ဒီမြေတွေကိုဝယ်ရမှာလား။ အစိုးရက ပေးမှာလား ဆိုတာ ဒီနေ့ထက်ထိ မရှင်းသေးဘူး။ လိုအပ်လာလို့ရှိရင် အစိုးရက နိုင်ငံခြားမှာဆိုရင် မြေအလကားပေးတယ်။ ကျနော်တို့ နိုင်ငံမှာမြေဝယ်ရမယ်။ မြေပါရမယ်။ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးပါရမယ်။ အလုပ်အကိုင် နည်းပညာပါလာရမယ်။ အဲဒါတွေ ပြီးမှသာ MIC က ခွင့်ပြုတဲ့ အခြေအနေမှာရှိတယ်။ အကုန်ပြည့်စုံဖို့ ဆိုတာအစိုးရက လုပ်ပေးရမှာ။ အစိုးရကမဖြည့်ဆည်းပေးနိုင်ဘူး” ဟု ဦးအောင်လှိုင်ဝင်းက ထောက်ပြသည်။

တိုင်းပြည်၏ မြေဈေးနှုန်းမှာ အရမ်းကြီးမြင့်သဖြင့် ရင်းနှီးမြှုပ်နှံမှုများ သိပ်မလုပ်ကြတော့ကြောင်း၊ အစိုးရ၏စီးပွားရေးဆိုင်ရာ ပေါ်လစီကို သုံးသပ်နေကြပြီး နိုင်ငံရေး မတည်ငြိမ်မှုအပေါ်တွင်လည်း ထောက်ပြမှုများရှိကြောင်း၊ ယခု ပြင်ဆင်လိုက်သည့် စီးပွားရေးဆိုင်ရာ ဥပဒေများမှာ ကောင်းမွန်သည်ဟု ယေဘုယျ သုံးသပ်မိကြောင်း Myanmar CP ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးကျော်မျိုး က ပြောသည်။

ဦးကျော်မျိုး က“မြေအသုံးချခွင့်မှာ နိုင်ငံတော်က တော်တော်ကန့်သတ်ထားတာတွေ ရှိတဲ့အခါကျတော့ လယ်ယာမြေကနေ အခြားနည်းသုံးစွဲခွင့် မရတာတွေရှိတာပေါ့။ အဲဒါလေးတွေ ဖြေလျော့ပေးနိုင်မယ်။ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေးတွေ လုပ်ပေးနိုင်မယ်။ နိုင်ငံရေးလည်း တည်ငြိမ်မယ် ဆိုရင်တော့ ပိုကောင်းလာမယ်”ဟု ပြောသည်။

၎င်းကဆက်၍ “ရင်းနှီးမြှုပ်နှံဖို့ မစွန့်ရဲကြဘူး။ ယုံကြည်မှုလျော့တာပေါ့။ Mass Production (အလုံးအရင်းဖြင့် ထုတ်လုပ်ခြင်း) မရှိဘဲသူများနိုင်ငံကပဲ ဝယ်နေရတဲ့အခါကျတော့ ဈေးကစားချင်တဲ့သူက ဒီဒေါ်လာကိုပဲ ကိုင်စောင့်နေပြီးတော့ လုပ်တဲ့အခါကျတော့ သူတို့က ပိုပြီးအားသာတာပေါ့။ စီးပွားရေးဆိုတာ လည်ပတ်နေရမှာကိုး ဒီဟာကိုပဲကိုင်ကစားနေတော့ စီးပွားရေးကျတယ်ဆိုတာ အဲဒါပါပဲ။ ပို့ကုန်တွေအားနည်းနေတာပဲ”ဟု သုံးသပ်သည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၉ ခုတွင် ခွင့်ပြုမိန့် ထုတ်ပေးခဲ့သည့် လုပ်ငန်း ၂၂၂ ခုတွင် ခွင့်ပြုရင်းနှီးမြှုပ်နှံမှု ပမာဏမှာဒေါ်လာ ၄.၇၇၈ ဘီလီယံဖြစ်ကြောင်း၊ ဆောင်ရွက်ဆဲ ရင်းနှီးမြုပ်နှံမှု ၈၂ ခု၏ ရင်းနှီးမြုပ်နှံမှု ပမာဏမှာ ဝ.၉၄ ဘီလီယံတိုးမြင့် ခွင့်ပြုခဲ့ခြင်းကြောင်း စုစုပေါင်း ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၅.၇၁၈ ဘီလီယံဖြစ်ကြောင်း MIC မှ သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ၁၁ ခုတွင် လုပ်ငန်းအသစ် ၁၁၉ ခုကို ကျပ် ၃၅၈၂ ဘီလီယံဖြင့် လုပ်ကိုင် ရန် ဆောင်ရွက်ခွင့် ပြုခဲ့ကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်း ၂၄ ခုက ရင်းနှီးမြုပ်နှံမှု တိုးမြင့်ရန် ကျပ် ၃၉၅ ဘီလီယံ ဖြစ်၍ စုစုပေါင်းကျပ် ၃၉၇၈ ဘီလီယံရှိကြောင်းသိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “မြေတွေကိုအရင်တုန်းကလို မဆလခေတ်ကလို ပြည်သူပိုင် သိမ်းတာတွေ မလုပ်ဘူး။ မသိမ်းဘူးလို့ပြောရုံနဲ့ ကျနော်တို့ဆီလာလုပ်မှာမဟုတ်ဘူး။ အကျိုးအမြတ် ရှိမှသာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကလာမှာ။ ရင်းနှီးမြှုပ်နှံမှု အခြေအနေက လာမယ့်နှစ်မှာလည်း ဒီအတိုင်းကြီးပဲဆက်သွားမယ်ဆိုရင်တော့ အလားအလာ မကောင်းဘူးလို့ ပြောချင်တယ်” ဟု သတင်းထောက်များကို ပြောပြခဲ့သည်။

Your Thoughts …
Tags: ပြည်ပရင်းနှီးမြုပ်နှံမှု
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး / အဲမလီ / ဧရာဝတီ

“ရွှေထီးဆောင်းတဲ့ဘဝ ပြန်ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

by မေစိုးစံ
12 August 2016
751

အမေရိကန်နိုင်ငံက ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး ကြောင့် ဖြစ်လာနိုင်သည့် အကျိုးကျေးဇူး၊ စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး နှင့် ဧရာဝတီ သတင်းထောက် မေစိုးစံက တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

Next Post
"Foldable စမတ်ဖုန်း" လို့ခေါ်တဲ့ ကွေးခေါက်နိုင်တဲ့ဖုန်းတွေ ထွက်တော့မယ်ဆိုတဲ့ သတင်းတွေ ကြားနေရတာ ကြာပါပြီ

စမတ်ဖုန်း ဈေးကွက်ကို တဆစ်ချိုး ပြောင်းလဲပစ်နိုင်တဲ့ ကိုယ်ထည်ပျော့ Foldable ဖုန်းများ

စွမ်းသလောက်တော့ ကြိုးစားပါတယ်

စွမ်းသလောက်တော့ ကြိုးစားပါတယ်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.2k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate