• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ချုပ်ဟောင်းတချို့ အမျိုးသား နိုင်ငံရေးပါတီ အမည်ဖြင့် ပါတီထူထောင်ရန် စီစဉ်နေ

by ထက်နိုင်ဇော်
27 August 2018
in သတင်း
A A
ပါတီကို ထူထောင်သူများနှင့် UEC တို့က အသေးစိတ် ဖြေကြားရန် ငြင်းဆန်နေ၍ မည်သည့် မူဝါဒ၊ မည့်သည့် ရည်ရွယ်ချက်တို့ဖြင့် နိုင်ငံရေး လုပ်ဆောင်မည်ကို ယခု အချိန်အထိ မရှင်းလင်းသေးပါ / ထက်နိုင်ဇော်

ပါတီကို ထူထောင်သူများနှင့် UEC တို့က အသေးစိတ် ဖြေကြားရန် ငြင်းဆန်နေ၍ မည်သည့် မူဝါဒ၊ မည့်သည့် ရည်ရွယ်ချက်တို့ဖြင့် နိုင်ငံရေး လုပ်ဆောင်မည်ကို ယခု အချိန်အထိ မရှင်းလင်းသေးပါ / ထက်နိုင်ဇော်

14.8k
VIEWS
Share on FacebookShare on Twitter

သမ္မတရုံး ဝန်ကြီးဟောင်း ဗိုလ်ချုပ် (ငြိမ်း) ဦးစိုးမောင်၊ စာရင်းစစ်ချုပ်ဟောင်း ဦးလွန်းမောင်တို့သည် အမျိုးသား နိုင်ငံရေး ပါတီ အမည် ဖြင့် နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေနှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)သို့ လာရောက် လျှောက်ထားသဖြင့် ဥပဒေနှင့်အညီ စိစစ်လျက်ရှိကြောင်း သတင်းရရှိသည်။

UEC ကော်မတီဝင်၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်က “အမျိုးသား နိုင်ငံရေးပါတီဆိုပြီးတော့ လာလျှောက်ထားတယ်။ လာတင်သွားတော့ ရက်ပိုင်းပဲ ရှိသေးတယ်။ အနည်းဆုံး ၁၅ ယောက် တင်ရမှာ။ ဘယ်သူတွေ ပါလဲဆိုတာတော့ အကုန်မမှတ်မိဘူး။ ကျနော်သိသလောက် ဦးစိုးမောင်နဲ့ အရင်စာရင်းစစ်ချုပ် ဦးလွန်းမောင်တို့ ပါတာတော့ မှတ်မိတယ်။ တင်လာတာကို လုပ်ထုံးလုပ်နည်းနဲ့အညီ စိစစ်မှုတွေ လုပ်နေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
451
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
73
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
59

ပါတီ ဦးဆောင်လျှောက်ထားသူမှာ ဦးသိန်းစိန် အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ဟောင်း ဦး စိုးမောင်၊ စာရင်းစစ်ချုပ် ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်နှင့် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဥက္ကဌဟောင်း ဦးကျော်သူတို့ ပါဝင်သည်ဟု ကြားသိရကြောင်း ဗိုလ်ချုပ်ဟောင်း ဦးကိုကိုနိုင်က ပြောသည်။

ဦးကိုကိုနိုင် “ကျနော်လည်း တဆင့်ကြားတာပါ။ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်က ဦးဆောင်တယ်လို့ ကြားတယ်။ ဦးကျော်သူ၊ ဦးလွန်းမောင်တို့ပါတယ်။ ကနဦးလျှောက်တာဆိုတော့ ၁၅ ယောက် နာမည်စာရင်း ဖော်ပြထားတယ်လို့ ကြားတယ်” ဟု ဆိုသည်။

သမ္မတရုံး ဝန်ကြီးဟောင်းဦးစိုးမောင်ကမူ ရွေးကောက်ပွဲ ကော်မရှင်၏ ပြန်ကြားချက် မရရှိသေးချိန်တွင် တစုံတရာ ပြောဆိုရန် ၎င်းတို့ အနေဖြင့် အဆင်သင့် မဖြစ်သေးကြောင်း၊ ပါတီရေးရာကိစ္စများကို တဦးတည်း သဘောဖြင့် ဆုံးဖြတ် ပြောဆိုခြင်းမျိုး လုပ်ခွင့်ပြုမထား၍ နောက်ပိုင်းမှသာ ပြောဆိုနိုင်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“နေဦးဗျာ။ အဲဒါတွေက ပြောဖို့ စောသေးတယ်။ နည်းနည်းလေး စီစဉ်လိုက်ဦးမယ်။ နောက်ကျရင် ပြောပါ့မယ်။ ကျနော်တို့ကလည်း ပြော ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်နော်”ဟု ၎င်းက တုန့်ပြန်ခဲ့သည်။

ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေး လေ့ကျင့်ရေးအဖွဲ့ ဥက္ကဌဟောင်း ဦးကျော်သူကမူ ၎င်းဖြင့် ပုဂ္ဂိုလ်ရေး ခင်မင်သူများက ပါတီဝင်ရန် ကမ်းလှမ်းမှုများ ရှိနေသော်လည်း ပါတီနိုင်ငံရေး လုပ်ရန် ဝါသနာ မပါသေးကြောင်း၊ လက်ရှိ ကြံ့ခိုင်ရေးပါတီကလည်း ကမ်းလှမ်းမှုများ ရှိခဲ့ဖူးကြောင်း ပြောပြသည်။

“ပါတီထောင်ဖို့ စီစဉ်နေတဲ့ မိတ်ဆွေတချို့ကလည်း ကမ်းလှမ်းတာမျိုးတွေတော့ ရှိတယ်။ ကျနော်က ကိုစိုးမောင်တို့နဲလည်း ခင်ပါတယ်။ သူကတော့ တက်တက်ကြွကြွ လုပ်နေပါတယ်။ ဗိုလ်ချုပ် စိုးမောင်ကတော့ ပါတီထောင်ဖို့ ထဲထဲဝင်ဝင် လုပ်နေတယ်။ ကျနော်တို့က ကျောင်းကလည်း သိနေတော့။ ကျနော်တို့က တဖွဲ့တည်းလို ဖြစ်နေတော့လေ။ အချိန်တန်ရင်တော့ ထွက်လာမှာပေါ့ဗျာ”ဟု ဦးကျော်သူက ဆိုသည်။

ထို့ကြောင့် ယင်းပါတီကိစ္စကို ထူထောင်သူများနှင့် UEC တို့က အသေးစိတ် ဖြေကြားရန် ငြင်းဆန်နေ၍ မည်သည့် မူဝါဒ၊ မည့်သည့် ရည်ရွယ်ချက်တို့ဖြင့် နိုင်ငံရေး လုပ်ဆောင်မည်ကို ယခု အချိန်အထိ မရှင်းလင်းသေးပါ။

ဗိုလ်ချုပ်ဟောင်း ဦးစိုးမောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်အဖြစ် ရေစကြိုမြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်မှာ မွန်ပြည်နယ်၊ ဘီ်းလင်းမြို့တွင် အောင်ပြည့်စုံ အမည်ဖြင့် ထမင်းဆိုင်ဖွင့်ကာ ကိုယ်တိုင် စားပွဲထိုးလုပ်သဖြင့် မီဒီယာများတွင် မကြာခဏ ဖော်ပြခံရလေ့ရှိသူ တဦး ဖြစ်သည်။ ယခုကိစ္စတွင်မူ ဦးလွန်းမောင်နှင့် ဆက်သွယ်၍ မရရှိခဲ့ပါ။

ဗိုလ်ချုပ်ဟောင်းများ ပါတီထောင်တခု ထူထောင်ရန် ကြိုးပမ်းလာသဖြင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း ၂၀၂၀ တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုတခုဟု သုံးသပ်မိသော်လည်း ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်ပါသည်ဆိုပါက မဖြစ်နိုင်ကြောင်း ကြံ့ခိုင်ရေးပါတီမှ ခေါင်းဆောင်တဦးက ပြောသည်။

ဦးရွှေမန်း၏ အထူးကော်မရှင်မှ အဖွဲ့ဝင်တဦးဖြစ်သူ ဦးကိုကိုနိုင်ကမူ“လာမယ့် ရွေးကောက်ပွဲမှာ ဦးရွှေမန်းအတွက် နိုင်ငံရေး အခွင့် အလမ်း ဆိုတာမျိုး မဟုတ်ပါဘူး။ ဦးစိုးမောင်ပဲ ဦးစီးနိုင်ပါတယ်။ သူနဲ့ နီးစပ်ရာသူတွေနဲ့ပဲ ပူးပေါင်းလုပ်တာမျိုးလို့ပဲ မြင်တယ်။ ကျန်တာတွေနဲ့ ပေါင်းဖို့ မရှိလောက်ပါဘူး”ဟု ပြောသည်။

ယခု ပါတီထူထောင်ရာတွင် ပါဝင်သည်ဆိုသော စာရင်းစစ်ချုပ်ဟောင်း ဦးလွန်းမောင်သည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် စာရင်းစစ်ချုပ် ရာထူးမှ နုတ်ထွက်သွားရမှုသည် ဦးရွှေမန်းကြောင့်ဟု နိုင်ငံရေး အသိုင်းအဝိုင်းက လက်ခံထားပြီး ထိုစဉ်က ဦးရွှေမန်းသည် နောက်ကြောကို ဓါးနှင့် ထိုးသည်ဟု ဗိုလ်ချုပ် လွန်းမောင်က ပြောခဲ့ကြောင်း မီဒီယာများတွင် ဖော်ပြရေးသားခဲ့ဖူးသည်။

ဦးရွှေမန်းနှင့် ဦးလွန်းမောင်ကြားတွင် မည့်သည့် ပြဿနာမျှ မရှိဘဲ မိသားစုချင်းပါ ဆက်ဆံရေးကောင်း၍ ယခုအချိန်အထိ အခင်အမင် မပျက် ဆက်ဆံလျက်ရှိကြောင်း၊ ထို့ပြင် ပြီးခဲ့သည့်နှစ်က လွှတ်တော် အမတ်ဟောင်းတဦးသည် ဘီ်းလင်းမြို့သို့ရောက်ခိုက် ဗိုလ်ချုပ် ဟောင်း ဦးလွန်းမောင်အား “နောက်ကျောကို ဓါးနဲ့ထိုးတယ်”လို့ ပြောခဲ့ပါသလားဟု မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် မပြောခဲ့ဟု ဖြေကြားခဲ့ဖူးသည်ဟု ဦးရွှေမန်း အသိုင်းအဝိုင်းမှ သိရသည်။ ကာကွယ်ပြောဆိုသည်။ ယင်းပြောဆိုချက်ကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

Your Thoughts …
Tags: ရွေးကောက်ပွဲ ကော်မရှင်အမျိုးသား နိုင်ငံရေးပါတီ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

မိုဒီ တတိယသက်တမ်း အနိုင်ရသော်လည်း တောင်ပြိုကမ်းပြို မဟုတ်

မိုဒီ တတိယသက်တမ်း အနိုင်ရသော်လည်း တောင်ပြိုကမ်းပြို မဟုတ်

by ဧရာဝတီ
5 June 2024
1.7k

BJP သည် ထင်သလောက် အောင်ပွဲမခံနိုင်ခဲ့ပေ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရမှုကို ရန်ကုန်တွင် အောင်ပွဲခံနေသည့် NLD ထေက်ခံသူများ / ဧရာဝတီ

ရွေးကောက်ပွဲဖြင့် ကမ္ဘာသို့ လိမ်မည့် စစ်ကောင်စီအကြံ ကျဆုံးခန်း

by ဧရာဝတီ
19 April 2023
10.9k

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲကို စစ်ကောင်စီ အာဏာတည်မြဲရေးတွက် အခွင့်အလမ်းတခုအဖြစ် ရှုမြင်သည်။

၂၀၂၂ ခုနှစ်၊ ဧပြီလက နေပြည်တော်တွင် အိန္ဒိယသံအမတ် မစ္စတာ ဗီနေးကူးမားက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်စဉ်  / Cincds

မြန်မာစစ်ကောင်စီ၏ ကိုယ်ပျောက်မိတ်ဆွေ အိန္ဒိယ

by ဧရာဝတီ
30 September 2022
4.1k

စစ်အာဏာသိမ်းပြီးချိန် နောက်ပိုင်းတွင် အိန္ဒိယသည် စစ်ကောင်စီနှင့်ဆက်ဆံရေး ဆက်လက်ထားရှိပြီး သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ နယ်ပယ်များတွင် ဆက်ဆံရေး ကြီးထွားလာနေသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေပြည်တော်တွင် USDP က ပါတီဝင်များအား ဝါးချွန်များ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား

ပါတီဝင်များကို ဝါးရင်းတုတ်များ ကြံ့ဖွံ့ တပ်ဆင်

by ဧရာဝတီ
1 March 2023
5k

USDP ပါတီဝင်များသည် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) ကို တိုက်ခိုက်ရာတွင် ပျူစောထီးများ၊ စစ်မှုထမ်းဟောင်းများနှင့်အတူ ပါဝင်နေသည်။

--

ဒဂုံမဲဆန္ဒနယ်တွင် ပယ်မဲကိစ္စ အငြင်းပွားမှုဖြစ်

by သက်နှင်းထွေး
8 November 2020
20k

အဲဒီလို စုတ်ပြဲသွားတဲ့မဲကို မဲရုံတာဝန်ကျသူတွေက စောင့်ကြည့်သူတွေကို ပြသပြီး ပယ်မဲ မလုပ်ဘဲ အတည်ပြုလိုက်တာ ကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၁ မှ ကိုယ်စား လှယ်လောင်း ဦးကျော်ဇေယျက...

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး  / ဧရာဝတီ

ဗိုလ်ချုပ်ဟောင်းအချို့ ထူထောင်မည့် အမျိုးသားနိုင်ငံရေးပါတီကို ပြည်ထဲရေး စိစစ်နေ

by ထက်နိုင်ဇော်
16 November 2018
33.5k

ပြည်ထဲရေးဌာနကို ပေးထားတယ်။ ဒါပါတီတိုင်း ပါတီတိုင်း အဲဒီလို ပေးလိုက်တာပဲ။ သူတို့ဆီက ပြန်လာမှ၊ သူတို့က စိစစ်ပြီးတော့ ပြန်လာရင် ရွေးကောက်ပွဲ ကော်မရှင်ကတော့ တောက် လျှောက် လုပ်သွားတာပဲ။

Next Post
အာရှနိုင်ငံမှာလည်း ထုတ်ပြန်ထားတဲ့ ထူးဆန်းတဲ့ဥပဒေတွေရှိပါတယ်

အာရှနိုင်ငံတွေက ထူးဆန်းတဲ့ စည်းကမ်းများ

Youtube မှာ စံချိန်သစ်တင်လိုက်တဲ့ BTS တေးဂီတအဖွဲ့

Taylor Swift ရဲ့ Youtube စံချိန်ကို ရိုက်ချိုးလိုက်တဲ့ BTS အဖွဲ့ရဲ့ "Idol" ဂီတဗီဒီယို

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.2k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate