• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KNPP နှင့် ANC တို့ အပစ်ရပ်လက်မှတ်ထိုးရေး နည်းလမ်းပျောက်နေဟုဆို

by ချစ်မင်းထွန်း
27 August 2018
in သတင်း
A A
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော UNFC အစည်းအဝေးတခု / ကျော်ခ / ဧရာဝတီ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော UNFC အစည်းအဝေးတခု / ကျော်ခ / ဧရာဝတီ

19.4k
VIEWS
Share on FacebookShare on Twitter

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များဖြစ်သော ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့မှာ အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးရန် နည်းလမ်းပျောက်နေကြောင်း UNFC ဥက္ကဋ္ဌ နိုင်ဟံသာ က ဆိုသည်။

UNFC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သော KNPP နှင့် ANC တို့သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးနိုင်ရေး အစိုးရနှင့် ညှိနှိုင်းမှုပြတ်တောက်နေသည့် အဖွဲ့များ ဖြစ်သည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
3
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
266
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
68

UNFC ဥက္ကဋ္ဌ နိုင်ဟံသာ က “အဓိကတော့ နည်းလမ်းတော့ မရှိသေးဘူးဗျ။ အဓိက အစိုးရဘက်က သဘောထား ကြီးမှု ပေါ်မှာပဲ မူတည်တယ်။ ကျနော်တို့ ဆက်လက်ပြီးတော့မှ နည်းလမ်းရှာသွားမယ်လေ” ဟု ပြောသည်။

KNPP အနေဖြင့် NCA ထိုးလာနိုင်ရေးအစိုးရနှင့် KNPP ကြား ၂၀၁၈ ခုနှစ်၊ မတ်လကအလွတ်သဘောတွေ့ ဆုံဆွေးနွေးမှု၊ ဧပြီ ၂၆ ရက်ကတရားဝင် ဆွေးနွေးခဲ့မှုနှင့် ဇူလိုင်လက အလွတ်သဘောဆွေးနွေးမှုတို့ ရှိခဲ့ကြသော်လည်း ပြေလည်မှုမရရှိခဲ့ဘဲ တွေ့ဆုံဆွေးနွေးမှုများ ရပ်တန့်နေသည်။

ယခုလလယ်ပိုင်းမှာ KNPP နှင့် အစိုးရတရားဝင် ဆွေးနွေးရန် ညှိနှိုင်းထားကြသော်လည်း အစိုးရဘက်က အကြောင်းပြန် မလာခြင်းကြောင့် ယနေ့တိုင် မဆွေးနွေးနိုင်ဘဲ ဖြစ်နေကြောင်း KNPP ၏ လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံခူးညေးရယ်က ပြောသည်။

KNPP နှင့် ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ကြား တွေ့ဆုံဆွေးနွေးမှု မဖြစ်မြောက်သည့်အပေါ် PC မှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင် ဖြေကြားမှု မရှိကြပေ။

KNPP အနေဖြင့် NCA မထိုးနိုင်သေးခြင်းမှာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က ကယားပြည်နယ်၊ လွိုင်ကော်မြို့ နယ်၊ ပါလောင်ကျေးရွာ အနီးတပ်စခန်းရှိ KNPP မှ တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦးကိုတပ်မတော်ကပစ်ခတ် သတ်ဖြတ်မှုအပေါ် အစိုးရ၊ တပ်မတော်ဘက်က ထိရောက်သည့် အရေးယူဆောင်ရွက်ပေးမှု မရှိသေး ခြင်းနှင့် Bilateral ပါ သဘောတူညီများ အကောင် အထည်ဖော်မှု အားနည်းနေခြင်း၊ UNFC အဆိုပြုချက် ၈ ချက်အပေါ် ကျေလည်မှု မရှိသေးခြင်းကြောင့်ဟု ပြောထားသည်။

ထို့ပြင် ANC ကမူလက်နက်ကိုင် တပ်ဖွဲ့ ရှိခြင်းမရှိခြင်းအပေါ် အစိုးရနှင့် ညှိနှိုင်းမရခြင်းကြောင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက် NMSP ၊ LDU တို့နှင့်အတူ NCA မထိုးနိုင်ဘဲ ဖြစ်ခဲ့ပြီးယနေ့မှာတော့ အစိုးရဘက်ကတွေ့ ဆုံဆွေးနွေးရန် လမ်းကြောင်းပင် မရှိတော့ကြောင်းသိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူတဦးက “ANC ကို အစိုးရက တွေ့ဆုံဖို့ တောင် အစီအစဉ်မရှိတော့ဘူးလို့ သိရတယ်။ တကယ်လို့ ANC က LDU လို သဘောတူပြီး လက်မှတ်ထိုးမယ်ဆိုရင်တော့ တမျိုး ဖြစ်လာနိုင်ကောင်း ဖြစ်လာနိုင်တယ်။ JMC တို့ JICM တို့လို စည်းအဝေးမှာတက် ခွင့်မရဘူးပေါ့။ တပ်မရှိုလို့ ဒါပေမယ့် UPDJC တို့ ပင်လုံညီလာခံတို့ကတော့ တက်လို့ ရတယ်ပေါ့။ အဲဒါကို ANC ဘက်ကတပ်ရှိတယ် အကုန်တက်ချင်တယ်ဆိုတော့ ညှိမရဘဲ ဖြစ်သွားကြတာ” ဟု ပြောသည်။

UNFC သည် ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးတရပ်ကို ၂၀၁၈ ခုနှစ်၊သြဂုတ် ၂၆ ရက်ကကျင်းပခဲ့ပြီးလက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဆက်လက်ပါဝင် ဆောင်ရွက်ရေးနှင့် UNFC ၏ ရှေ့လုပ်ငန်းစဉ် များကိုဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

UNFC တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်အမျိုးသားကောင်စီ (ANC)တို့ ပါဝင်ကြသည်။

NMSP နှင့် LDU သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က NCA ကိုလက်မှတ်ရေးထိုးခဲ့ရာ KNPP၊ ANC မှာယနေ့တိုင် အကြောင်းအမျိုးမျိုးကြောင့် လက်မှတ်မထိုးနိုင်သေးဘဲ ဖြစ်နေသည်။

Your Thoughts …
Tags: UNFC
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

ခရီးကြမ်းနှင်လာခဲ့သော မြောက်ပိုင်းညီနောင်သုံးဖွဲ့

ခရီးကြမ်းနှင်လာခဲ့သော မြောက်ပိုင်းညီနောင်သုံးဖွဲ့

by ကိုဦး
10 November 2023
8.6k

တောင့်တင်းသော လက်နက်ကိုင်တပ် မရှိလျှင် မြန်မာစစ်တပ်က မောက်မာစွာ ဆက်ဆံသည်ကို နာနာကျည်းကျည်း ခံစားပြီးနောက် ပေါ်ပေါက်လာသည့် စစ်ရေးမဟာမိတ်အဖွဲ့ ဖြစ်၏။

၈ နှစ်ပြည့်သော်လည်း NCA အလုပ်မဖြစ်

၈ နှစ်ပြည့်သော်လည်း NCA အလုပ်မဖြစ်

by ဇေယျ (အညာ)
18 October 2023
5.6k

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့ NCA လက်မှတ်ရေးထိုးရာ EAO တပ်ဖွဲ့အများစု၊ EAO အင်အားအများစု မပါဝင်ခဲ့ကြသဖြင့် အစမကောင်းခဲ့ပေ။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သော UNFC ပထမဆုံး ညီလာခံ / ကျော်ခ / ဧရာဝတီ

UNFC တပ်ပေါင်းစု အတွင်းက အက်ကွဲသံ

by နန်းလွင်နှင်းပွင့်
26 January 2018
20.8k

အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF)၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) တို့ တုန်းကလည်း ပြိုကွဲမှုများ ရှိခဲ့ဖူးသည်။

လက်မှတ်ရေးထိုးပွဲတွင် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က သမ္မတ ဦးထင်ကျော်နှင့် လက်ဆွဲနှုတ်ဆက်စဉ်  / မျိုးမင်းစိုး

UNFC ကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့

by Joe Kumbun
21 February 2018
6.4k

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် သမဂ္ဂ နှစ်ဖွဲ့လုံး NCA ကို လက်မှတ်ရေးထိုးလိုက်သောကြောင့် UNFC အနာဂတ် ကံဆိုးမိုးမှောင်ကျသွားသည်။

UNFC , FUA , ပြည်ထောင်စုတပ်မတော်, ငြိမ်းချမ်းရေး , ဖက်ဒရယ်, နိုင်ငံရေး , အပစ်အခတ်ရပ်စဲရေး

UNFC ၏ ပြည်ထောင်စု တပ်မတော် စစ်ဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်း

by နန်းလွင်နှင်းပွင့်
3 December 2014
5.8k

FUA ၏ တောင်ပိုင်းစစ်ဒေသဆိုင်ရာ စစ်ဦးစီးချုပ် အဖြစ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်( KNU-KNLA) မှ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဘောကျော်ဟဲ ကို ခန့်အပ်လိုက်ပြီး မြောက်ပိုင်းစစ်ဒေသဆိုင်ရာ စစ်ဦးစီးချုပ် အဖြစ် ကချင်...

NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေး  / ကျော်ခ / ဧရာဝတီ

NCA ထိုးမယ်လို့ နိုင်ငံတော် အကြီးအကဲတွေကို ကတိကဝတ် ပြုထားပြီးပြီ

by ချစ်မင်းထွန်း
28 January 2018
14.1k

ကျနော်အနေနဲ့ UNFC ရဲ့ ထုတ်ပြန်ချက်ကိုဘာမှ ပြောစရာမရှိဘူး။ ဒါပေမယ့် ကျနော်မသိဘူး။ ကျနော်နာမည် ဖြုတ်ပေးပါလို့ ပြောထားတယ်။

Next Post
ဖေ့ဘွတ်တွင် အမုန်းစကား၊ စော်ကားမှု၊ အချက်အလက်မှား စသည်တို့ကို လူအစား AI (ဉာဏ်ရည်တု) ဖြင့် အကဲဖြတ်သည့် စနစ်ဖြင့် တည်ဆောက်ထားပြီး ယခုအခါ မြန်မာဘာသာစကား ကျွမ်းကျင်သည့် သုံးသပ်သူများကိုလည်း ခေါ်ယူ၍ တာဝန် ပေးထားသည် / Reuters

တပ်ချုပ် ဖေ့ဘွတ်အကောင့် အပိတ်ခံရ

ကမ္ဘာတဝှမ်းက ရုပ်ရည်ချောမောပြီး ချမ်းသာကြွယ်ဝတဲ့ တော်ဝင်မင်းသားများ

ကမ္ဘာတဝှမ်းက ရုပ်ရည်အချောမောဆုံး တော်ဝင်မင်းသားများ

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate