သတင်း

ဒေါက်တာအေးမောင်တို့အမှု လာမည့်ရုံးချိန်းတွင် စွဲချက် အမိန့်ချမည်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်ပုန်ကန်မှု အပါအဝင် ကြီးလေးသော ပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် အမ်းမြို့ နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေး ဆရာဝေဟင်အောင် တို့အမှု အား စွဲချက် တင်သင့် ၊ မတင့်သင့်ကို လာမည့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံး မှ အမိန့် ချမှတ်မည် ဖြစ်သည်။

အဆိုပါ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေး ဆရာဝေဟင်အောင်တို့ အမှု နှင့်ပတ်သက်၍ သြဂုတ်လ ၂၇ ရက်နေ့က စစ်တွေခရိုင်တရားရုံးတွင် နှစ်ဘက် ရှေ့နေများက စွဲချက် တင်သင့် ၊ မတင်သင့်ကို နှစ်ဘက် အပြန်အလှန် လျှောက်လဲ ချက်ပေးခဲ့ကြသည်။

ဒေါက်တာအေးမောင် အမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က “ဒီနေ့လျှောက် လဲချက်ပေးတယ်။ အမိန့်ချဖို့ စက်တင်ဘာ ၁၀ ရက်နေ့ ချိန်းတယ်။ အဲဒီမှာ တရားသူကြီးက စွဲချက် မတင်သင့်ဘူးဆိုတဲ့ ကျနော်တို့ဘက်က လျှောက်လဲ တင်ပြတာကို လက်ခံရင်  စွဲချက်မတင်ဘဲ လွတ်နိုင်တယ်။ သူကစွဲချက် တင်သင့်တယ်လို့ ယူဆရင် စွဲချက်တင်နိုင်တယ်ပေါ့၊ ဒါကတော့ တရားသူကြီး ဆုံးဖြတ်တဲ့ အပေါ်မှာ ပဲမူတယ် ” ဟု သတင်းမီဒီယာ များသို့  ပြောကြားခဲ့ သည်။

အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား စွဲဆိုထားသည့် အမှု ၃ မှုနှင့် ပတ်သက်၍ လျှောက်လဲချက်ပေးရာတွင် နိုင်ငံတော်ပုန်ကန်မှုအတွက် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန် ၊ နိုင်ငံတော် အကြည်အညိုပျက်စေမှုအတွက် တရားလွှတ်တော်ရှေ့နေ ဦးခင်နု ၊ မတရားအသင်းဆက်သွယ်မှုအက်ဥပဒေအတွက် တရားလွှတ်တော်ရှေ့နေ ဦးစံရွှေမောင် စသည့် ရှေ့နေကြီး ၃ ဦးက အသီးသီး လျှောက်လဲတင်ပြခဲ့ကြသည်။

ထိုသို့ တရားရုံတော်သို့  လျှောက်လဲချက် ပေးရာတွင် ဒေါက်တာအေးမောင်၏ ပြောပြောချက်များ သည် တရားလို ဘက်က စွပ်စွဲထားသည့် ဥပဒေနှင့် ငြိစွန်းမှုမရှိကြောင်း၊ “ဗမာတွေက ရခိုင်တွေကို ကျွန်လိုသဘောထား တယ် ” ဆို သည့်  တရားလို စွပ်စွဲထွက်ဆိုချက်ပါ အတိုင်း ဒေါက်တာအေးမောင် မပြောခဲ့ကြောင်း ၊ ဒေါက်တာအေးမောင် ဟောပြော ချက်မှာ “ အင်္ဂလိပ်လက်အောက်မှာ ကျွန်ဖြစ်တယ်၊ အခုတိုင်းရင်းသားတွေ ရင်ထဲမှာ ဗမာဆီမှာ ကျွန်ဖြစ်နေတယ်လို့ ခံစားရရင် နှစ်ပေါင်း ၇၀ကြာ ပြည်တွင်းစစ်ရပ်ဖို့ ဗမာတွေ ပြန်လည်သုံးသပ်ဖို့လိုတယ်  ”စသည့်  စကားကိုသာ  ဒေါက်တာ အေးမောင် ဟောပြောခဲ့ခြင်း ဖြစ်ကြောင်းကို လျှောက်လဲခဲ့ကြောင်း တရားလွှတ်တော် ဦးအောင်ကျော်စိန်က  ဆက်လက်ပြောကြားသည်။

အလားတူ စာရေးဆရာဝေဟင်အောင် အမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “ဟောပြောချက် အကြောင်းခြင်းရာက ဒီလိုနိုင်ငံတောပုန်ကန်မှု ဖြစ်အောင် ၊ မတရားအသင်းဝင် ဖြစ်တယ် ၊ အစည်း အဝေးကို တက်တယ်။ စိုးရိမ်အောင် ထိတ်လန့်အောင် လုပ်တယ်ဆိုတဲ့ မပေါ်တဲ့ အချက်မှာ ကျမတို့က အကြောင်းခြင်း ရာအားဖြင့်လည်း စွဲချက်တင်စရာ အကြောင်းမပေါ်ဘူး ၊ ဥပဒေ အားဖြင့်လည်း စွဲချက်တင်စရာ မပေါ်ဘူးဆိုတဲ့ လျှောက်လဲချက်မျိုးကို ပေးခဲ့ပါတယ် ” ဟု သတင်းမီဒီယာများသို့ ပြောသည်။

တရားရုံးထုတ်အပြီး ဒေါက်တာအေးမောင်ကလည်း ယင်းတို့၏ ဟောပြောချက်များမှာ စွပ်စွဲချက်ပါ အကြောင်းအရာနှင့် ငြိစွန်းမှု မရှိကြောင်း ၊ တရားလိုဘက်က စွပ်စွဲတင်ပြထွက်ဆိုထားသည့် ဗမာတွေက ရခိုင်တွေကို ကျွန်လို သဘောထား သည် ဆိုသည့်  အသုံးအနှုန်းအားလည်း ပြောဆိုခဲ့ခြင်း မရှိကြောင်း သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

ဒေါက်တာအေးမောင်က  “ဗမာကျွန်အဖြစ် ဆိုတဲ့စကားကို ကျနော်မသုံးခဲ့ဘူး ။ ကျနော်တို့မှာ အသံဖိုင် တွေ ရှိပါတယ်။  မသုံးခဲ့တာကို သူတို့ ရေးချင်ရာရေးပြီး ယူလာတယ်။ ဒါဟာ ဗမာနဲ့ ရခိုင်ကို ရန်တိုက်သလို ဖြစ်နေတယ်  ။ ကျနော်က တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကိုသွားတာ ။  အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို နှစ် ၇၀ လောက် ပြဿနာကို ဘယ်လို ပြန်ပြီးတော့ စေ့စပ်မလဲဆိုတဲ့ အမြင်လေးနဲ့ပဲ ပြောဆိုခဲ့တာ ရှိပါတယ်  ” ဟု ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့ ၌ကျင်းပသော ရခိုင်နိုင်ငံတော် အချုပ်အခြာအာ ဏာကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ်  စာပေ ဟောပြောပွဲနှင့် ပတ်သက်ပြီး ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့၏ ဟောပြောချက်များသည် ဥပဒေနှင့် မလွတ်ကင်း ဟုဆိုကာ အစိုးရက  နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ ( ခ ) ၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ ( ၁ ) ၊ တို့နှင့် အမှုဖွင့်ကာ ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading