• English
Thursday, December 7, 2023
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဝန်ကြီးဟောင်းများ ယူထားသည့် မြေများ စိစစ်မည့်ကိစ္စ ဆိုင်းငံ့ထား

          by ထက်နိုင်ဇော်
          28 August 2018
          in သတင်း
          Reading Time: 1 min read
          A A
          သမ္မတ ဦးသိန်းစိန် ရယူထားသည်ဆိုသော သရက်ခြံမှ ပြန်ထွက်လာသည့် တောင်သူတချို့ကို သြဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်  / ထက်နိုင်ဇော် / ဧရာဝတီ

          သမ္မတ ဦးသိန်းစိန် ရယူထားသည်ဆိုသော သရက်ခြံမှ ပြန်ထွက်လာသည့် တောင်သူတချို့ကို သြဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

          20.3k
          VIEWS
          Share on FacebookShare on Twitter

          နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာ အနီးတွင် သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဝန်ကြီးဟောင်းများ ရယူထားသည့် မြေဧက ၉၀၀ ကျော်ကို မြေလွတ်၊ မြေရိုင်းများ စိစစ်ရေး အထူးအဖွဲ့တခုက ဦးဆောင် စိစစ်မည့် ကိစ္စအား ယာယီ ဆိုင်းငံ့ထားရကြောင်း သတင်းရရှိသည်။

          ယင်းနေရာများအတွက် မြေလွတ်မြေရိုင်း လျှောက်ထားမှုတွင် ၂၀၁၆ ခုနှစ်ဟု ဖော်ပြထားသဖြင့် ဥပဒေအရ အနည်းဆုံး ၄ နှစ် လုပ်ကိုင် ထားသည့် မြေများကိုသာ စီမံကိန်း အကောင်အထည်ဖော်ခြင်း ရှိ၊ မရှိ စိစစ်ရမည် ဖြစ်၍ ဆက်လက် စိစစ်ရန် အခက်အများ ရှိနေ ကြောင်း၊ သို့သော် အထူးအဖွဲ့ဖြင့် မဟုတ်ဘဲ လယ်ယာမြေ၊ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီ ပုံစံဖြင့် စိစစ်နိုင်ရန် နေပြည်တော် ကောင်စီသို့ တင်ပြထားကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောသည်။
          ဦးမောင်မောင်ဆွေက “ကျနော် အခု အထူးအဖွဲ့နဲ့ မဟုတ်ဘဲ နေပြည်တော် လယ်/စစ် အနေနဲ့ ပြန်စိစစ်ဖို့ စာတင်ထားတယ်။ ၂၁ ရက် နေ့ကတည်းက နေပြည်တော် ကောင်စီ ဥက္ကဋ္ဌဆီကို စာတင်ထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

          RelatedPosts

          ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

          ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

          6 December 2023
          215
          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          6 December 2023
          10.6k
          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          5 December 2023
          3.2k

          ၎င်းခြံပိုင်ရှင်များသည် ၂၀၁၀ ခုနှစ်ကပင် ဝင်ရောက်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်ရောက်မှ မြေလွတ်မြေရိုင်းအဖြစ် ရရှိကြောင်း အထောက် အထားများ ရရှိထားသည်ကို တွေ့ရကြောင်း၊ ယင်းမြေများကို နေရာဦး၍ ၂၀၁၂ ခုနှစ်တွင် မြေလွတ်မြေရိုင်း ဥပဒေ ထုတ်ပြန်၍ ယခု နေရာများကို သိမ်းယူသွားခဲ့သည်မှာ မရိုးသားကြောင်း သရက်ခြံဇုန် တောင်သူများ၏ အကျိုးတော်ဆောင် ဦးတင်မင်းနိုင်က ပြောသည်။
          “ဒီမြေတွေကို သမ္မတကြီးက ပုံစံ ၇ ဖောက်လိုက်တယ်။ ဗိုလ်ချုပ်ကြီး ကိုကို ပုံစံ ၇ ဖောက်လိုက်တယ်။ ဥပဒေနဲ့အညီဆိုရင် ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးမှာ သမ္မတကြီးက ပုံစံ ၁ လာထုတ်ရမယ်။ လာထုတ်ပြီးရင် ကန့်ကွက်လိုသူ ရှိ၊ မရှိကို ပုံစံ ၃ (က)နဲ့ ကန့်ကွက်လွှာ ခေါ် ရမယ်။ ဥပဒေနဲ့ မညီဘဲနဲ့ စာရွက်ပေါ်မှာ ရသွားတဲ့ ပုံစံ ၇ ကို ကျနော်တို့က လုံးဝ အသိအမှတ် မပြုဘူး”ဟု ဦးတင်မင်းနိုင်က ပြောသည်။

          ၂၀၁၀ ခုနှစ် ဇွန်လတွင် သမ္မတကြီး၏ အမိန့်ဟုဆိုကာ သရက်ဇုန်တဇုန်လုံးကို အပြင်သို့ ထွက်ခိုင်းကြောင်း၊ နေစရာ မရှိသူများက မ ထွက်ပေးသည့်အခါတွင် ၎င်းတို့ စိုက်ပျိုးထားသည့် နေရာများ၊ ရေတွင်းများကို ဘူဒိုဇာ၊ စက်ယန္တရားနဲ့ ထိုးပစ်လိုက်သော်လည်း တကယ်တန်း တိုင်းထွာသည့်အခါ ယင်းနေရာများမှာ ဦးသိန်းစိန် အပိုင်တွင် မပါဝင်ခဲ့ကြောင်း တောင်သူ ဦးမင်းထွန်းက ပြောသည်။
          “တကယ့်တကယ် တိုင်းထွာလိုက်တဲ့အခါကျတော့ သမ္မတကြီးက ခြံကာလိုက်တဲ့အခါကျတော့ အဲဒီ လယ်တွေ ထိုးပစ်တဲ့ နေရာတွေနဲ့ သူ့ခြံနဲ့ ဘယ်လိုမှ ပတ်သက်ခြင်း မရှိဘူး။ ပြောရမယ်ဆိုရင်တော့ အသားလွတ် ဝင်ဖျက်စီးသွားသလို ဖြစ်သွားတယ်။ ကျနော်က ၁၅ ဧက လောက် ပါသွားပါတယ်။ လယ်လေးက ဒသမ ၅ ဧက ရှိတဲ့အတွက် နစ်နာကြေး ၂ သိန်းခွဲ ပေးထားပါတယ်။ ယာကိုတော့ မပေးဘူး”ဟု ၎င်းက ပြောသည်။

          ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၁၁ မိုင်အနီး တည်ရှိသည့် ယခု သရက်ဇုန် စီမံကိန်း မြေနေရာများသည် ယခင်က သစ်တော ဦးစီးဌာနအပိုင် ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အစိုးရက သစ်တောပိုင် မြေများကို စာရင်း တိတိကျကျ မရှိဘဲ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

          သမ္မတ ဦးသိန်းစိန် အပါအဝင် ယင်းခြံလုပ်ငန်းရှင်များနှင့် နီးစပ်သူတဦးကမူ “ဧက ထောင်သောင်းချီ စိုက်နေတာ မဟုတ်ဘူး။ တကယ့် ပိုင်တာက တောင်ကုန်းတွေ။ လျိုတွေ၊ ချိုင့်တွေ မြေလွတ်မြေရိုင်းတွေလေ။ လယ်ပျက်၊ ယာပျက်တွေပဲ ပါသွားတာ။ ဧက ၅၀ စလုံးမှာ အဲဒီ မြေတွေ ပါသွားတာ မဟုတ်ပါဘူး။ အမြန်လမ်း ဘေးနားမှာ ဘာကြောင့် ပြဿနာ လာရှိလဲဆိုတော့ ခေတ် ကာလ ပြောင်းလဲ၊ မြေတန်ဖိုးတက်လာတယ်”ဟု ဧရာဝတီသို့ ပြောသည်။

          ယခု နစ်နာကြေး တောင်းဆိုနေသည့် တောင်သူများသည် နိုင်ငံတော် အစိုးရ သစ်တော ဦးစီးဌာနထံမှ တကြိမ်၊ လုပ်ငန်းရှင်များ ထံမှ တကြိမ် စုစုပေါင်း ၂ ကြိမ်အထိ လျော်ကြေးရရှိပြီး ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များသည် မြေတဧကလျှင် ကျပ် ၅ သောင်း နှုန်းဖြင့် အနည်းဆုံး ဧက ၅၀ ဝယ်ယူရသည့် နေရာများ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

          တောင်သူတဦးဖြစ်သူ ဦးဇော်လင်းကလည်း “ကျနော်က ဧက ၂၀ ပါတယ်။ ၃ ဧကကို နစ်နာကြေးရတယ်။ ၁၅ သိန်းပေါ့။ ကျန်တဲ့ ယာမြေ ၁၇ ဧကကိုတော့ မပေးဘူး။ ကျန်တဲ့ တောင်သူတွေလည်း လယ်ကို လျော်ကြေးပေးတယ်။ ယာကိုတော့ မပေးဘူး။ ကျနော်တို့က တောင်သူတွေကို နစ်နာကြေးပေးဖို့ တောင်းတယ်။ မြေရရင်လည်း မြေလိုချင်တယ်”ဟု ပြောသည်။

          ယင်းမြေနေရာများသို့ သွားရောက်လေ့လာကြည့်ရာ တပ်မတော်တွင် တာဝန်ထမ်းဆောင်ဖူးသည့် ဗိုလ်ချုပ်မှူးကြီး အဆင့်မှ ဗိုလ်ကြီး အဆင့်အထိ မြေများ ရရှိထားသည်ကို တွေ့ရပြီး တပ်မတော်မှ အငြိမ်းစားယူပြီး အရပ်ဘက်သို့ အစိုးရ အရာရှိများအဖြစ် ရောက်ရှိသွား သူများလည်း အနည်းဆုံး မြေဧက ၅၀ ရရှိထားကြသည်။ သို့သော် အရပ်သား အစိုးရ အရာရှိတဦးတယောက်မျှ မြေရယူထားခြင်း မရှိဘဲ ယခုနောက်ပိုင်းတွင်မူ တဆင့် ပြန်လည် ဝယ်ယူမှုများလည်း ရှိလာကြောင်း တောင်သူုများက ပြောသည်။

          ယခု ဝင်ရောက် စစ်ဆေးမည့် မြေများကို ပိုင်ဆိုင်သူများမှာ သမ္မတဟောင်း ဦးသိန်းစိန်၊ ထိုစဉ်က ဝန်ကြီးများ ဖြစ်ကြသည့် ဘဏ္ဍာ/ အခွန် ဝန်ကြီးဟောင်း ဦးလှထွန်း၊ လဝက ဒုဝန်ကြီးဟောင်း ဦးကျော်ကျော်ဝင်း၊ သမ္မတရုံး ဝန်ကြီးဟောင်း ဦးတင်နိုင်သိန်း၊ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း၊ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးကျော်ဆန်း၊ ဗိုလ်ချုပ် အောင်သန်းထွဋ် ၊ ရှေ့နေ ချုပ်ဟောင်း ဦးအေးမောင်၊ ဗိုလ်ချုပ် ရဲအောင်၊ စမ်းရည်မွန်ကုမ္ပဏီ၊ ဦးသိန်းဆွေ (လက်ရှိ ဝန်ကြီး)တို့ အပါအဝင် ၁၆ ဦး ဖြစ်ကြောင်း တောင်သူများ၏ ကိုယ်စားလှယ် ဖြစ်သူ ဦးတင်မင်းနိုင်က ပြောသည်။

          ဦးတင်မင်းနိုင် “နစ်နာကြေး မပေးတဲ့သူတွေဆိုရင် ဦးစိုးနိုင်၊ ဦးမောင်မောင်ဆွေ၊ လေကြောင်းရန်က ဗိုလ်ချုပ် ကျော်ဌေးဝင်း၊ ဗိုလ်ချုပ် ဌေးဦး၊ မိသားစု ဒေါ်နီနီဝင်း ကျန်မယ်။ သူ့သား ဗိုလ်ကြီး ပြည့်စုံကျန်မယ်။ ဗိုလ်ချုပ်ကိုကို၊ ဗိုလ်ချုပ် ကျော်ဆွေတို့ ကျန်မယ်။ ပြည်ထဲရေး ဝန်ကြီးဟောင်း ဦးမောင်ဦး ကျန်မယ်။ ဗိုလ်ချုပ် အောင်သန်းထွဋ် သူတို့ ကျန်မယ်။ တောင်သူတွေက မြေကိုပဲ ပြန်လိုချင်တာ။ မြေမရနိုင်တဲ့အဆုံးမှ နစ်နာကြေး ယူမယ်လို့ ပြောတာ”ဟု ဆိုသည်။

          သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် ၁၆ ဦး၏ မြေများ စိစစ်ခံရမည့် နေရာမှာ သရက်၊ သစ်မွှေးနှင့် ရော်ဘာတို့ ကဲ့သို့ သော စက်မှုသီးနှံ ၃ မျိုးကို စိုက်ပျိုးခွင့် ပြုထားသည့် မြေနေရာများ ဖြစ်ကြောင်း သိရသည်။

          ထိုစီမံကိန်း မြေများကို ပြန်လည် စိစစ်ပေးရန် တောင်သူ ၁၆၉ ဦးက တိုင်ကြားလာသဖြင့် စိစစ်ရန် ဆောင်ရွက်ရခြင်း ဖြစ်ပြီး တွေ့ ရှိချက်ကို နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ထံသို့ ပြန်လည် တင်ပြရမည် ဖြစ်ကြောင်း ယခု ကိစ္စကို ဖြေရှင်းဆောင်ရွက်နေသူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ဧရာဝတီသို့ ပြောပြခဲ့သည်။

          Your Thoughts …
          Tags: မြေဧကဝန်ကြီးဟောင်းသရက်ခြံဦးသိန်းစိန်
          ထက်နိုင်ဇော်

          ထက်နိုင်ဇော်

          ဧရာဝတီ

          Similar Picks:

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          by ဧရာဝတီ
          4 December 2023
          35.5k

          ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

          စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး

          စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး

          by ဧရာဝတီ
          19 July 2023
          11.2k

          ဗိုလ်ချုပ်ဟောင်းများသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွေးစည်းချစ်ကြည်ကြောင်း ပြသရန် နေပြည်တော်မှ ဗုဒ္ဓ ဆင်းတုတော်ကြီး တည်ဆောက်နေသည့် နေရာတွင် တနင်္ဂနွေနေ့က စုဝေးကြသည်။

          စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းတို့ ဧပြီလ ၂ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် / Xinhua

          မြန်မာစစ်တပ် တရုတ်ဆီက မုန့်ယူမလား တုတ်ယူမလား

          by ဝတ်ရည်ခိုင်မာ
          5 May 2023
          17k

          တရုတ်တို့၏ တုတ်နှင့်မုန့်ကြားတွင် မဖြစ်မနေ စဉ်းစားရွေးချယ်ရမည်က မြန်မာစစ်တပ် ဖြစ်၏။

          စစ်ဗိုလ်လူထွက်များ ရေးသားခဲ့သည့် သမိုင်းကို ပုံဖျက်သော စာအုပ်များ

          စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

          by ဧရာဝတီ
          24 June 2022
          12.3k

          လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဒီလိုစာအုပ်တွေ ဆက်လက် ထွက်ရှိနေသလို ဦးသိန်းစိန်အစိုးရလက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာလည်း ထွက်ရှိခဲ့တာ တွေ့ရပါတယ်။

          ၂၀၁၆ ခုနှစ်က နေပြည်တော်တွင် ယခင်နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ ဆုန်ထောင်နှင့် ဦးသန်းရွှေ တွေ့ဆုံခဲ့သည်

          တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့

          by ဧရာဝတီ
          22 April 2023
          13.9k

          တရုတ်ကွန်မြူနစ်ပါတီ (CPC) နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ပင်ရှိုဘင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို သွားရောက်တွေ့ဆုံခဲ့သည်။

          အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်က သမ္မတ ဦးသိန်းစိန်နှင့် မစ္စတာ ဟင်နရီ ကစ်ဆင်ဂျာတို့ တွေ့ဆုံစဉ် / President Office

          ကစ်ဆင်ဂျာ ရာပြည့်နှင့် မြန်မာ့နိုင်ငံရေး သမင်လည်ပြန်

          by David Scott Mathieson
          5 June 2023
          9.9k

          မစ္စတာ ကစ်ဆင်ဂျာနှင့် မြန်မာအကြား ခဏတာဆက်စပ်မှုမှ သင်ခန်းစာ သုံးခု ယူစရာရှိသည်။

          Next Post
          အသက် မပြည့်သေးတဲ့ မိန်းကလေးတွေကို အလိုမတူဘဲ ပြည့်တန်ဆာအဖြစ် ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ ခိုင်းစေခံနေရပါတယ်

          ပြည့်တန်ဆာခိုင်းစေမှုနဲ့ Victoria Secret မာဆတ်မှ တာဝန်ရှိသူများကို ထောင်ဒဏ်နှစ်ရှည် ချမှတ်

          အမျိုးသားဖြစ်သူနဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း / ချစ်ပိုး / ဧရာဝတီ

          အနုပညာအလုပ်တွေ မလုပ်တော့ သားနဲ့ အမျိုးသားကို အချိန်ပိုပေးဖြစ်တဲ့ သဉ္ဇာနွယ်ဝင်း

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          4 days ago
          12.8k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          2 days ago
          10.6k

          Most Read

          • စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

            shares
            Share 0 Tweet 0
          • အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

            shares
            Share 0 Tweet 0
          • မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved