• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကုလ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ဆွေးနွေး

by ဧရာဝတီ
29 August 2018
in သတင်း
A A
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ် ဦးဟောက်ဒိုဆွမ်း / The  Global New Light of Myanmar

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ် ဦးဟောက်ဒိုဆွမ်း / The Global New Light of Myanmar

26.6k
VIEWS
Share on FacebookShare on Twitter

ဒုက္ခသည် ၇ သိန်းခန့်ထွက်ပြေးစေသော စစ်ဆင်ရေးများ နှစ်ပတ်လည်တွင်ပြုလုပ်သော လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း အကျပ်အတည်းကို ဖြေရှင်းရေးနှင့် ပတ်သက်သော နက်ရှိုင်းသည့် သဘောထား ကွဲလွဲမှုများ ဖြစ်နေသည်။

နယူးယောက်မှ လာသော သတင်းများအရ မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာခေါ် ဘင်္ဂလီ မွတ်စလင်များအပေါ် ညှင်းပမ်းနှိပ်စက်မှုများအတွက် အရေးယူရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်က သြဂုတ်လ ၂၈ ရက်နေ့က တောင်းဆိုကြောင်း သိရသည်။

RelatedPosts

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
181
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
412
UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ  (ရုပ်/သံ)

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ (ရုပ်/သံ)

17 June 2025
99

ဆွီဒင်နှင့် နယ်သာလန်တို့က မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC သို့ လွှဲပြောင်းပေးရန် တောင်းဆိုသည်နှင့် တပြိုင်နက် တရုတ်နိုင်ငံကမူ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာနိုင်ငံကို ဖိအားပေးခြင်းမှ ရပ်ဆိုင်းသင့်ပြီး ရိုဟင်ဂျာဒုက္ခသည်များ အမြန်ဆုံးပြန်လည်ပို့ဆောင်ရေးကို ဒုက္ခသည် တသန်းခန့် လက်ခံထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် ခွင့်ပြုသင့်ကြောင်း ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဟု ခေါ်သော အကြမ်းဖက်သမားများက လုံခြုံရေးတပ်များနှင့် အရပ်သားများကို လွန်ခဲ့သောနှစ် သြဂုတ်လက တိုက်ခိုက်ရာမှ ယခုအကျပ်အတည်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ မြန်မာ လုံခြုံရေး တပ်ဖွဲ့များက တန်ပြန်စစ်ဆင်ရေးတခုဖြင့် တုံ့ပြန်ခဲ့ပြီး ထိုစဉ်အတွင်း အဓမ္မပြုကျင့်မှု၊ လူသတ်မှု၊ ညှင်းပမ်းနှိပ်စက်မှု၊ နေအိမ်များ၊ ရွာများကို မီးရှို့မှုတို့ကျူးလွန်သည်ဟု စွပ်စွဲခံရသည်။

ကူလသမဂ္ဂ စုံစမ်း စစ်ဆေးသူများ၏ တွေ့ရှိချက်များနှင့် အကြံပြုချက်များကို သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်း အားလုံးက အလေးအနက်ထား စဉ်းစားသုံးသပ်ရန်လိုသည်ဟု ထိုအကျပ်အတည်းကို လူမျိုးစု သုတ်သင်ရှင်းလင်းခြင်းဟု သတ်မှတ်သည့် အန်တိုနီယို ဂူတာရက်က လုံခြုံရေးကောင်စီအားပြောသည်။

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ် ဦးဟောက်ဒိုဆွမ်းကမူ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ သမာသမတ်ရှိမှုကို စိုးရိမ်ပူပန်သောကြောင့် မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း၊ လုံခြုံရေးကောင်စီ အစည်းအဝေးမတိုင်မီ အစီရင်ခံစာ တင်သွင်းခြင်းသည်ပင် ထိုအစီရင်ခံစာ၏ ဓမ္မဒိဌာန်ကျမှု၊ သမာသမတ်ကျမှုနှင့် ရိုးသားမှုတို့ကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း တုံ့ပြန်ပြောဆိုသည်။

ဩဂုတ်လ ၂၈ ရက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးသည် လူ့အခွင့်အရေးကောင်စီမှ စုံစမ်းစစ်ဆေးသူများ၏ သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာက မြန်မာစစ်ဘက် ခေါင်းဆောင်များကို “လူမျိုးတုံးသတ်ဖြတ်မှု” အတွက်ဟုဆိုကာ ICC သို့ လွှဲပြောင်းပေးရန် တောင်းဆိုပြီးနောက် ကျင်းပခြင်းဖြစ်သည်။

မြန်မာအစိုးရသည် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့်ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တခုကို ဖွဲ့စည်းထားကြောင်းနှင့် ထိုကော်မရှင်သည် ၎င်းတို့၏ တွေ့ရှိချက်များကို အခြေခံပြီး တနှစ်အတွင်း အစီရင်ခံစာတင်သွင်းမည်ဟုလည်း ဦးဟောက်ဒိုဆွမ်းက ပြောသည်။

ထိုကော်မရှင်ကို ဖိလစ်ပိုင်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း အမျိုးသမီးအခွင့်အရေး ကျွမ်းကျင်သူ ရိုဆာရီရို မာနာလို ဦးဆောင်ပြီး ဂျပန်သံအမတ်ဟောင်း ကန်ဇိုအိုရှီးမားနှင့် မြန်မာနှစ်ဦးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

ရခိုင်ပြည်နယ် ပြဿနာကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးတွဲဖြေရှင်းသင့်ကြောင်းနှင့် လတ်တလော ဦးစားပေးရမည်မှာ ဒုက္ခသည်များကို အမြန်ဆုံး ပြန်လည်ပို့ဆောင်ရေးသာဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ တရုတ် ဒုတိယ သံအမတ် ဝူ ဟိုင်တောက်က ပြောသည်။

ကုလသမဂ္ဂ ဆိုင်ရာ ရုရှားသံအမတ် ဗက်စလီနီဘန်ဇီယာက မျှတပြီး ထိပ်တိုက်မတွေ့သော နည်းလမ်းကို တောင်းဆိုပြီး ရခိုင်ပြည်နယ်မှ နက်ရှိုင်းသော ပြဿနာများကို ငြိမ်းချမ်းသော သံတမန်နည်းလမ်းဖြင့် ဖြေရှင်းသင့်ကြောင်းပြောကာ ပါဝင်ပတ်သက်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်းပြောသည်။

ရိုဟင်ဂျာများကို ညှင်းပမ်းနှိပ်စက်ပြီး လူမဆန်အောင်လုပ်သည့် အထောက်အထားများကို အပတ်စဉ်တွေ့နေရကြောင်းနှင့် လုံခြုံရေးကောင်စီအနေဖြင့် ထိုသို့ပေါ်ပေါက်လာသော ရက်စက်သည့် ရာဇဝတ်မှု အထောက်အထားများကို အရေးယူဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် မဆတ် ဘင် မိုမန်က ပြောသည်။

ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက လုပ်ဆောင်နေကြောင်းနှင့် အနိမ့်ဆုံး လုံခြုံဘေးကင်းရေးအာမခံချက် မရမချင်း၊ ဒုက္ခသည်များ သူတို့နေအိမ်များသို့ ပြန်ခွင့်မရမခြင်း၊ လွတ်လပ်စွာ သွားလာခွင့် မရမချင်း၊ အလုပ်လုပ်ခွင့်မရမချင်းနှင့် ၎င်းတို့၏ တရားဝင်တောင်းဆိုမှုဖြစ်သော မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်သော ရှင်းလင်းသည့် လမ်းကြောင်းကို မရမချင်း ဒုက္ခသည် ပြန်လည်လွှဲပြောင်းမှု မစတင်နိုင်ကြောင်း သူက ဆက်ပြောသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်သော ဗြိတိန် ဒုဝန်ကြီး လော့ဒ် တာရစ်အာမက်က “တာဝန်ရှိမှုနဲ့ပတ်သက်ပြီး လုပ်ဆောင်စရာ အများအပြားရှိနေတာနဲ့ တပြိုင်နက် ကျူးလွန်သူတွေကို တရားဥပေဒေ ရှေ့မှောက်ပို့ရမှဖြစ်သလို ဆက်ဆံရေး အဆင်မပြေဖြစ်နေတဲ့ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂအကြားမှာ နားလည်မှုစာချွန်လွှာတစောင်ကို ၂၀၁၇ ခုနှစ် သြဂုတ်လမှာ လက်မှတ်ရေးထိုးပြီးနောက် အပြုသဘောဆောင်တဲ့ခြေလှမ်းတွေ ရှိလာတယ်” ဟု ပြောဆိုသည်။

Your Thoughts …
Tags: ကုလသမဂ္ဂ လုံခြုံရေးကောင်စီရခိုင်ပြည်နယ် မြောက်ပိုင်းအရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တနင်္ဂနွေနေ့က သံလျင်မြို့တွင် စစ်တပ်နှင့် ရဲက ပစ်ခတ်၍ ဒဏ်ရာရသွားသူတဦး

ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေး ဗုဒ္ဓဟူးတွင် ဆွေးနွေးမည်

by ဧရာဝတီ
30 March 2021
9.8k

ကောင်စီ၏ တံခါးပိတ် အစည်းအဝေးတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အစီရင်ခံ တင်ပြမည်ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်တပ်နှင့် ရဲက အကြမ်းဖက်နေခြင်းကို ရှုတ်ချခဲ့သည် / ဧရာဝတီ

မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ

by ဧရာဝတီ
11 March 2021
16k

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်တပ်နှင့် ရဲက အကြမ်းဖက်နေခြင်းကို ရှုတ်ချခဲ့သည်။

ရန်ကုန် တောင်ဥက္ကလာ စက်မှုဇုန်အတွင်း အောက်စီဂျင်တန်းစီနေသူများ  / ဧရာဝတီ

ကိုဗစ်နိုင်တင်းကြောင့် နိုင်ငံတကာအကူအညီ မြန်မာလို

by ဧရာဝတီ
31 July 2021
8.1k

လာမည့်နှစ်ပတ်အတွင်း မြန်မာနိုင်ငံလူဦးရေ ထက်ဝက်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်သွား နိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ်က သောကြာနေ့တွင် ပြောကြားလိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များ အားလုံး ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းက ပယ်ဖျက်ထားသည် / ဧရာဝတီ

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရခိုင့်နိုင်ငံရေး

by မင်းအောင်ခိုင် နှင့် ခိုင်ရိုးလ
19 October 2020
12.8k

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များ အားလုံး ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းက ပယ်ဖျက်ထားသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တယ်လီဖုန်း တာဝါတိုင်တတိုင် / မင်းအောင်ခိုင်

ရခိုင်မြောက်ပိုင်း ၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့တွင် အင်တာနက် ပြန်ရ

by မင်းအောင်ခိုင်
1 September 2019
6.1k

ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ် ၄ ခုနှင့် ချင်းပြည်နယ် ပလဝ မြို့နယ်တို့တွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းကနေ စတင်ကာ အင်တာနက် သုံးစွဲခွင့် ပြန်လည် ရရှိသွားပြီ ဖြစ်သည်။

စစ်ကောင်စီက ချမှတ်သည့် အရေးပေါ်အခြေအနေအပေါ် စိုးရိမ်ကြောင်း လုံခြုံရေးကောင်စီက လွန်ခဲ့သောလက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်/ ဧရာဝတီ

မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီတွင် သဘောတူညီမှု မရ

by ဧရာဝတီ
10 March 2021
24.5k

အဖွဲ့ဝင် ၁၅ နိုင်ငံလုံး၏ ကြေညာချက်ကို အားလုံးက သဘောတူရန် လိုသည်။

Next Post
ပြည်ထောင်စု လွှတ်တော်သို့ ပြီးခဲ့သည့် လက လာရောက်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  / ထက်နိုင်ဇော်  / ဧရာဝတီ

တပ်ဘက်ဆိုင်ရာ ဖေ့စ်ဘုတ်အကောင့်များ ပိတ်ခံရမှု အစိုးရ ထိရောက်စွာ တုံ့ပြန်ရန်လို ဟုဆို

ဒါရိုက်တာ ညိုမင်းလွင် နဲ့ဇနီးစန္ဒာလွင်တို့ ဘုရားဆင်းတုတော်လှူဒါန်းခဲ့စဉ်

ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ညိုမင်းလွင်မွေးနေ့အတွက် ဘုရားဆင်းတုတော် လှူဒါန်းပေးတဲ့ စန္ဒာလွင်

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate