• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆွာတမံ ရေလျှံမှု လူသောင်းချီ ရေဘေးသင့်၍ အသေအပျောက်ရှိ

by ထွန်းထွန်း
29 August 2018
in သတင်း
A A
ဆွာတမံ ရေလျှံမှုကြောင့် ရေဘေးကြုံတွေ့နေရသော ဒေသခံများကို တွေ့ရစဉ်  / ထက်နိုင်ဇော် / ဧရာဝတီ

ဆွာတမံ ရေလျှံမှုကြောင့် ရေဘေးကြုံတွေ့နေရသော ဒေသခံများကို တွေ့ရစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

7.4k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်း ဒေသကြီး ရေတာရှည် မြို့နယ် ဆွာချောင်း ရေလှောင်တမံ ယနေ့ နံနက်ပိုင်းက ကျိုးပဲ့၍ ဒေသတွင်း အနီး ဝန်းကျင်ရှိ ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်မှု ဖြစ်ပွားရာတွင် လူအသေအပျောက် ရှိကြောင်း သိရသည်။

ရေတာရှည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်က “လက်ရှိတော့ ၁ဦး သေဆုံး ပြီး ၆ ဦး ပျောက်ဆုံး နေတယ်လို့ စာရင်းရထားတယ်၊ တမံက ရေလျှံတာတော့ နည်းနည်းပဲ ရှိတော့တယ်၊ ဒါပေမယ့် စစ်တောင်းမြစ်ဘက် ရေခံနေပြီး ဒီဘက်ကို ရေပြန်ဝင်မှာ စိုးရိမ်ရတယ်၊ အခုလည်း ဒီမှာ မိုးနည်းနည်း ရွာ နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

22 May 2025
614
ဗိုလ်မှူးချုပ် (ငြိမ်း) ချိုထွန်းအောင် ရန်ကုန်နေအိမ်ရှေ့မှာ ပစ်ခတ်ခံရ (ရုပ်/သံ)

ဗိုလ်မှူးချုပ် (ငြိမ်း) ချိုထွန်းအောင် ရန်ကုန်နေအိမ်ရှေ့မှာ ပစ်ခတ်ခံရ (ရုပ်/သံ)

22 May 2025
24
ကုလ၏ ရခိုင်အကူအညီအတွက် သယ်ယူပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ် ပံ့ပိုးမည်

ကုလ၏ ရခိုင်အကူအညီအတွက် သယ်ယူပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ် ပံ့ပိုးမည်

22 May 2025
120

ထိုသို့ ရေဘေးကြောင့် လူသေဆုံးမှု ရှိသည်ဟု သတင်းများ ထွက်ပေါ် နေသော်လည်း အတည်ပြု၍ မရသေးကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောဆိုထားသည်။

ဆွာတမံ ကျိုးပဲ့မှုကြောင့် ရေတာရှည်မြို့နယ်အတွင်း အိမ်ခြေ ၁၂၀၀၀ ကျော် ရေနစ်မြုပ်မှု ဖြစ်ပွားပြီး လူဦးရေ ၅ သောင်းကျော် ရေဘေးသင့်နေကြောင်း၊ တောင်ငူမြို့နှင့် ရေတာရှည်မြို့နယ်တို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်းလည်း သိရသည်။

ဒေသတွင်း အုပ်ချုပ်ရေး ဌာနများမှ လတ်တလော ပေးပို့ထားသည့် စာရင်းများ အရ ရေတာရှည်မြို့နယ် အတွင်း ကျေးရွာ အုပ်စု ၁၄ စုမှ အိမ်ထောင်စု ၆၉၂ စုတွင် လူဦးရေ ၃၈၅၅ ဦး ရေနစ်မြှုပ်မှု ခံနေရကြောင်း နံနက် ၁၁ နာရီခွဲ ခန့်တွင် ပဲခူးတိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားချက် အရလည်း ရေတာရှည်မြို့နယ် အတွင်း သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတော စု ကျေးရွာရှိ အိမ်ခြေ (၁၈၀)၊ လှည်းကူး ကျေးရွာရှိ အိမ်ခြေ(၁၃၀)၊ သမားဆည် ကျေးရွာရှိ အိမ်ခြေ(၅၀)၊ (၇)အိမ်တဲစုရှိ အိမ်ခြေ(၁၅)အိမ်တို့ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး တုန်းကြီးကျေးရွာ၊ ဥယျာဉ်မှူး ကျေးရွာ၊ သိုင်းဝကျေးရွာ နှင့် ကွင်းကြီးကျေးရွာ အုပ်စုရှိ အမတ်ကြီးခုံ ကျေးရွာ တို့တွင် ရေဝင်ရောက်လျက် ရှိကြောင်း သိရသည်။

ဆွာချောင်း တမံ ပဲ့ကျမှုကြောင့် ချောင်းရေ မြင့်တက်လျက် ရှိရာတွင် စစ်တောင်းမြစ် ကမ်းဘေးတွင် နေထိုင်သည့် ကျေးရွာများ အနေနှင့် အထူးသတိပြု နေထိုင်ကြရန် ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ကလည်း ကြေညာထားသည်။

ယင်းဆွာချောင်း ရေလျှံကျမှုကြောင့် နံနက် ၇ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၅ နှင့် ၁၆၆ ကြား ၌ လမ်း ပေါ်ရေ ၂ ပေခန့် ကျော်ခဲ့ပြီး လမ်းဟောင်းဘက် မိုင်တိုင် ၁၉၉ အနီးတွင်လည်း လမ်းပေါ်သို့ ရေ ၄ ပေခန့် ကျော် ခဲ့ကာ လမ်းများ ခေတ္တ ပိတ်ထားခဲ့ရသည်။

ချောင်းရေစီး ပြင်းထန်မှုကြောင့် အမြန်လမ်းရှိ ဆွာချောင်း တံတားဘက်ခြမ်း တံတားတိုင် RP 5 နှင့် RP 7 တို့ တပေခွဲ ခန့် နိမ့်ကျမှု ဖြစ်ပွားခဲ့ပြီးနောက် ယာဉ်ဖြတ်သန်းမှုများ ခေတ္တ ပိတ်ထားခဲ့သော်လည်း နံနက် ၁၁ နာရီခန့်တွင် နိမ့်ကျမှု မရှိခဲ့သည့် တံတားဘက်ခြမ်းအား ယာဉ်ငယ်များ ပြန်လည် ဖြတ်သန်းခွင့်ပြုထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးကျော်လင်းက“၁၀ နာရီခွဲလောက်မှာ ရေက ၁၄ ပေလောက် ပြန်ကျသွားပါ တယ်။ ကားငယ်လေးတွေကို ဘာမှမဖြစ်တဲ့ တံတားဘက်က ပေးဖြတ်နေပါတယ်။ နိမ့်သွားတဲ့ တံတားကိုလည်း ည တွင်း ပြန်လုပ်ပါမယ်။ လောလောဆယ် ဘတ်စ်ကားတွေကို ပေးဖြတ်ဖို့ကတော့ စောင့်ကြည့်ရပါမယ်”ဟု ပြောသည်။

လက်ရှိ ပြင်းထန်သည့် ရေစီးနှုန်း အရှိန်အရ တံတားအောက်ခြေတွင် လှိုက်စားသွားသည့် ဂလှိုင်ချောက်များ၏ အခြေအနေ များအား ရေငုပ်သမားများနှင့် စစ်ဆေးရမည် ဖြစ်ပြီး အန္တရာယ်ရှိနိုင်ပါကလည်း ကျောက်များချကာ ၂၄ နာရီ အတွင်း ကားများ ဖြတ်သန်းနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ဦးကျော်လင်း က ဆိုသည်။

ပဲခူးတိုင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင် ကလည်း ဆွာရေလှောင်တမံက ကျိုးပဲ့ သွား သည့် ရေပိုလွှဲနေရာတွင် တမံအကူ ပြန်ဖို့ကာခြင်းကို မနက်ဖြန်တွင် စတင် လုပ်ဆောင်မည်ဟု ပြောသည်။

တိုင်းဝန်ကြီး ဦးအောင်ဇော်နိုင်က “စတုန်းကတော့ ရေပိုလွှဲနေရာ ညာဘက်က စပဲ့တာကနေ ရေဝိတ်နဲ့ အကုန်လုံးပြို သွား တာပေါ့၊ ဒါကို မနက်စဖို့မယ်၊ လိုအပ်တဲ့ပစ္စည်းတွေနဲ့ စက်ယန္တရားတွေလည်း ရောက်လာပြီ၊ နွေစပါးရေပေးနိုင် အောင် ပြန်လုပ်မယ်”ဟု ပြောဆိုသည်။

ဆွာတမံ ရေပိုလွှဲမှ ရေကျော်ကျသည့် အခြေအနေနှင့် ပတ်သက်၍ သြဂုတ် ၂၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာတွင် တမံ အခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း သတင်းဖော်ပြခဲ့ပြီးနောက် ယနေ့ နံနက်အစောပိုင်းတွင် ရေပိုလွှဲ ကျိုးကျခဲ့ ခြင်း ဖြစ်သည်။

တိုင်းဝန်ကြီး ဦးအောင်ဇော်နိုင်က “ဒီထက်မက ကျော်နေတဲ့ ဆည်တွေတောင် ရှိပါတယ်၊ အခုက တပေခွဲလောက်ပဲ ကျော် နေတဲ့ အခြေအနေကနေ ကျိုးပေါက်တယ်ဆိုတော့ Structure ရဲ့အားနည်းချက် ဖြစ်နိုင်တာပေါ့။ အန္တရာယ်ရှိတဲ့ အခြေ အနေ ကနေ ဖြစ်တာမဟုတ်ဘဲနဲ့ တခြားပုံမှန် အခြေအနေကနေ ဖြစ်တာဆိုတော့ တခြားဖြစ်ပေါ်စေနိုင်တဲ့ အကြောင်း အရင်းတွေကို စုံးစမ်းစစ်ဆေးရမှာပါ”ဟု ပြောသည်။

နိမ့်သွားသော တံတားနေရာတွင်လည်း ယာယီ သွားလာ၍ ရရှိရန် အတွက် ဘီလီဖြတ်ထိုးမည် ဖြစ်ကြောင်း တံတား ဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးကျော်သူကလည်း ပြောဆိုသည်။

အင်ဂျင်နီယာချုပ် ဦးကျော်သူက“နိမ့်သွားတဲ့ တံတားနေရာမှာ ဘေလီတွေဖြတ်ထိုးပြီး အဲ့ဒီအပေါ်ကနေ သွားလို့ရ အောင် လုပ်မယ်၊ နေ့ရော ညရောလုပ်မယ်၊ ဟိုဘက်ကောင်းတဲ့ တံတားတော့ ယာယီလွှတ်ပေးနေတယ်၊ အန္တရာယ် အခြေအနေ ဆိုတော့ ဟိုဘက်တံတားပါ အခြေအနေဆိုးလာမှာ စိုးလို့ပါ”ဟု ပြောသည်။

Your Thoughts …
Tags: ဆွာတမံ ရေလျှံမှု
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဩဂုတ်လ ၁၂ ရက်နေ့ KNLA တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ် / မျိုးမင်းစိုး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ KNU ထပ်မံဆုံးဖြတ်

NSCN-K ဥက္ကဋ္ဌဟောင်း ကွန်းရက်နှင့် တပ်ဖွဲ့ဝင်များကို အတူတကွ မြင်ရစဉ် / Naga Connect / Facebook

နာဂခေါင်းဆောင်မှု အပြောင်းအလဲ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းလား

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate