• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စည်ပင် ဥပဒေသစ် လူထုပညာပေးမှုများ စတင်

by သဇင်လှိုင်
30 August 2018
in သတင်း
A A
ရန်ကုန် မြို့တော် ခန်းမ  / မျိုးမင်းစိုး  / ဧရာဝတီ

ရန်ကုန် မြို့တော် ခန်းမ / မျိုးမင်းစိုး / ဧရာဝတီ

10.3k
VIEWS
Share on FacebookShare on Twitter

ပြစ်မှုပြစ်ဒဏ်များကို ငွေဒဏ်သာမက ထောင်ဒဏ် အထိ တိုးမြှင့်ထားသည့် စည်ပင် ဥပဒေသစ်ကို ပြည်သူလူထု သိရှိရန် အတွက် ပညာပေးမှုများကို ရန်ကုန်တိုင်း တခုလုံး၌ ဆက်တိုက် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက သိရသည်။

ရန်ကုန် အနောက်ပိုင်းခရိုင် ၁၀ မြို့နယ်တွင် သြဂုတ်လ ၂၉ ရက် အထိ မြို့နယ် ၃ မြို့နယ်တွင် ပညာပေးမှုများ ပြုလုပ်ပြီး ဖြစ်ကြောင်း အနောက်ပိုင်း ခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေး ဦးငွေစိုးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
2.1k
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
542
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
6k

သြဂုတ်လ ၂၉ ရက်တွင် ကြည့်မြင်တိုင်မြို့နယ်တွင် သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် လွှတ်တော် ကိုယ်စား လှယ်များက ရပ်ကွက်နေ ပြည်သူများကို ဥပဒေသစ်ကို ပိုမိုသိရှိစေရန် ပညာပေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့သည်။

ဦးငွေစိုးက “၁၀ မြို့နယ်ဆိုတော့ အကုန်လုံး ပြည့်အောင် သွားပါမယ်။ စက်တင်ဘာ ၁၅ ရက် မတိုင်ခင် အပြီးလုပ်မှာပါ။ ရက်ကွက်အားလုံးကို စုစည်းပြီးတော့ မြို့နယ် ထွေအုပ်တို့၊ လွှတ်တော် ကိုယ်စားလှယ်တို့ရဲ့ စုစည်းမှုနဲ့ပဲ လာတာပါ”ဟု ဆိုသည်။

အဆိုပါ ဥပဒေသစ်ပါ ပြစ်မှုပြစ်ဒဏ်များကို အောက်တိုဘာလ ၁ ရက်တွင် စတင်ကျင့်သုံးမည် ဖြစ်သည့်အတွက် ယခု ရက်ပိုင်း၌ ပညာပေး လုပ်ငန်းများကို ဆက်တိုက် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းရှိ ခရိုင် ၄ ခုလုံးတွင် ပညာပေးမှုများ စတင်နေခြင်း ဖြစ်ပြီး ပြည်သူလူထုဘက်က စိတ်ဝင်စားမှု ရှိနေသော် လည်း ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလုပ်ကိုင်ရန် လိုအပ်လျက် ရှိကြောင်း စည်ပင်ဥပဒေ မူကြမ်းရေးဆွဲရေး ကော်မတီနှင့် ရန် ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ စိစစ်ရေး ကော်မတီတွင် ပါဝင်သည့် မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

ဦးလှဌေးက “ပြည်သူကတော့ စိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် သူတို့ လိုက်နာရမယ် ပြစ်မှုပြစ်ဒဏ်တွေကလည်း သာမန် အရပ်သား တယောက် အတွက် စိုးရိမ်စရာ ရှိတယ်။ ပြည်သူကို အသိပညာပေးနိုင်ဖို့ကို အသေးစိတ် တိတိကျကျနဲ့ ဖြစ်နိုင်ရင် လူတိုင်းကို အသိပညာပေးဖို့ လိုတယ်။ ဒါပေမယ့် အဲဒီလောက်အထိကို မလုပ်နိုင်သေးဘူး” ဟု ပြောသည်။

ဥပဒေဟောင်း၌ ငွေဒဏ်များမှာ အားနည်းသဖြင့် လိုက်နာမှု အားနည်းသည်ဟု ယူဆခြင်းကြောင့် ငွေဒဏ်၊ ထောင်ဒဏ်များ တိုးမြှင့်ထားခြင်း ဖြစ်သော်လည်း ပြည်သူလူထုကို ထိခိုက်စေရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်း အနောက်ပိုင်းခရိုင် စည်ပင် သာယာ အုပ်ချုပ်ရေး ဦးငွေစိုးက ပြောသည်။

အသစ်ပြဋ္ဌာန်းလိုက်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၃၁၅ (တ)တွင် အများပြည်သူ ဆိုင်ရာလမ်း၊ စြင်္က ံများပေါ်တွင် မီးစက်နှင့် အခြားပစ္စည်း ကိရိယာများ ချထားခြင်း၊ သုံးစွဲခြင်းပြုလုပ်ပါက ငွေဒဏ် ၁ သိန်းမှ ၅ သိန်း အထိ ချမှတ်နိုင်သည့် အပြင် အဆိုပါ ပြစ်မှုကို ဆက်လက် ကျူးလွန်ပါက ထောင် ၆ လအထိ ချမှတ်နိုင်ကြောင်း ဖော်ပြ ထားသည်။

အသိပညာပေး ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ကြည့်မြင်တိုင်မြို့နယ် ကရင်အမျိုးသား ရပ်ကွက်နေ ဦးစောချားလ် (စ)ဒေးဗစ်က“ကော်မတီအနေနဲ့ ထုတ်ထားတဲ့ စည်းကမ်းအတိုင်း မီးစက်တွေ ဖယ်ရှားဖို့ကို လုပ်ဖို့က အရေးကြီးဆုံးပဲ။ ဒီဥပဒေ ထွက်တယ်လို့ ဖော်ပြထားရင် အနှေးနဲ့အမြန် လုပ်တာ အကောင်းဆုံးပဲ” ဟု ပြောသည်။

ကြည့်မြင်တိုင် အထက ၁ မှ အထက်တန်းပြ ဆရာမ ဒေါ်ချိုချိုလှိုင်ကလည်း “ချထားတဲ့ ပြစ်မှုပြစ်ဒဏ်တွေကိုတော့ တကယ် ထိထိရောက်ရောက် လုပ်ပေးနိုင်မယ် ဆိုရင်တော့ ပိုထိရောက်မယ်လို့ ထင်ပါတယ်။ ရှောင်ကွင်းပြီး သွားမယ် ဆိုရင်တော့ ဒီပုံစံ အတိုင်းပဲ ဖြစ်နေမှာပဲ” ဟု သုံးသပ်ပြောဆိုသည်။

ဇွန်လ ၂၈ ရက်က တိုင်းဝန်ကြီးချုပ် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေသစ် ၌ အခန်း ၃၁ ခန်း ပါဝင်ပြီး နောက်ဆက်တွဲ ဇယား ပြစ်မှုနှင့် ပြစ်ဒဏ်များ ထည့်သွင်း ရေးဆွဲထားသည်။

ဆက်စပ်ဖက်ရှူ့ရန် – “မြို့တော်မှာ နေထိုင်သူ အားလုံးကလည်း စည်းကမ်းရှိဖို့ လိုတယ်”

Your Thoughts …
Tags: စည်ပင် ဥပဒေသစ် ပညာပေးခြင်း လုပ်ငန်း
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ကိုရီးယားလူမျိုးတွေဟာ အုပ်စုဖွဲ့လုပ်ကိုင်ရာမှာ အင်မတန်စည်းလုံးညီညွှတ်ပါတယ်

ကိုရီးယားလူမျိုးတွေဆီက သင်ယူသင့်တဲ့ အချက်များ

တွဲလာတာအချိန်ကြာလေ သင့်ဘက်က သူကိုစွန့်လွှတ်ရမှာစိုးရိမ်တာမျိုးဖြစ်လာတတ်ပါတယ်

သင်က သူ့ကိုမစွန့်လွှတ်နိုင်သေးတဲ့အချက် ၅ ချက်

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

11 hours ago
6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate