• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရုရှား လူမှုကွန်ရက်မှာ တပ်ချုပ် အကောင့်သစ်ဖွင့်

by မိုးမြင့်
30 August 2018
in သတင်း
A A
ရုရှား လူမှုကွန်ရက် VKontakte (VK) မှ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စာမျက်နှာ

ရုရှား လူမှုကွန်ရက် VKontakte (VK) မှ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စာမျက်နှာ

45.8k
VIEWS
Share on FacebookShare on Twitter

မြန်မာ့တပ်မတော် အကြီးအကဲ၏ ဖေ့ဘွတ်အကောင့် ပိတ်သိမ်းခြင်း ခံရပြီး ၄၈ နာရီပင် မကြာလိုက်။ ရုရှားနိုင်ငံ၏ ရေပန်းအစားဆုံး လူမှုကွန်ရက် ဖြစ်သော VKontakte (VK) တွင် အလားတူ စာမျက်နှာ တခု ပေါ်ပေါက်လာသည်။

ဖေ့ဘွတ် စာမျက်နှာဟောင်းနှင့် အလားတူ အမည်ဖြစ်သည့် Senior General Min Aung Hlaing စာမျက်နှာတွင် တပ်မတော်အကြီးအကဲ၏ နောက်ဆုံး လှုပ်ရှားမှုများကို ဖော်ပြထားသည်။ သြဂုတ်လ ၂၉ ရက်နေ့က ပဲခူးတိုင်း ဆွာမြို့နယ်သို့ သွားရောက်၍ ရေလွှမ်းမိုးမှု အခြေအနေနှင့် တပ်မတော်က တည်ဆောက်ခဲ့သည့် တံတားတစင်းကို ကြည့်ရှုစစ်ဆေးမှုများ အပါအဝင် ဖြစ်သည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
658
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.4k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
732

စာမျက်နှာသစ်မှ ပို့စ်များမှာ ယခင် ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြခဲ့သည့် ဟန်ကို ဆက်လက်ထိန်းသိမ်းထားသည်။ စာမျက်နှာသစ်အကြောင်း မေးမြန်းရန် သြဂုတ်လ ၂၉ ရက်နေ့ တွင် ဧရာဝတီက ဆက်သွယ်ခဲ့ သော်လည်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိ များနှင့် ဆက်သွယ်၍ မရရှိခဲ့ပါ။

ကယ်လီဖိုးနီးယား အခြေစိုက် ဖေ့ဘွတ် Facebook က မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သော သို့မဟုတ် ဖြစ်စေခဲ့သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၀ ၏ စာမျက်နှာများနှင့် အကောင့် account များကို ဖျက်သိမ်းလိုက်ကြောင်း သြဂုတ်လ ၂၇ ရက်နေ့က ကြေညာခဲ့ရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ဖြစ်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့က အဆိုပါ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ ဖေ့ဘွတ် စာမျက်နှာများနှင့် အကောင့်များသည် လူ့အခွင့် အရေးချိုးဖောက်မှုများ အထူးသဖြင့် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာအရေးတွင် တိုက်ရိုက်ဖြစ်စေ သို့မဟုတ် သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ပတ်သက်ခဲ့ကြောင်း တွေ့ရှိရသည်ဟု အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းတွင် ဖေ့ဘွတ်ကုမ္ပဏီ၏ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ ၏ အစီရင်ခံစာက ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများကို ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကချင်နှင့် ရှမ်းပြည်နယ်များမှ လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ နှင့် လူမျိုးတုန်း သတ်ဖြတ်မှုအတွက် ရုံးတင် စစ်ဆေးရန် တိုက်တွန်းခဲ့သည်။ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် ရာထူးမှ နုတ်ထွက်ရန်လည်း တောင်းဆိုခဲ့သည်။

VK စာမျက်နှာသစ်တွင် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကျင်းပသည့် Army 2018 International Military Technical Forum နှင့် အမျိုးသား လံုံခြုံရေး ရက်သတ္တပတ် (National Security Week) ကို တက်ရောက်ရန် ရုရှားနိုင်ငံ သို့ မကြာ သေးမီက ကာကွယ်ရေး ဦးစီးချုပ် သွားရောက်ခဲ့သည့် ခရီးစဉ်ကိုလည်း ဖော်ပြထားသည်။

အဆိုပါ စာမျက်နှာတွင် ဖော်ပြထားသည့် ဓာတ်ပုံများအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံတွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများ တက်ရောက် သင်ကြားနေသည့် တပ်မတော် အရာရှိများနှင့်လည်း တွေ့ဆုံခဲ့သည်။ ၂၀၀၁ ခုနှစ်မှ စတင်၍ မြန်မာ့တပ်မတော်က ရုရှားနိုင်ငံတွင် ပညာသင်ကြားရန် အရာရှိများကို စေလွှတ်ခဲ့သည်။

ရုရှား လူမှုကွန်ရက် စာမျက်နှာသစ်မှ ပို့စ်အချို့ကို ရုရှားဘာသာနှင့်ရော မြန်မာ ဘာသာနှင့်ပါ ရေးသားထုတ်ပြန်ထားသည်။

VK က သုံးစွဲသူများအတွက် မြန်မာ၊ ရုရှားနှင့် အင်္ဂလိပ် ဘာသာများ အပါအဝင် ဘာသာစကား အမျိုးမျိုး သုံးနိုင်အောင် ပြုလုပ်ပေးထာသည်။ Facebook ကဲ့သို့ပင် သုံးစွဲသူများက သတင်းအချက်အလက်များ ဝေမျှခြင်း၊ ဓာတ်ပုံများတင်ခြင်း၊ စာမျက်နှာများ ဖန်တီးခြင်း နှင့် message ပေးပို့ခြင်းတို့ကို VK တွင် ပြုလုပ်နိုင်သည်။

သုံးစွဲသူများအနေဖြင့် မှတ်ပုံတင်ရန် အီးမေးလ် လိပ်စာတခု ပေးရန် လိုအပ်သည်။ VK ဝက်ဘ်ဆိုက်၏ အဆိုအရ လတိုင်း ပုံမှန် သုံးစွဲသူ ၉၇ သန်း ရှိ သည်ဟု သိရသည်။

( Moe Myint ၏ Military Chief Wastes No Time Finding New Home on Social Media ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Your Thoughts …
Tags: တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရုရှား လူမှုကွန်ရက် VKontakte (VK)
မိုးမြင့်

မိုးမြင့်

ဧရာဝတီ

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.3k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
51.3k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

ညှိကွပ်တိုင်း တပ်ချုပ် မဖြစ်ပါ

ညှိကွပ်တိုင်း တပ်ချုပ် မဖြစ်ပါ

by ဥသြ
27 December 2024
11.9k

ညှိကွပ်ရာထူးဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် မတိုင်ခင်က စစ်တပ်မှာ မရှိခဲ့ပါဘူး။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

by ဧရာဝတီ
10 August 2024
7.6k

စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း

(အပေါ် လက်ဝဲမှ လက်ယာသို့) အာဏာရှင်ဟောင်း ဦးသန်းရွှေ, လက်ထောက်ဟောင်း ဦးမောင်အေး, (အောက်ခြေ လက်ဝဲမှ လက်ယာသို့) သမ္မတဟောင်း ဦးသိန်းစိန်, ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

by ဧရာဝတီ
19 March 2022
22k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်

Next Post
Asus က မိတ်ဆက်လိုက်တဲ့ ဘောင်မဲ့ Display နဲ့ ZenBook

ဘောင်မဲ့ Display နဲ့ ZenBook မော်ဒယ်အသစ်တွေကို Asus မိတ်ဆက်

ဆွာချောင်းတံတား ဘာကြောင့် ပျက်စီးရတာလဲ (ရုပ်/သံ)

ဆွာချောင်းတံတား ဘာကြောင့် ပျက်စီးရတာလဲ (ရုပ်/သံ)

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate