• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တောင်းနှင့် သံလွင်မြစ်ရေ ဆက်တက်ဦးမည်

by သဇင်လှိုင်
31 August 2018
in သတင်း
A A
သြဂုတ်လ အတွင်းက သံလွင်မြစ်ရေဝင် နစ်မြုပ်နေသည့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကဇိုင်း ကျေးရွာ မြင်ကွင်း / တူးတူးသာ  / ဧရာဝတီ

သြဂုတ်လ အတွင်းက သံလွင်မြစ်ရေဝင် နစ်မြုပ်နေသည့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကဇိုင်း ကျေးရွာ မြင်ကွင်း / တူးတူးသာ / ဧရာဝတီ

6.5k
VIEWS
Share on FacebookShare on Twitter

စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့တွင် မြစ်ရေမြင့်တက်မှုကြောင့် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့တချို့၌ စိုးရိမ် ရေမှတ် ကျော်လွန်နေပြီး လာမည့် ၂ ရက်အတွင်း ဆက်လက် မြင့်တက်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန် ကြားမှု ဦးစီးဌာန (မိုး/ဇလ) က သိရသည်။

စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်း၊ တောင်ငူမြို့တွင် ၃ ပေခန့် နှင့် မဒေါက်မြို့တွင် ၃ ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေသည့် အပြင် သံလွင်မြစ်ရေသည် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၄ ပေခန့် စိုးရိမ်ရေမှတ် အထက် သို့ ကျော်လွန်နေကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

RelatedPosts

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
110
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
148
မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
107

မိုး/ဇလ၏ ဒု ညွှန်ကြားရေးမှူး ဦးလှထွန်းက“နောက်နှစ်ရက် အထိ စိုးရိမ်ရေ အမှတ်အောက်ကို ပြန်ရောက်ဖို့တော့ မရှိ သေး ဘူး။ တောင်ငူကတော့ ဆွာချောင်း တမံရေကြီးမှုကြောင့် ရေတွေရောက်လာတဲ့ သဘော ဖြစ်တယ်။ သူက မိုးဆက် မများဘူး ဆိုရင်တော့ ပြန်ကျဖို့တော့ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

တောင်ငူမြို့တွင် နောက် ၁ ရက်အတွင်း ပေဝက်ခန့် တက်လာနိုင်ပြီး မဒေါက်မြို့တွင်လည်း နောက်၂ ရက်အတွင်း ပေဝက် ခန့် တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အထက် ဆက်လက် တည်ရှိနိုင်ကြောင်း မိုး/ဇလက ယနေ့ ညနေပိုင်း တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် ဘားအံမြို့တွင် နောက်၂ ရက် အတွင်း ပေဝက်ခန့် တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက် တည်ရှိနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မုတ်သုံအား ပြန်လျော့သည့် အတွက် မိုးရွာသွန်းမှု ပမာဏ အနည်းငယ် လျော့နည်းသွားမည် ဖြစ်ကြောင်း ဦးလှထွန်း က ပြောသည်။

၎င်းက ဆက်လက်၍“အခုရက်ပိုင်း မုတ်သုံက နည်းနည်း အားပြန်လျော့နေတယ်။ နောက် ၃၊ ၄၊ ၅ ရက်မှာတော့ မိုးအား နည်းနည်း ပြန်လျော့သွားမယ့် အနေအထား ရှိတယ်။ မိုးအားဆိုတာ မိုးမရွာဘူး ပြောတာ မဟုတ်ဘူး။ အရင် ၄ လက်မ ၅ လက်မ ရွာတဲ့ နေရာက၂ လက်မ ၃ လက်မ ရွာတာကို ပြောတာ”ဟုလည်း ပြောပြသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ပဲခူးတိုင်း ဒေသကြီး၊ ညောင်လေးပင် မြို့နယ် မဒေါက်မြို့သည် ဇူလိုင်လကတည်းကပင် ရပ်ကွက်အတွင်း ရေဝင်ရောက်မှုများမှာ ၁ လကျော် ရှိနေပြီ ဖြစ်သည်။

ညောင်လေးပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွေးက“ကယ်ဆယ်ရေး စခန်းတော့ မဖွင့် ထားပါဘူး။ အိမ်တွေက ရေလွတ်တယ်။ လမ်းရေမြုပ်တာလောက်ကတော့ ဒီလိုပဲ သွားနေကြတာပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ၌ မြို့တွင်း ရေဝင်ရောက်မှုသည် စိုးရိမ်စရာ မရှိသော်လည်း ဆွာချောင်း ရေလှောင်တမံ ကျိုးပဲ့ပြီး ရေလျှံမှုများသည် မဒေါက်မြို့သို့ ရောက်ရှိလာမည်ကို စိုးရိမ်နေရကြောင်း ၎င်းက ပြောဆိုသည်။

ဆက်လက်၍ ဦးညီညီထွေးက“ဆွာချောင်းတမံ ကျိုးတဲ့အတွက် လက်ရှိ ရေထက်ကို ပိုပြီး မြင့်လာနိုင်တာကြောင့်မို့လို့ အဆင်သင့် ပြင်ဆင်ထားဖို့ ရေက တက်လာမယ် မတက်လာဘူးက ပြောမရဘူး။ ရေချက်ချင်း တက်လာရင် ရေလွတ်ရာ ရွှေ့ပြောင်းဖို့ အတွက်ကို နှိုးဆော်ထားပြီးပါပြီ”ဟုလည်း ပြောသည်။

ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် ဆွာချောင်း ရေလှောင်တမံသည် သြဂုတ်လ ၂၉ ရက် နံနက်ပိုင်းတွင် ကျိုးပဲ့၍ ဒေသတွင်း အနီးဝန်းကျင်ရှိ ကျေးရွာ ၂၀ ကျော် ရေနစ်မြှုပ်မှု ဖြစ်ပွားရာတွင် လူအသေအပျောက်များလည်း ရှိခဲ့သည်။

Your Thoughts …
Tags: စစ်တောင်းသံလွင် မြစ်ရေတက်မှု
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

တောင်ငူမြို့တွင်း ရေဘေးသင့်နေရာများ ကယ်ဆယ်ရေးများလိုအပ်နေ

တောင်ငူမြို့တွင်း ရေဘေးသင့်နေရာများ ကယ်ဆယ်ရေးများလိုအပ်နေ

by ဧရာဝတီ
17 September 2024
624

တောင်ငူမြို့ပေါ် ရပ်ကွက်များအပါအဝင် မြို့နယ်တွင်းရှိ တပြေး၊ မိုးကောင်း၊ နောင်ဖို၊ ဒိုးအင်း၊ လေးအိမ်စု၊ အရှေ့ဆင်၊ ကျေးအင်း၊ ထုံးဘို၊ ကွမ်းသီးပင်၊ သဖန်းပင် အစရှိသည့် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများ ရေနစ်မြုပ် လျက်ရှိရာ ရေအနည်းငယ်ပြန်ကျလာပြီ ဖြစ်သော်လည်း...

Next Post
ဇူလိုင် ၃ ရက် လွိုင်ကော်မြို့တွင်း ဗိုလ်ချုပ်ရုပ်တု ဆန့်ကျင်ရေး ဆန္ဒပြခဲ့စဉ်က / KnIC / Facebook

ဗိုလ်ချုပ်ရုပ်တု ဆန္ဒပြပွဲတွင် ပါဝင်သော ကရင်နီလူငယ်များကို အာမခံဖြင့် လွှတ်ပေးပြီ

TNLA အဖွဲ့၏ ဖမ်းဆီးခြင်းခံထားရသော ဒေါ်နန်းမိုဟွမ် / Facebook

TNLA ဖမ်းဆီးထားသော နန်းမိုဟွမ် လွတ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည်ထံ အကူအညီတောင်းခံ

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
4k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate