• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းလည်း တရားမဝင်ဟု သာသနာရေး ဝန်ကြီး ပြော

by မိုးမိုး
1 September 2018
in သတင်း
A A
သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကို / ဧရာဝတီ

သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကို / ဧရာဝတီ

15.4k
VIEWS
Share on FacebookShare on Twitter

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ)မှ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အမည် ပြောင်းထား သော်လည်း တရားမဝင်ကြောင်း သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

၎င်းက“တရားမဝင်တဲ့ အဖွဲ့အစည်းကို နာမည်ပြောင်းဖွဲ့စည်းတဲ့ အဖွဲ့အစည်းကလည်းပဲ မူလကတည်းက အလို အလျောက် တရားမဝင် အဖွဲ့အစည်းသာ ဖြစ်တယ်လို့ ပြောရမှာပဲ”ဟု ယမန်နေ့ က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများကို ပြောပြသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
51
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
82
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
298

၂၀၁၇ ခုနှစ် မေလ ၂၈ ရက်က ပြုလုပ် သည့် ရဟန်းနှင့်လူပုဂ္ဂိုလ် ထောင်ချီတက်ရောက်သော မဘသ အဖွဲ့ဝင်များ အား အထူး အသိပေး ရှင်းလင်းပွဲ အခမ်းအနားတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့သည် နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်များကို အလေးဂရုပြုသောအားဖြင့် မဘသ အမည်ကို မသုံးစွဲဘဲ ‘ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း’ အမည်ဖြင့်သာ ဆက်လက်ရပ်တည်မည်ဟု ထုတ် ပြန်ကြေညာခဲ့သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့နယ်တိုက်နယ် အသီးသီးရှိ မဘသ အဖွဲ့များအနေဖြင့် ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အမည်ကို သုံးစွဲကာ တိုင်းပြည်နှင့် လူမျိုး၊ ဘာသာနှင့်သာသနာရေး အကျိုး ပြုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် ကြရန် တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အရှင် သောပါက က“သူတို့ပြောတာ နားမလည်လို့ ပြောတာပဲ လို့ ပြောချင်တယ်။ အသင်းကတော့ ဘယ်တော့မှလည်း မှေးမှိန်သွားမှာ မဟုတ်ဘူး။ အမျိုးဘာသာ သာသနာအတွက် အခုလည်း လုပ်နေသလို နောင်လည်း လုပ်နေဦးမှာပါ”ဟု ဧရာဝတီသို့ မိန့်ကြားသည်။

တရားမဝင် ဖွဲ့စည်းထားသည့် အဖွဲ့စည်းဟု ပြောဆိုခြင်းသည် ဥပဒေ နားမလည်၍ ပြောဆိုခြင်းမျိုးသာ ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ လုပ်ဆောင်နေခြင်း ဖြစ်သဖြင့် ၎င်းတို့ အဖွဲ့အစည်းအား ဘာမှလုပ်၍ မရကြောင်း၊ တိုင်းပြည် လူမျိုး၊ ဘာသာ၊ သာသနာအတွက် အမြဲတမ်း ရှင်သန်နေမည့် အဖွဲ့အစည်း ဖြစ်ကြောင်းလည်း အရှင် သောပါက က ဆိုသည်။

ဝန်ကြီး သူရ ဦးအောင်ကို ကမူ လက်ရှိအချိန်ထိ မဘသ ဆိုင်းဘုတ် ထောင်ထားသည့် မန္တလေးနှင့် ဘားအံမြို့မှ ဆိုင်း ဘုတ် များကိုလည်း အရေးတကြီး ဖြုတ်ခိုင်းရန် အစီအစဉ်မရှိကြောင်း၊ ယင်းဆိုင်းဘုတ်များမှာ အလိုအလျောက် သက်ဝင် လှုပ်ရှားမှု ပပျောက်သွားနိုင်ကြောင်း၊ ပြည်သူ ထောက်ခံမှု မရှိသည့် အဖွဲ့အစည်းမျိုးသည် သဘာဝ သဘော တရား အရ မှေးမိန် ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းက ဆက်လက်၍“ပထမတော့ မဘသအဖွဲ့ဆိုပြီး ဖွဲ့တယ်။ နောက်အခြေနေအရ အဲဒါကို ဖျက်သိမ်းပြီးတော့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဆိုပြီး ပြင်ဆင်ဖွဲ့စည်းပါတယ်။ ဖွဲ့စည်းပြီးတော့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ထောက်ခံပွဲ ဆိုတာ ရန်ကုန်မှာ လုပ်တယ်။ ထောက်ခံပွဲ လုပ်တယ်ဆိုတာ ထောက်ခံသူနည်းလို့ သို့မဟုတ် ထောက်ခံသူမရှိလို့ ထောက်ခံပွဲ လုပ်ရတာပါ”ဟုလည်း ပြောသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သည် ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် မဘသ ကို တရားမဝင် အဖွဲ့အစည်း အဖြစ် ကြေညာပြီး နိုင်ငံတဝန်းရှိ မဘသ ဆိုင်းဘုတ်များကို ၂၀၁၇ ဇူလိုင် ၁၅ ရက် နောက်ဆုံးထား၍ အပြီးဖြုတ်သိမ်းရန် ညွှန်ကြားခဲ့သည်။

ထိုသို့ ညွှန်ကြားခံရပြီးနောက် မဘသအဖွဲ့ကို ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းဟု အမည် ပြောင်းလဲဖွဲ့စည်း၍ တိုင်း ဒေသကြီးနှင့် ပြည်နယ် အများစုတွင် မဘသ ဆိုင်းဘုတ်များ ဖြုတ်သိမ်းသော်လည်း ဒေသတချို့ရှိ မဘသ ဆိုင်းဘုတ် များ လက်ရှိအချိန်ထိ ဖြုတ်သိမ်းခြင်းမရှိဘဲ ကျန်နေသေးသည့် နေရာများလည်း ရှိနေသေးကြောင်း သိရသည်။

NLD ကိုယ်စားလှယ် တဦးဖြစ်သူ ဒက္ခိဏ သီရိမြို့နယ်မှ ဦးသန့်ဇင်ထွန်းက“လူမှုရေး၊ ဘာသာရေး ပဋိပက္ခ မဖြစ် အောင် ဖွဲ့တဲ့ အဖွဲ့အစည်း ဆိုရင် ကောင်းတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီအဖွဲ့က ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လုပ်တာ ဆိုရင်တော့ ဘာမှ ပြောစရာမရှိပါဘူး။ ဒီလို အဖွဲ့အစည်းတွေက ပြည်သူကို ကာကွယ် စောင့်ရှောက်တဲ့ အဖွဲ့အစည်းမျိုး ဆိုရင်တော့ ကောင်းတဲ့ အဖွဲ့အစည်းပါပဲ”ဟု ပြောကြားသည်။

Your Thoughts …
Tags: မဘသ
မိုးမိုး

မိုးမိုး

...

Similar Picks:

ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့် ရိုးရာနတ်ကွန်း နောက်ကွယ်

ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့် ရိုးရာနတ်ကွန်း နောက်ကွယ်

by ကိုဦး
15 January 2024
13.5k

နန်ထင်မင်စမ်းတောင်ပေါ်မှ စေတီဖျက်ဆီးခြင်းကို ဘာသာရေးစော်ကားမှု၊ ဖျက်ဆီးမှုအဖြစ် အချို့ သတင်းဌာနများက သရုပ်ဖော်သည်။ ဇာစ်ဇာစ်မြစ်မြစ် စုံစမ်းမှု မပြုကြပေ။

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

by အောင်ဇော်
10 June 2024
13.5k

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ဘာသာရေးဝှက်ဖဲကို ဆက်လက် အသုံးပြုသည်။

ဦးဝီရသူ ပြန်လာပြီ

ဦးဝီရသူ ပြန်လာပြီ

by အောင်သူရ
24 January 2025
10k

“ကြံ့ခိုင်ရေးက ဘူးလက် လှဆွေတို့၊ မင်းကင်း မောင်မြင့်တို့ ခဏခဏ လာကြတယ်”

ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်

ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်

by ဝေမင်းထွန်း
30 July 2024
9.7k

ဗမာများက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ပူးပေါင်းထောက်ခံလိုက်ကြသဖြင့် စစ်တပ်သည် အထီးတည်းဖြစ်သွား၏။

ဝင်းနိမ္မိတာရုံ ဆရာတော် အသတ်ခံရမှု မဟနတို့ နှုတ်ဆိတ်နေဟု သံဃာများ ဝေဖန်

ဝင်းနိမ္မိတာရုံ ဆရာတော် အသတ်ခံရမှု မဟနတို့ နှုတ်ဆိတ်နေဟု သံဃာများ ဝေဖန်

by ဧရာဝတီ
21 June 2024
8.8k

မဟနနှင့် မဘသများသည် စစ်ကောင်စီ၏ ခိုင်းစေရာကိုသာ လုပ်ကိုင်နေကြရသော အဖွဲ့အစည်းများဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ဘာသာရေးကို အကြောင်းပြ ဓမ္မမပါသော သူတော်ကောင်းအယောင်ဆောင်သူဟု ပြောဆိုမှုများလည်း ရှိသည်

ပွဲကြိုက်မောင်နှင့် သူ၏ လော်ဘီများ

ပွဲကြိုက်မောင်နှင့် သူ၏ လော်ဘီများ

by ခင်မမ
17 December 2024
6.8k

စစ်မြေပြင်မှာ စစ်ရှုံးလေ မင်းအောင်လှိုင်က ပွဲတက်လေပါပဲ။

Next Post
စတုတ္ထအကြိမ်မြောက် ဘင်္ဂလား ပင်လယ်အော် ကဏ္ဍပေါင်းစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ဘင်းစတက်) - BIMSTEC ညီလာခံ တက်ရောက်သော ခေါင်းဆောင်များ

မူးယစ်ဆေးနှင့် အကြမ်းဖက်မှုကို နှိမ်နင်းမည်ဟု သမ္မတဦးဝင်းမြင့် ပြော

ယောကျာ်းရင့်မာတွေတောင် မျက်ရည်ကျစေတဲ့ ဇာတ်ကားများ

ယောကျာ်းရင့်မာကြီးတွေတောင် မျက်ရည်ကျရတဲ့ ဇာတ်ကားများ ၃ ကား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate