• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သတင်းထောက် ၂ ဦးထောင်ချခံရမှု ထိတ်လန့်စရာမလိုဟု ပြန်ကြားရေးဒုဝန်ကြီးပြော

by ထက်နိုင်ဇော်
3 September 2018
in သတင်း
A A
ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း  / ထက်နိုင်ဇော် / ဧရာဝတီ

ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း / ထက်နိုင်ဇော် / ဧရာဝတီ

15.8k
VIEWS
Share on FacebookShare on Twitter

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ချမှတ်လိုက်သော်လည်း စိုးရိမ်ထိတ်လန့်စရာ မလိုကြောင်း ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ပြောသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို မြောက်ပိုင်းခရိုင်းတရားရုံးတွင် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် ထောင်ဒဏ် ၇ နှစ်စီချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
16
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
18
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
27

ရိုက်တာ သတင်းထောက်ဟောင်းလည်း ဖြစ်သူ ဦးအောင်လှထွန်း က “ဘာမှတော့ ထိတ်လန့်စရာမလိုပါဘူး။ ကိုယ့်အလုပ်ကို လုပ်သွားရမှာပဲ။ ပရော်ဖက်ရှင်နယ် ဖြစ်ရမယ်။ ကျင့်ဝတ်လိုက်နာရမယ်။ ဒီမိုကရေစီပဲရရ ဘာပဲရရ သတင်းသမားဆိုတာ အမြဲပဲရှိနေရမှာပဲ။ ဥပဒေကိုတော့သိရမယ်။ နိုင်ငံတိုင်းမှာ ဥပဒေတွေရှိတယ်” ဟု ယနေ့ နေပြည်တော်တွင် ပြောသည်။

ရိုက်တာသတင်းထောက် ၂ ဦးသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်းကထောင်ကြံ့မြို့နယ်တွင် အမှတ် ၈ ရဲတပ်ဖွဲ့ခွဲမှ ဒုတပ်ကြပ် နိုင်လင်းနှင့် သွားရောက်တွေ့ဆုံပြီးအပြန်တွင် ရခိုင်အရေး လျို့ဝှက်စာရွက်စာတမ်းများ တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခံရ ခြင်း ဖြစ်သည်။

အလုပ်လက်တွဲလုပ်ခဲ့ဖူးသည့် ကိုဝလုံးထောင်ချခံရမှုအပေါ် စိတ်မကောင်း ဖြစ်မိသော်လည်းအယူခံ ဝင်ခွင့်ရသေး၍ မျှော်လင့်ချက် ရှိသေးကြောင်း၊ ယခုထောင်ချမှုသည် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်စေနိုင်ပြီး လက်တွေ့တွင်လည်း သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေသည့် ဥပဒေများစွာရှိနေသေးကြောင်း ဒုဝန်ကြီး ဦးအောင်လှထွန်းက ရှင်းပြသည်။

“နှစ်ပေါင်းများစွာကတည်း ပြဌာန်းခဲ့တဲ့ ဥပဒေတွေကိုသုံးသပ်နေတယ်။ ပြင်ဆင်နေတယ်။ နေ့ချင်းပြီးအားလုံး ဖြစ်လို့တော့ မရဘူး။ သတင်းသမားပိုင်းကလည်း ကျင့်ဝတ်ကို လိုက်နာရမယ်။ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်ဖို့လည်း လိုပါတယ်။ အားလုံးကို ပေါင်းစပ်ပြီးတော့ စိတ်ရှည်ဖို့တော့ လိုပါတယ်။ ချက်ချင်းတော့ လုပ်လို့ မရဘူး”ဟု ဦးအောင်လှထွန်းက ပြောသည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ တရားလွှတ်တော် ရှေ့နေလည်း ဖြစ် လွှတ်တော်ကိုယ်စားလှယ် တဦးလည်း ဖြစ်သည့် ဦးအောင်သိန်းက ရိုက်တာသတင်းထောက်များ၏ အမှုမှာဖန်တီး၍ တည်ဆောက်ထားခြင်းကြောင့် အမှုတည်ဆောက်ပုံသည် ဥပဒေနှင့်မညီကြောင်း၊ သတင်းရယူရမည့်လူပုဂ္ဂိုလ် (Source) ကို ပြ၍သတင်းခေါ်ပေးကာ တရားစွဲတင်ခြင်းမှာ မဖြစ်သင့်ကြောင်းပြောသည်။

ဦးအောင်သိန်း က “နိုင်ငံရေးအရ ဖော်ထုတ်ရမယ့်ကိစ္စတွေကို တဖက်နိုင်ငံကို ပို့တယ်။ တဖက်သတင်းဌာနကို ပို့တယ်ဆိုတာ လျို့ဝှက်ချက်ဥပဒေနဲ့ မြောက်လား၊ မမြောက်လားဆိုတာ အများကြီး စဉ်းစားရမယ့်ကိစ္စတွေ ဖြစ်နေတယ်။ ပြစ်ဒဏ် ချမှတ်မှုကိုတော့ မသုံးသပ်လို့ဘူး။ အမှုတည်ဆောက်တာကတော့ ဥပဒေနဲ့မညီဘူး” ဟု သုံးသပ်သည်။

ရိုက်တာသတင်းထောက် ၂ ဦးတွင် အပြစ်ရှိသည်ဟု အများပြည်သူ ယုံကြည်နိုင်လောက်သည့် စွမ်းဆောင်မှုမျိုးကို တရားရုံးနှင့် ရဲတပ်ဖွဲ့တို့က မပြသနိုင်ခဲ့ကြောင်း NLD ၏ မင်္ဂလာဒုံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

ဦးအောင်လှိုင်ဝင်း က “သူတို့ ၂ ယောက်ဟာ မျှတတဲ့ တရားစီရင်မှု မရခဲ့ဘူး။ ဥပမာစွပ်စွဲခံရမှု၊ ခုခံချေပမှုပေါ့။ ဘာကြောင့်လဲ ဆိုတော့ တရားစီရင်နေတဲ့ ကာလမှာ ရဲတပ်ဖွဲ့အရာရှိတွေ အရေးယူခံရတယ်။ ကျနော် မဲဆန္ဒနယ်မှာ အဖမ်းခံရတာ ကြားပါတယ်။ ဒါပေမယ့် သက်သေနဲ့ အတူတကွ ရှာဖွေရမှာကို အဲဒါလည်းတော်တော်လေးချို့ယွင်းတယ်။ ပြီးတော့ မျှမျှတတစီရင်ခဲ့တာလား ဆိုတာကိုတော့ ကျနော်တို့က မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

နောက်ပိုင်းတွင် NLD အစိုးရအနေဖြင့် အလားတူကိစ္စမျိုးကို ရှောင်ရှားနိုင်ရန် သတင်းသမားများ ရသင့်ရထိုက်သည့် Right to Information ကို ယခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ချဲ့ပေးနိုင်ရန် လိုအပ်ပြီးထိုသို့ မဟုတ်ပါက သတင်းထောက်များကလည်း က ပြည်သူစိတ်ဝင်စားသည့် သတင်း၊ လူထုအတွက် အကျိုးရှိနိုင်သည့် သတင်းများကို ရသည့် နည်းလမ်းပေါင်းစုံနဲ့ လိုက်ကြသည့် အခါ ယခုလို ကိုဝလုံးတို့ ကြုံရသည့် ပုံစံမျိုးထပ်မံ ကြုံတွေ့လာနိုင်ကြောင်း သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောသည်။

ယခုကဲ့သို့ လျို့ဝှက်ချက် ဥပဒေဖြင့် ငြိစွန်းသည်ဟုဆိုကာ ပြစ်ဒဏ်ချမည် ဆိုပါကလည်း ထောင်ဒဏ်မှာ များလွန်း၍ ယခုထက် လျော့ပေးသင့်ကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းသည့် ကာလတွင် အစိုးရတွင်လည်းတချို့ ကိစ္စများက အဆင်သင့် မဖြစ်သေးသလို သတင်းမီဒီယာဘက်တွင်လည်း လိုအပ်ချက်များ ရှိနေနိုင်သည်ဟုလည်း ဆိုသည်။

ဦးလွင်ကိုလတ် က “ကိုဝလုံးတို့အတွက် ထောင်ဒဏ်ကို ပြန်လည် သုံးသပ်တာသော်လည်းကောင်း၊ တချို့ လုပ်ပိုင်ခွင့်က နေပြီးတော့ သတင်းသမားတွေရဲ့ အကျိုးစီးပွားအတွက် တခုခုလုပ်ပေးနိုင်လိမ့်မယ်လို့ ကျနော်အနေနဲ့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

ရိုက်တာသတင်းထောက် ၂ ဦးထောင်ဒဏ် ချမှတ်ခံရမှုအပေါ် စိတ်ပျက်မိကြောင်း နိုင်ငံတကာ သံရုံးများနှင့် သတင်းမီဒီယာ အသိုင်းအဝိုင်းက ထုတ်ဖော်ပြောဆိုခဲ့ကြပြီး မန္တလေးမြို့တွင်လည်း သတင်းထောက်များက ဆုတောင်းပွဲများ ပြုလုပ်လျက်ရှိသည်။

Your Thoughts …
Tags: Reuitersဦးအောင်လှထွန်း
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း / ထက်နိုင်ဇော် / ဧရာဝတီ

ပြည်တွင်းမီဒီယာတွေ အားကောင်းဖို့လိုတယ် ဆိုတဲ့ ပြန်ကြားရေး ဒုဝန်ကြီးနှင့် တွေ့ဆုံခြင်း (အပိုင်း – ၂)

by ဧရာဝတီ
15 May 2018
6.2k

သတင်းစာဆရာဘဝမှ ပြန်ကြားရေး ဒုတိယဝန်ကြီး ဖြစ်လာသူ ဦးအောင်လှထွန်းကို ဧရာဝတီသတင်းဌာနမှ ထက်နိုင်ဇော်နှင့် မိုးမိုး တို့က သီးသန့်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း  / ထက်နိုင်ဇော် / ဧရာဝတီ

ပြန်ကြားရေး ဝန်ကြီးဌာန ထားတဲ့ပုံစံ မှားနေတယ် ဆိုတဲ့ ပြန်ကြားရေး ဒုဝန်ကြီးနှင့် တွေ့ဆုံခြင်း (အပိုင်း ၁)

by ဧရာဝတီ
14 May 2018
20.4k

စိန်ခေါ်မှုကအများကြီးပဲ။ တကယ့်ကိုအများကြီး။ လုပ်ချင်တာတွေလည်း အများကြီးပဲ။ လုပ်ချင်တာတွေကို အရင်ပြောရင် ကောင်းမယ်နော်။ လုပ်ချင်တာတွေများပေမယ့် အခုမှလုပ်နိုင်တာကို။ နှစ်ပေါင်း၃၀ လောက် ထိဒီလောကမှာ ကျင်လည်ခဲ့တာလေ။ အစိုးရ အယ်ဒီတာလည်း ၁၁ နှစ်လုပ်ခဲ့တယ်။ကမ္ဘာ့အကြီးဆုံး သတင်းဌာနလို့ ခေါ်တဲ့ Reuters...

Next Post
မော်ဒယ်လ်၊ သရုပ်ဆောင် ပိုင်တံခွန်  / ယုဖြူဟန် / ဧရာဝတီ

တွဲပြီးမှ ပြတ်သွားရင် နှစ်ယောက်လုံး အရှက်ကွဲမယ့် အဖြစ်မျိုး ကျနော် မဖြစ်ချင်ပါဘူး

တန်ဖိုးအကြီးဆုံး  ငွေကြေးများ

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ငွေကြေးများ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.8k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate