• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိရစ္ဆာန် စောင့်ရှောက်ရေး ဂေဟာများ လိုင်စင် လျှောက်ထားရမည်

by သဇင်လှိုင်
3 September 2018
in သတင်း
A A
တိရစ္ဆာန် စောင့်ရှောက်ရေး ဂေဟာများ လိုင်စင် လျှောက်ထားရမည်
20.4k
VIEWS
Share on FacebookShare on Twitter

၂၀၁၈ ခုနှစ် စည်ပင် သာယာရေး ဥပဒေသစ် အရ ခွေးလေခွေးလွင့်များ ထိန်းသိမ်း စောင့်ရှောက်မှု အပါအဝင် တိရစ္ဆာန် စောင့်ရှောက်ရေး ဂေဟာများ အတွက် လိုင်စင် လျှောက်ထားရန် လိုအပ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က သိရသည်။

YCDC ၏ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများ ဌာန၊ လက်ထောက် ဌာနမှူး ဒေါက်တာ လှမေဦးက “အခုတော့ ၂၀၁၈ ခုနှစ် စည်ပင်သာယာရေး ဥပဒေသစ် ပြဋ္ဌာန်းလိုက်တာပေါ့နော်။ အဲဒီမှာကတော့ shelter တွေ လိုင်စင်နဲ့ တရားဝင်ဖွင့်ပြီး တော့ လိုင်စင် လိုအပ်တယ်လို့ ဖော်ပြပါရှိတယ်။ လျှောက်လွှာနဲ့ တရားဝင်လျှောက်ထား လိုင်စင်ရယူပြီး ထိန်းသိမ်းစောင့် ရှောက်ဖို့ အကြံပြုချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
91
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.2k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
387

၂၀၁၈ စည်ပင် ဥပဒေသစ် ပုဒ်မ ၃၂၁ (ဂ) တွင် ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ တိရစ္ဆာန် ထိန်းသိမ်းရေးရုံ တည်ထောင် ဖွင့်လှစ်ခြင်း ပြုလုပ်ပါက ငွေဒဏ် ၁ သိန်းမှ ၅ သိန်း အထိ ချမှတ်ရမည် ဖြစ်ပြီး ယင်းပြစ်မှုကို ဆက်လက် ကျူးလွန်ပါက ထောင်ဒဏ် ၆ လ အထိ ချမှတ်ရမည် ဟု ပြဋ္ဌာန်းထားသည်။

၂၀၁၈ စည်ပင် ဥပဒေသစ် မပြဋ္ဌာန်းခင် အထိ တရားဝင် ခွင့်ပြုပေးထားသည့် ဂေဟာ မရှိခဲ့ကြောင်းနှင့် လျှောက်ထားမည် ဆိုပါက နေရပ် လိပ်စာ၊ မြို့နယ် စည်ပင် ထောက်ခံချက်၊ ရပ်ကွက် ထောက်ခံချက်၊ ပတ်ဝန်းကျင် သဘောတူညီကြောင်း ထောက်ခံချက်များ လိုအပ်ကြောင်း ဒေါက်တာလှမေဦး က ပြောဆိုသည်။

၂၀၁၃ ခုနှစ် ကတည်းက စတင် တည်ထောင်ထားပြီး ခွေးကောင်ရေ ၄၀၀ ခန့်ကို စောင့်ရှောက်ထားသည့် ရန်ကုန်တိုင်း၊ ရွှေပေါက်ကံရှိ ပုလဲမေတ္တာ တိရစ္ဆာန် စောင့်ရှောက်ရေးဂေဟာ အနေဖြင့် လိုင်စင်လျှောက်ထားရန် အဆင်သင့် ဖြစ်ပြီး အခွန်ဆောင်ခိုင်းပါကလည်း အခွန်ဆောင်ရန် အဆင်သင့်ဖြစ်ကြောင်း အဆိုပါ ဂေဟာ တည်ထောင်သူ ဒေါ်ရှုက ဧရာ ဝတီသို့ ပြောသည်။

“လိုင်စင် တင်ဖို့ အတွက်ကို လုပ်နေပါတယ်။ ဟိုတုန်းကတည်းက အန်တီတို့က တရားဝင် လုပ်မယ်ဆိုတော့ သူတို့က ဥပဒေ မရှိသေးဘူးတဲ့။ အခွန်ဆောင်ရမယ် ဆိုရင်တော့ ဆောင်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ မလုပ်ရင် ဒီခွေး တွေကို ဘယ်လိုလုပ် ပစ်ထားလို့ ရမှာလဲ။ အခွန်မဆာင်ရင် မလုပ်ရဘူး ဆိုတော့ ဒီခွေးတွေကို ခြံဖွင့်ပြီး ထုတ်ရုံပဲလေ။ အဲဒီအခါကျတော့ ဒီခွေးတွေ အကုန်လုံး သေကုန်မှာပေါ့။ အန်တီတို့ ဖွင့်နိုင်တဲ့ နှလုံးသား ဘယ်လိုလုပ် ရှိမှာလဲ၊ ပစ်ထား နိုင်တဲ့ အင်အားမှ မရှိတာ” ဟု ၎င်းက ဆိုသည်။

ထိုသို့ လိုင်စင်များ လျှောက်ထား ခွင့်ပြုပြီးပါကလည်း သက်ဆိုင်ရာ အနေဖြင့် တိရစ္ဆာန် စောင့်ရှောက်ရေး ဂေဟာများကို ပုံမှန် စစ်ဆေးခြင်းမျိုး ပြုလုပ်ပေးကာ လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာမှု ရှိ၊ မရှိကို စစ်ဆေးသင့်ကြောင်း ခွေးလေ ခွေးလွင့် ဂေဟာများတွင် ပုံမှန် လှူဒါန်းမှုများ ပြုလုပ်နေသူလည်း ဖြစ်ပြီး နိုင်ငံတကာ အခြေစိုက် အလုပ်အကိုင် ဝန်ဆောင် မှု ကုမ္ပဏီ တခု၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ မဇင်မာက သုံးသပ်သည်။

“လူရဲ့ကျန်းမာရေးနဲ့ အများကြီး ပတ်သက်တယ်။ ကျမတို့ တိရစ္ဆာန် ချစ်တယ်ဆိုတာ စုံလုံးကန်းပြီးတော့ တိရစ္ဆာန် ကောင်း စားရေးပဲ ပြောနေတာ မဟုတ်ဘူး။ သူတို့မှာ ရောဂါတွေ ဖြစ်ပြီး သေသွားမယ်ဆိုရင် လူတွေဆီကို ဒီရောဂါတွေက ပြန် ရောက်လာမှာ။ အဲဒီတော့ လူတွေ အတွက်ရော တိရစ္ဆာန်တွေ အတွက်ပါ ကြည့်တဲ့အနေနဲ့ လိုင်စင်ကို လုပ်တယ် ဆိုရင် လည်း လိုင်စင် စည်းကမ်းချက်တွေကို တကယ် လိုက်နာမှု ရှိမရှိ စစ်ဆေးသင့်တယ်၊ မေးမြန်းသင့်တယ်။ ဥပဒေ တခု ပြဋ္ဌာန်းလိုက်ပြီး မလိုက်နာဘူး ဆိုရင်တော့ ပြစ်ဒဏ်ဆိုတာတော့ ရှိသင့်တယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် အထူးသဖြင့် ခွေးလေခွေးလွင့်များစောင့်ရှောက်သည့် ပုဂ္ဂလိက တိရစ္ဆာန် စောင့်ရှောက်ရေး ဂေဟာများ ရှိပြီး အချို့သော ဂေဟာများမှာ ဟန်ပြ စောင့်ရှောက်မှုများ ပြုလုပ်ပြီး အလှူငွေ ကောက်ခံခြင်းများ ရှိနေကြောင်း လူမှု ကွန်ရက် Facebook ပေါ်တွင် သတင်းများစွာ ထွက်ပေါ်ခဲ့ဖူးသည်။

“shelter တွေကို ဖွင့်တယ် ဆိုတာကလည်း တိရစ္ဆာန်တွေကို ကယ်နေတာဆိုတာ မှန်တယ်။ တကယ် နည်းမှန် လမ်းမှန်နဲ့ သွားနေတာလား။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ်လုပ်နေတဲ့ shelter တွေရှိသလို လိမ်နေတဲ့ shelter တွေလည်း ရှိနေ တယ်” ဟု မဇင်မာ က ဆိုသည်။

စည်ပင် ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ စိစစ်ရေး ကော်မတီတွင် ပါဝင်သည့် မင်္ဂလာ တောင်ညွန့်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက “တဖက်ကနေ ပရဟိတ ဆိုတဲ့ ခေါင်း စဉ်ကို တက်ပြီးတော့ လုပ်မယ်ဆိုရင်လည်း ပရဟိတရဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတယ်၊ မကိုက်ညီဘူး ဆိုတာ သက်ဆိုင်ရာကနေ စစ်ဆေး ဆောင်ရွက်မယ့် အခြေအနေ ရှိတယ် ပရဟိတဆိုတိုင်းလည်း အရာ အားလုံးကို ပေးထားလို့ မရဘူး” ဟု သုံးသပ် ပြောဆိုသည်။

ဥပဒေအတိုင်း လိုင်စင် လျှောက်ထားနိုင်ရန် အတွက် လိုအပ်သော သတ်မှတ်ချက်၊ ကန့်သတ်ချက်များ အတွက် နည်း ဥပဒေ ဆက်လက် ပြဋ္ဌာန်းရန် လိုအပ်ကြောင်းနှင့် ပြဋ္ဌာန်းနိုင်ရန် အတွက်လည်း လုပ်ဆောင်နေကြောင်း ဦးလှဌေးက ပြော သည်။

“နည်းဥပဒေမှာက ဘယ်လို အချက်အလက်တွေနဲ့ လျှောက်ထားခွင့် ပေးမှာလဲ၊ ဘယ်လိုနေရာတွေကို ကန့်သတ်မှာလဲ ဆိုတဲ့ ပုံသဏ္ဍာန်တွေ ရှိသေးတယ်။ အဲဒါတွေကို ခွင့်ပြုချက် ပေးမယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ခွင့်ပြုချက် ယူပြီးတော့ လုပ်ရမယ်။ မပေးဘူးဆိုရင်တော့ အကုန်ပိတ်သိမ်းရမယ်။ ထားလို့မရဘူး အရေးယူမှာပဲ။ ဥပဒေ အဖြစ် ခိုင်ခံ့အောင် တည်တံ့အောင် လုပ်မှာပဲ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင် စည်ပင်သာယာရေး ကော်မတီမှ စီစဉ် ဆောင်ရွက်ထားသည့် တရားဝင် ခွေးလေခွေးလွင့် ထိန်းသိမ်းစောင့် ရှောက်ရေး ဂေဟာ တခုသာ ရှိပြီး လှိုင်သာယာ မြို့နယ် ထိန်ပင်သုဿန် အဝင်လမ်း အဆုံးတွင် တည်ရှိကြောင်း သိရ သည်။

ရန်ကုန်မြို့၌ ခွေးလေခွေးလွင့်ကောင်ရေ ၁၂၀၀၀၀ ကျော် ရှိနေပြီး အဆိုပါ ခွေးများ မျိုးပွားမှုကို ထိန်းချုပ်ရန် အတွက် ခွေး အထီးများအား ခွဲစိတ် ကုသခြင်း၊ ခွေးရူးရောဂါ မဖြစ်ပွားရန် ကာကွယ်ဆေး ထိုးခြင်း စသည့် လုပ်ငန်းများကို လမ်းမတော်၊ ပန်းပဲတန်း၊ ကျောက်တံတား၊ လသာ စသည့် ၄ မြို့နယ်တွင် လုပ်ဆောင်ပေးလျက် ရှိကြောင်း YCDC က သိရသည်။

ဇွန်လ ၂၈ ရက်က တိုင်းဝန်ကြီးချုပ် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေသစ်တွင် အခန်း ၃၁ ခန်း ပါဝင်ပြီး နောက်ဆက်တွဲ ဇယား ပြစ်မှုနှင့် ပြစ်ဒဏ်များ ထည့်သွင်း ရေးဆွဲထားသည်။

အဆိုပါ ဥပဒေသစ်ပါ ပြစ်မှုပြစ်ဒဏ်များကို အောက်တိုဘာလ ၁ ရက်တွင် စတင်ကျင့်သုံးမည် ဖြစ်သည့်အတွက် ယခု ရက်ပိုင်း၌ ပညာပေး လုပ်ငန်းများကို ဆက်တိုက် လုပ်ဆောင်နေသည်။

Your Thoughts …
Tags: ဂေဟာတိရစ္ဆာန်စောင့်ရှောက်ရေးလိုင်စင်
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ပို့ကုန်ရငွေကြွေးကျန်များ မပေးက လိုင်စင်သိမ်းမည်ဟု စစ်ကောင်စီ ထပ် ခြိမ်းခြောက်

ပို့ကုန်ရငွေကြွေးကျန်များ မပေးက လိုင်စင်သိမ်းမည်ဟု စစ်ကောင်စီ ထပ် ခြိမ်းခြောက်

by ဧရာဝတီ
10 August 2024
588

ပို့ကုန်ရငွေအပေါ် ယခုကဲ့သို့ ထိန်းချုပ်ထားခြင်းများကြောင့် တင်ပို့မှုကဏ္ဍတွင် လျော့ကျလာခြင်းများ ရှိလာကြောင်း

လေ နှင့် အတူ

လေ နှင့် အတူ

by မောင်ထင်
21 April 2024
493

လေနှင့်အတူ လွင့်နေသော အမှိုက်စကလေး တခုကို ကြည့်လျှင် ဘာမျှ အရေးမကြီးဟု ထင်စရာပင်။

၂၀၁၉ ဧပြီလ အထိ ၈ နှစ်တာ ကာလအတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တရားဝင် RLG ကားအစီးရေပေါင်း ၂၂၀၀ ကျော်သာ ထုတ်ပေးထား / Reuters

သာသနာရေးယာဉ် တရားဝင် လိုင်စင် ဘယ်လိုရမလဲ

by ကောင်းမြတ်မင်း
24 August 2019
9.9k

၂၀၁၉ ဧပြီလ အထိ ၈ နှစ်တာ ကာလအတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တရားဝင် RLG ကားအစီးရေပေါင်း ၂၂၀၀ ကျော် သာ ထုတ်ပေးထားတယ်

မတ်လအတွင်းက မူဆယ်မြို့တွင် တွေ့ရသည့် ဖရဲသခွားရောင်းဝယ်ရေးကားမျာ / ဧရာဝတီ

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျဆင်း

by ဧရာဝတီ
2 May 2023
8.1k

ထို့ပြင်မူဆယ်နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တခုဖြစ်သော ဆင်ဖြူရှင်ဂိတ်တွင် ကန့်သတ်ကုန်စည် ဖြစ်သော ခပေါင်းစီးကရက်ကို မြန်မာဘက်မှ တင်သွင်းသည်ကို တွေ့ရှိရသောကြောင့် တရုတ်အာဏာပိုင်များက ဧပြီ ၃၀ ရက်မှ စတင်ပြီး ယင်းဂိတ်ကို ယာယီပိတ်ထားကြောင်း

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော မူဆယ်မြို့  / ဧရာဝတီ

ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားပိုင်ဆိုင်များ တရားဝင်လိုင်စင် လျှောက်ထားရမည်

by ဧရာဝတီ
13 October 2021
7.8k

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်အစိုးရက ကိုဗစ်အကြောင်းပြပြီး နယ်စပ်ဂိတ်များ ပိတ် ခြင်း၊ မြန်မာရွှေ့ပြောင်းလုပ်သားများကို ပြည်တော်ပြန်ခိုင်းခြင်း၊ မြန်မာကျောက်ကုန်သည်များအား ပြန်ခိုင်းခြင်းတို့ ပြုလုပ်ခဲ့ သည့်အပြင် ယခုအခါ ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းကိုပါ တင်းကျပ်လာရာ နိုင်ငံရေး အပြောင်းအလဲများနှင့်လည်း...

ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့တွင် ဆေးဝယ်ယူနေကြသည့်မြင်ကွင်း  / Ko Min

ဆေးဝါးဈေး အဆမတန် တက်နေသဖြင့် ဆေးဆိုင်တချို့ ယာယီပိတ်

by ဧရာဝတီ
22 July 2022
5.2k

လက်ရှိတွင် အကိုက်အခဲပျောက်ဆေး၊ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည်ရောဂါသမားများ စွဲသောက် နေရသော ဆေးဝါးများ၊ ကလေးများ သောက်သုံးသည့် ဆေးဝါးများကို ပြည်သူများ ဝယ်ယူမှုများနေကြောင်း၊ ဆေးဆိုင်များကလည်း အကန့်အသတ်နှင့် ရောင်းချပေးနေကြောင်းသိရသည်။

Next Post
အဆိုတော် ထူးအယ်လင်းနှင့် သားသမီးများ / Htoo El Lynn's Facebook

"လက်ရှိ ပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးကို စိတ်ချမ်းသာတယ်"

၂၀၁၇ ခုနှစ်က မြိုင်ကြီးငူ စစ်ရှောင် စခန်းတွင်တွေ့ရသော စစ်ရှောင်များ  / နန်းလွင်နှင်းပွင့် / ဧရာဝတီ

တပ်မတော်နှင့် KNU တိုက်ပွဲကြောင့် ဖာပွန်ဒေသခံများ ထွက်ပြေးနေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate