သတင်း

၂၅နှစ်အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်း ဂျပန်တွင် ဝင်ရောက်

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံ၌ ၂၅နှစ်အတွင်း အပြင်းထန်ဆုံး ဂျက်ဘီအမည်ရှိ တိုင်ဖုန်း မုန်တိုင်း ဝင်ရောက်နေရာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေ၍ မိုးလေဝသဌာနက လူ ၃သိန်းခန့်ကို ပြောင်းရွေ့ မှုများ ပြုလုပ်ရန် ဆော်သြထားကြောင်း သိရသည်။

မုန်တိုင်း ဂျက်ဘီသည် တနာရီလျှင် လေတိုက်နှုန်း ၂၁၆ကီလိုမီတာကျော်ဖြင့် ဂျပန်အနောက်ဘက် ဧရိယာကို နေ့လည် ပိုင်းတွင် စတင်ဝင်ရောက်မည်ဖြစ်ရာ၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒေသခံများအနေဖြင့် စောစီးစွာ ပြောင်းရွေ့ထားရန် တိုက်တွန်းလိုက်သလို၊  လိုအပ်သည့် ပစ္စည်းကရိယာများကို သယ်ဆောင်ကာ ကာကွယ်ဖို့ သူ့၏ အစိုးရအဖွဲ့ကိုလည်း အမိန့်ပေးထားသည်။

“ဂျပန်ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ အသက်ကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြောင်းရွေ့မှုတွေ ပြုလုပ်ဖို့ တိုက်တွန်းတယ်”ဟု ဂျပန်ဝန်ကြီးချုပ်က တိုက်တွန်းသည်။

တိုင်ဖွန်း ဂျက်ဘီကြောင့်  ရေကြီးခြင်း၊ မြေပြိုခြင်း၊ လေပြင်းတိုက်ခြင်း၊ ပင်လယ်ဒီရေမြင့်တက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေဆင်နှာမောင်း တိုက်ခိုက်ခြင်းများ ကျိုတို၊ အိုဆာကာ မြို့ကြီးများ အပါအဝင် ဂျပန်အနောက်ပိုင်းတွင် ဖြစ်ပေါ်နိုင်ကြောင်း ဂျပန်မိုးလေဝသက ဆိုသည်။

ဂျက်ဘီမုန်တိုင်းဟာ အလွန်အားကောင်းတဲ့ မုန်တိုးဖြစ်တယ်လို့ မိုးလေဝသဌာန အကြီးအကဲ Ryuta Kurora က AFP ကိုပြောသည်။

ဒေသတွင်းရှိ မီဒီယာတွေကတော့ ဂျက်ဘီမုန်တိုင်းဟာ ပြင်းထန်တဲ့အတွက် ရိုးရာသစ်သားအိမ်များ ပြိုလဲနိုင်ကြောင်း၊ မုန်တိုင်းတိုက်ခတ်မယ့် ဒေသတွေကို သွားလာခြင်း မပြုဖို့ တိုက်တွန်းထားသည်။

နာဂိုယာနဲ့ အိုဆာကာကို ဝင်ရောက်မယ့် နိုင်ငံတကာ လေယာဉ်ခရီးစဉ်တွေ အပါအဝင် လေယာဉ်ခရီးစဉ် ၆၀၀ခန့်ကိုလည်း ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading