သတင်း

အာဖရိကအတွက် ဒေါ်လာ ၆၀ ဘီလီယံသုံးစွဲရန် တရုတ်သမ္မတ ရှီကျင့်ဖျင်ကတိပြု

Want create site? Find Free WordPress Themes and plugins.

တရုတ်၏ ကိုယ်ပိုင်စီးပွားရေးအဆောက်အအုံ ချိတ်ဆက်နိုင်ရန် အားထုတ်သည့်အနေဖြင့် အာဖရိက နိုင်ငံများသို့ ထောက် ပံ့ရေး အသွင်နှင့် ရင်းနှီးမြှပ်နှံမှု၊ ချေးငွေများကို ဘဏ္ဍာရေးစီမံချက်များမှ အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံပေး သွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က တနင်္လာနေ့က ကတိပြုပြောကြားခဲ့သည်။

အတိုးမဲ့ချေးငွေများ၊ ကန့်သတ်ချက် မထားသော ချေးငွေများနှင့် အထောက်အပံ့များအတွက် အမေရိ ကန်ဒေါ်လာ ၁၅ ဘီလီယံ၊ အကြွေးအနေဖြင့် ဒေါ်လာ ၂၀ ဘီလီယံ၊ ဖွံ့ဖြိုးမှုဘဏ္ဍာရေးအတွက် ဒေါ်လာ ၁၀ ဘီလီယံနှင့် အာဖရိကသွင်းကုန် ဒေါ်လာ ၅ ဘီလီယံတန်ဖိုးဝယ်ယူရန်တို့ကို အာဖရိက ခေါင်းဆောင်များနှင့် ဘေဂျင်းမြို့တွင် တွေ့ဆုံဆွေးနွေးရာတွင် ရှီက ကိန်းဂဏန်းအသီးသီးဖြင့် ချပြပြောကြားခဲ့သည်။

ထို့ပြင် နောက်ထပ် သုံးနှစ်တာအတွင်း အာဖရိကတွင် အနည်းဆုံး ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုး ရင်းနှီးမြှပ်နှံမည့် ကုမ္ပဏီများကို တရုတ်အနေဖြင့် အားပေးထောက်ပံ့သွားမည်ဖြစ်ကြောင်း သူကပြောသည်။

အမေရိကန်နှင့်အနောက်နိုင်ငံများက မကြာခဏ အမှုမဲ့အမှတ်မဲ့ထားတတ်သော အာဖရိကသို့ ရင်းနှီးမြှပ်နှံမှု၊ နိုင်ငံရေးအရ ဆက်ဆံရေးနှင့် အဝေးရောက်ကုန်သွယ်မှုထူထောင်ရန် တရုတ်က ရည်ရွယ်ထားသည်။

ယင်းအချက်မှာ တရုတ်စီးပွားရေး လုပ်ငန်းများအတွက် အကျိုးအမြတ်အခွင့်အလမ်းများ ပေးထား သကဲ့သို့ အာဖရိက နိုင်ငံများက တရုတ်ကမ်းလှမ်းချက်ကို မကြာခဏ လိုလိုလားလား လက်ခံချင်ကြ ပြီး အကျင့်ပျက်ခြစားမှု၊ လေလွင့်မှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတို့ကို အာမခံချက်ပေးမည့် တောင်းဆိုမှုများလည်း မပါဝင်ပေ။

အရေးပေါ်စားနပ်ရိက္ခာ အမေရိကန်ဒေါ်လာ ၁၄၇ သန်းထောက်ပံ့မှု၊ အာဖရိကသို့ စိုက်ပျိုးရေး ပညာရှင် ၅၀၀ စေလွှတ်မှု၊ ပညာသင်ဆုထောက်ပံ့မှု၊ သက်မွေးပညာသင်တန်းနှင့် ကုန်သွယ်မှု တိုးမြှင့်ရေးအခွင့်အလမ်းများအပါအဝင် အာဖရိက နယ်မြေ ၈ ခုတွင် တရုတ်က ကနဦးစီစဉ်နေ သည်ဆိုသော်လည်း မည်သည့်စီမံကိန်းများပေးမည်ဆိုသည်ကိုမူ အသေးစိတ် တိတိကျကျ ဖော်ပြထားခြင်းမရှိပေ။

သမ္မတရှီကျင့်ဖျင်၏ အာဖရိကနိုင်ငံများသို့ ဒေါ်လာ ၆၀ ဘီလီယံဘဏ္ဍာရေးသုံးမည့်ကတိကဝတ်မှာ ၂၀၁၅ ကတည်းက ပေးခဲ့ခြင်းဖြစ်ပြီး စနစ်တကျစီစဉ်ကာ ထုတ်ဖော်ကြေညာပြီးလည်း ဖြစ်သည်။

တကမ္ဘာလုံးက စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရသော ကုန်သွယ်မှုကာကွယ်ရေးယန္တရားအနေဖြင့် ဘုံသာယာဝ ပြောမှုတခုဖြစ် သည့် အခြားအခြေခံအဆောက်အဦများနှင့် သင်္ဘောဆိပ်ကမ်းများတည်ဆောက်ရေး တို့ကို ဘေဂျင်း၏ အစပျိုးမှုများ အဖြစ်လည်း သမ္မတရှီကျင့်ဖျင်က တနင်္လာနေ့တွင် အလေးပေး ပြောကြားခဲ့သည်။

တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏အဖွင့်တွင် စီးပွားရေးသမားများအား ဦးစားပေး၍ မိန့်ခွန်းပြောကြားရာ၌ ရှီကျင့်ဖျင်က Belt and Road စီးပွားရေးရပ်ဝန်းအစပျိုးမှုက ဈေးကွက်များ အား ချဲ့ထွင်သွားလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်၏ရင်းနှီးမြှပ်နှံမှုများမှာ နိုင်ငံရေး နှောင်ကြိုးမပါဘဲ ဝင်ရောက်လာမည်ဟု ကတိပြုရင်း မဟာဗျူဟာမြောက်လွှမ်းမိုးမှု တည်ဆောက်လို ကြောင်း ရှီကျင့်ဖျင်က ချွေးသိပ်သည့်သဘောဖြင့် ထည့်သွင်းပြောကြား ခဲ့သည်။

“တဖက်သတ်ဝါဒနဲ့ကာကွယ်ရေးဝါဒတို့က မြင့်တက်လာနေပါတယ်။ စီးပွားရေးတိုးတက်မှုနှုန်း ကတော့ အားကောင်းတဲ့ မောင်းနှင်မှု ကင်းမဲ့နေပါတယ်။ BRI(Belt & Road Initiative) ရဲ့အောက်က တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှုဟာ ကျနော်တို့ခင်ဗျားတို့ပြည်သူနှစ်ဘက်လုံးအကျိုးရှိစေမယ့် ဘုံသာယာဝပြောရေးဆီကို ဦးတည်သွားမယ့်လမ်းကြောင်းပဲ ဖြစ်ပါတယ်” ဟု ရှီက ၎င်းမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

အာဖရိကနှင့်အခြားအာဆီယံခေါင်းဆောင်များက စီးပွားရေးရပ်ဝန်း(Bet and Road) ကို ကြိုဆိုခဲ့ ကြသော်လည်း အချို့စီမံကိန်းများမှာ ကြွေးမြီနှင့်အခြားပြဿနာများကြောင့် တိုင်တန်းသတိပေးမှုများ ရှိနေသည်။

ယင်းစီးပွားရေးရပ်ဝန်းအစပျိုးမှုတွင် စီမံကိန်းပေါင်း ရာနှင့်ချီ၍ရှိနေပြီး အများစုကို တရုတ် ကန်ထရိုက်တာများနှင့် တရုတ်အစိုးရပိုင်ဘဏ်များ၏ ငွေကြေးဖြင့် လည်ပတ်နေပြီး တောင်ပစိဖိတ်မှ အာရှကိုဖြတ်ကျော်လျက် အာဖရိကနှင့် အရှေ့အလယ်ပိုင်းအထိ ခရီးပေါက်မည့် ရပ်ဝန်းအကောင်အထည်ဖော်ရေးဖြစ်သည်။

တရုတ်ရည်မှန်းချက်ကို အဓိကထိုးနှက်လိုက်သည်မှာ မလေးရှားက မလိုအပ်ဘဲ ဝန်ထုပ်ဝန်ပိုး မထမ်းနိုင်ဟု ဆို၍ ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးရှိသည့် တရုတ်ဘဏ္ဍာငွေဖြင့် တည်ဆောက်မည့် စီမံကိန်းများကို မကြာသေးမီက ဖျက်သိမ်းလိုက် ခြင်းဖြစ်သည်။ ကြွေးမြီပိနေသည့် ပါကစ္စတန်က လည်း BRI အတွက် အခရာကျသည့် ချိတ်ဆက်မှုဖြစ်သော တရုတ်-ပါကစ္စတန်စီးပွားရေး စြင်္ကန်တည်ဆောက်မှုအတွက် အချို့စီမံကိန်းများ ဒေါ်လာဘီလီယံများစွာ ကုန်ကျမည့်အရေးကို ပြန်စဉ်းစားနေကြောင်း ထုတ်ဖော်ပြောကြားလာခဲ့သည်။

တရုတ်နှင့်အာဖရိကနိုင်ငံပေါင်း ၅၀ ကျော်မှ ခေါင်းဆောင်များဖြင့် အဆိုပါဘေဂျင်းဖိုရမ်ကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ကွန်ဖရင့်သို့ တက်ရောက်လာကြသော ဆယ်ဂဏန်းမျှရှိသည့် အာဖရိကခေါင်းဆောင်များသည် ရှီနှင့် တွေ့ဆုံစကားပြောခဲ့ကြသည်။

BRI စီမံကိန်းအရိပ်မိုးထားသည့်အပေါ် နိုင်ငံရေးနှင့်ကြွေးမြီများအရ ကျယ်ကျယ်လောင်လောင် အသံမထွက်ကြစေရန် ရှီကျင့်ဖျင်က ထိန်းခဲ့သည်။ သို့သော် တရုတ်ကြွေးမြီရှင်များ ဖိစီးလွန်းသဖြင့် အိမ်ရှင်နိုင်ငံများက စီမံကိန်းမှ ထွက်သွားခဲ့ သည့်စွပ်စွဲချက်ကို တရုတ်အစိုးရဘက်မှ ယခင်ကပင် ငြင်းခဲ့ပြီးဖြစ်သည်။

“အာဖရိကကိုလာမယ့် တရုတ်ရင်းနှီးမြှပ်နှံမှုဟာ နိုင်ငံရေးနှောင်ကြိုးကင်းပါတယ်။ အာဖရိကနိုင်ငံတွေရဲ့ပြည်တွင်းရေးကို တရုတ်က ဝင်စွက်ဖက်မှာမဟုတ်ပါဘူး။ အာဖရိကကို တရုတ်အလိုတော်ကျ စည်းကြပ်မှာမဟုတ်ပါဘူး” ဟု သမ္မတ ရှီကျင့်ဖျင်က ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading