• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လိပ်ကျွန်း လူသတ်မှု သေဒဏ်ကျသူများ အယူခံ ရလဒ် စောင့်ရင်း ထိတ်လန့်တုန်လှုပ်နေ

by လဝီဝမ်
6 September 2018
in သတင်း
A A
သေဒဏ်ချမှတ်ခံရသူ ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ထိုင်းအကျဉ်းထောင်အတွင်း မြင်ရစဉ် / Reuters

သေဒဏ်ချမှတ်ခံရသူ ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ထိုင်းအကျဉ်းထောင်အတွင်း မြင်ရစဉ် / Reuters

39.5k
VIEWS
Share on FacebookShare on Twitter

ထိုင်းတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်လူမျိုး ကမ္ဘာလှည့်ခရီးသည်နှစ်ဦးအား သတ်ဖြတ်မှုဖြင့် ထိုင်းတရားရုံးတရုံး၏ သေဒဏ်ချမှတ်ခံရသူ မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦးသည် နောက်ဆုံးအယူခံ ရလဒ်ကို စောင့်ဆိုင်းနေစဉ် ကြောက်ရွံ့စွာ ရှင်သန်နေကြရကြောင်း ရွှေ့ပြောင်း လုပ်သားအရေး ဆောင်ရွက်ပေးနေသည့် NGO အဖွဲ့တဖွဲ့၏ ခေါင်းဆောင်တဦးက ပြောသည်။

၂၀၁၄ ခုနှစ်က ခိုတောင်ကျွန်းတွင် ဗြိတိန် ခရီးသွားစုံတွဲတတွဲကို သတ်ဖြတ်မှု၊ အမျိုးသမီးကို မုဒိမ်းကျင့်မှုတို့ဖြင့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ထိုင်းရဲက ဖမ်းဆီးခဲ့သည်။

RelatedPosts

မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

18 July 2025
1
KIA ထိန်းချုပ် နယ်မြေတချို့ကို စစ်တပ်က နေရာဝင်ယူ (ရုပ်/သံ)

KIA ထိန်းချုပ် နယ်မြေတချို့ကို စစ်တပ်က နေရာဝင်ယူ (ရုပ်/သံ)

18 July 2025
18
အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
1.8k

ထိုင်းရဲများက အပြစ်ဝန်ခံရန် အတင်းအကျပ် ဖိအားပေးခဲ့သည်ဟု ၎င်းတို့နှစ်ဦးက ထွက်ဆိုခဲ့သော်လည်း ၂၀၁၆ ခုနှစ်၊ မေလက သေဒဏ်ချမှတ်ခဲ့သည်။ လတ်တလောတွင် ၎င်းတို့ကို ဘန်ကောက်မြို့ရှိ ဘန်ကွမ်း ထောင်တွင် ဖမ်းဆီးထားဆဲဖြစ်ပြီး နောက်ဆုံးအယူခံရလဒ်ကို စောင့်ဆိုင်းနေရသည်။

ဆယ်စုနှစ်တခုနီးပါး ကာလအတွင်း ပထမဆုံး သေဒဏ်အပေးခံရသော အကျဉ်းသားအဖြစ် ထိုင်းအာဏာပိုင် များက စီရင်ပြီးနောက် ဇော်လင်းသည် စိတ်ဖိစီးနေပြီး ဇွန်လကတည်းက ချမှတ်လာနိုင်သည့် စီရင်ချက်နှင့် ပတ်သက်၍ အစဉ်သဖြင့် စိုးရိမ်ပူပန်နေကြောင်း ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးကွန်ရက် (MWRN) ၏ ညွှန်ကြားရေးမှူး ဦးစိန်ဌေး၏ အဆိုအရ သိရသည်။

ပိုဆိုးသည်မှာ ဇော်လင်းသည် အကျဉ်းသားတဦးနှင့် ခိုက်ရန်ဖြစ်ပွားပြီးနောက် တလထက်မနည်း တိုက်ပိတ် ခံထားရသည်။

“သူတို့ကို ထောင်ထဲမှာ တွေ့ရတာ တကယ့်ကို တုန်လှုပ်ခြောက်ခြားနေပုံပါ။ အထူးသဖြင့် ဇော်လင်းဆိုရင် တိုက်ပိတ်ခံရပြီး သူတယောက်တည်း လျှောက်စဉ်းစားနေတော့ အမှန်တကယ်ပဲ သေဒဏ်ကျခံရမှာကို ကြောက်ရွံ့ နေရှာပါတယ်” ဟု ဦးစိန်ဌေးက ပြောသည်။

သြဂုတ်လ ၂၂ ရက်က ဦးစိန်ဌေးနှင့်အဖွဲ့သည် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ထောင်ဝင်စာ သွားတွေ့ ခဲ့သည်။ ပထမ ထောင်အာဏာပိုင်များက သူတို့ကို ဗီဒီယိုမှတဆင့်သာ စကားပြောဆိုခွင့်ပေးမည်ဟု ဆိုခဲ့သည်။ သို့သော် အဖွဲ့၏ အကြိမ်ကြိမ်တောင်းဆိုမှုကြောင့် ထောင်အာဏာပိုင်များက လူချင်း ပေးတွေ့ခဲ့သည်။ သေဒဏ်ကျခံရမည်ကို ကြောက်နေကြောင်း သူတို့နှစ်ဦးထံမှ ကြားသိရသည်ဟု ဦးစိန်ဌေးက ဆိုသည်။

ပြစ်ဒဏ်ကာလအတွင်း တလထက်ကျော်လွန်၍ တိုက်ပိတ်ခံနေရသည်ဟု ဘန်ကောက်မြို့ရှိ မြန်မာသံရုံးထံ အကြောင်းကြားပေးရန် ဇော်လင်းက ၎င်းကို ပြောကြောင်း ဦးစိန်ဌေးက ဆက်ပြောသည်။

ဇော်လင်းသည့် သူ့မိခင်ကို ကြိမ်ဖန်များစွာ ဆဲရေးတိုင်းထွာသူ ထိုင်းအကျဉ်းသားတဦးနှင့် ခိုက်ရန်ဖြစ်ပွားသဖြင့် တိုက်ပိတ် အပြစ်ပေးခံရခြင်းဖြစ်ကြောင်း ဦးစိန်ဌေးထံမှ ကြားသိရသည်။

“သူ့ကို သာမန်အဆောင်ကို ပြောင်းပေးဖို့ မြန်မာသံရုံးအနေနဲ့ ထိုင်း ထောင်အာဏာပိုင်တွေဆီ ပြောပေးပါလို့ သူက တောင်းဆိုပါတယ်” ဟု ဦးစိန်ဌေးက ပြောသည်။

ရွှေ့ပြောင်းလုပ်သား အခွင့်အရေးကွန်ရက် (MWRN) က မြန်မာသံရုံးသို့ ဇော်လင်း၏တောင်းဆိုချက်ကို စာရေးသား ပေးပို့ခဲ့ကြောင်း ဦးစိန်ဌေးက ဆက်ပြောသည်။

ရက်ပေါင်း ၉၀-၁၂၀ ပြည့်တိုင်း မြန်မာသံရုံးက ဇော်လင်းနှင့် ဝင်းဇော်ထွန်းကို တရားဝင်တွေ့ဆုံသော်လည်း ဇော်လင်း စတင်၍ တိုက်ပိတ်ခံရချိန်ကတည်းက လာရောက်တွေ့ဆုံမှု မရှိတော့ပေ။

လိပ်ကျွန်း လူသတ်မှု၌ ရွှေ့ပြောင်းအလုပ်သမားဘက်က ကာကွယ်ပေးနေသည့် ထိုင်းရှေ့နေကောင်စီ (LCT) ထံမှ အဖွဲ့တဖွဲ့ စေလွှတ်၍ ချက်ချင်းကူညီပါရန်လည်း ဇော်လင်းက တောင်းဆိုခဲ့သည်။ ယင်းအဖွဲ့က မြန်မာ သံရုံးနှင့်ပူးပေါင်းပြီး သူ့အား ဥပဒေနှင့်မညီညွတ်၊ တရားမျှတခြင်းမရှိဘဲ တိုက်ပိတ်ထားသောကြောင့် အဆောတလျင် ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

MWRN နှင့် ထိုင်းရှေ့နေကောင်စီ ခိုတောင်အမှု အကာအကွယ်ပေးရေး အဖွဲ့တို့၏ နိုင်ငံတကာ အကြံပေး ဖြစ်သူ အန်ဒီဟောကလည်း မြန်မာသံရုံးထံ စာရေးသားပေးပို့ပြီး ဇော်လင်းအား ကောင်စစ်ဝန် ဆိုင်ရာ အထောက်အကူပေးရန် တိုက်တွန်းခဲ့သည်။

ထိုင်းရှေ့နေကောင်စီနှင့် ရွှေ့ပြောင်းလုပ်သားအခွင့်အရေး NGO တို့မှ ကိုယ်စားလှယ်များ ပါဝင်သော လိပ်ကျွန်း ပြစ်မှု ကာကွယ်ထုချေရေး ပူးပေါင်းအဖွဲ့သည် ထိုင်းတရားရုံးချုပ်ထံသို့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လက စာမျက်နှာ ၃၁၉ မျက်နှာပါရှိသည့် အသနားခံ၊ အယူခံလွှာကို တင်ပြပေးပို့ခဲ့ပြီး ဖြစ်သည်။

အဆိုပါ ကာကွယ်ထုချေရေးအဖွဲ့သည် တရားရုံးချုပ်မှ ပြန်ကျလာမည့် အယူခံလွှာအပေါ် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်း နေဆဲဖြစ်ကြောင်း ဦးစိန်ဌေးက ပြောကြားခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်  

  • ထိုင်း လိပ်ကျွန်း လူသတ်မှု တရားမျှတမှုနှင့် အဆုံးသတ်နိုင်မလား
  • လိပ်ကျွန်းလူသတ်မှုမှ မြန်မာ ၂ ဦး၏ အယူခံကို ချေဖျက်ရန် ထိုင်းရှေ့နေများ ကြိုးပမ်းနေ
Your Thoughts …
Tags: ဇော်လင်းလိပ်ကျွန်း လူသတ်မှုဝင်းဇော်ထွန်း
လဝီဝမ်

လဝီဝမ်

ဧရာဝတီ

Similar Picks:

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင် ဘန်ခွမ်ဗဟိုထောင်ကြီးတွင် ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ အကျဉ်းကျနေသည်မှာ ၈ နှစ် ကျော်ခဲ့ပါပြီ

ထိုင်းထောင်တွင်းမှ ပေးစာ တစောင်

by ဧရာဝတီ
11 July 2023
4k

ယခင် ကိုဗစ်မတိုင်မီ၂၀၂၁ ခုနှစ် အစောပိုင်း အချိန်ကာလများက ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား ၎င်းတို့ မိဘများမှ ထောင်ဝင်စာ၂ ကြိမ် လာရောက် တွေ့ဆုံခဲ့ဖူးပြီး ယခုနှစ်အတွင်း မိဘများမှ လူကိုယ်တိုင်လာရောက် တွေ့ဆုံနိုင် ရန် စီစဉ်နေသော်လည်း လုပ်ငန်းစဉ်မှာ...

ဗြိတိနိုင်ငံသား ၂ ဦးအား သတ်မှုဖြင့် ထောင်ဒဏ် တသက် တကျွန်းကျနေသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း

မြန်မာ ၂ ဦး လွတ်မြောက်ရေး ထိုင်းဘုရင်ထံ အသနားခံစာတင်မည်

by ဧရာဝတီ
6 August 2022
9k

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ ၂ ဦး လွတ်မြောက်ရေးအတွက် ဩစတြေးလျနိုင်ငံသားရှေ့နေမှ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်သွားမည်ဖြစ်ကြောင်း သိရသည်။

လိပ်ကျွန်းလူသတ်မှုဖြင့် နောက်ဆုံး အယူခံရင်ဆိုင်နေရသော မြန်မာနိုင်ငံသား ၂ ဦး / Reuters

လိပ်ကျွန်းလူသတ်မှု နောက်ဆုံးချမည့် အမိန့်ကို စိုးရိမ်နေကြ

by ကျော်ခ
22 August 2017
35.4k

ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာ ၂ ဦး သည် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံးက ချမှတ်မည့် နောက်ဆုံး အမိန့်အပေါ်တွင် စိုးရိမ်နေကြသည်။

၂၀၁၉ ခု သြဂုတ် ၂၉ရက်က လိပ်ကျွန်းအမှုတွင် သေဒဏ်ကျ မြန်မာနှစ်ဦးဖြစ် သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းကို ရုံးထုတ်လာစဉ်  / Bangkok Post

သေဒဏ်ကျ မြန်မာနှစ်ဦးထံ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သွားရောက် အားပေး

by ငြိမ်းငြိမ်း
6 September 2019
40.7k

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းသည် လိပ်ကျွန်းလူသတ်မှု၌ သေ ဒဏ်ကျ ဝင်းဇော်ထွန်းနှင့်ဇော်လင်း တို့ထံ ယမန်နေ့က သွားရောက်ကာ ထိုင်းဘုရင်ထံ အသနားခံ စာတင်သွားမည့် အကြောင်း၊ မြန်မာအစိုးရမှ အကူအညီပေးမှု များ ဆက်လက်ရှိပါမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

သေဒဏ်ပြစ်ဒဏ် ချမှတ်ခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း  / Reuters

ကလေးတွေက ဒီလူသတ်မှုမှာ လုံးဝမပါဘူး

by ကျော်ခ
29 August 2019
75.7k

ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့တည်ထောင်သူ ဦးထူးချစ် ကို ဧရာဝတီ သတင်းထောက်ချုပ် ကျော်ခ က မေးမြန်းထားသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်းက ထိုင်းနိုင်ငံ ကော့စမွေ တရားရုံးတွင် ရုံးထုတ်လာသည်ကို တွေ့ရသော ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်း / Reuters

လိပ်ကျွန်းလူသတ်မှုမှ မြန်မာ ၂ ဦး၏ အယူခံကို ချေဖျက်ရန် ထိုင်းရှေ့နေများ ကြိုးပမ်းနေ

by ကျော်ခ
25 January 2018
9.2k

အမှုသည် မူလကတည်းက ပီပြင်ခိုင်လုံသော အထောက်အထားများ မရှိခြင်း၊ လူသတ်လက်နက်တွင် မျိုးဗီဇ (DNA) မတွေ့ရှိ ခြင်း၊ အဓမ္မပြုကျင့် ခံထားရသော အမျိုးသမီး၏ အဝတ်အစားများကို DNA စစ်ဆေးထားမှု မရှိခြင်း

Next Post
ဗိုလ်ချုပ်ကြီး ယွက်စစ် /  ငြိမ်းငြိမ်း / ဧရာဝတီ

TNLA ၏ ပလောင်ပြည်နယ်ရရေး ကြိုးပမ်းမှု အပေါ် ဗိုလ်ချုပ်ယွက်စစ် ဝေဖန်

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) ခေါ် ပိုးလမ်းမ စီမံကိန်းကြီး၏ အရေးပါသည့် အစိတ်အပိုင်း တခု ဖြစ်သည်

ကျောက်ဖြူ စီမံကိန်းက နိုင်ငံ့အချုပ်အခြာအာဏာကို စိန်ခေါ်နေသလား

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate