• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့ရေပိုင်နက်အတွင်း သောင်တင်နေသည့် သင်္ဘောကိစ္စ တရားစွဲရန် ပြင်ဆင်

by ထွန်းထွန်း
6 September 2018
in သတင်း
A A
မြန်မာ့ရေပိုင်နက်တွင် သောင်တင်နေသည့် Sam Ratulangi ကုန်တင်သင်္ဘော / Yangon Police

မြန်မာ့ရေပိုင်နက်တွင် သောင်တင်နေသည့် Sam Ratulangi ကုန်တင်သင်္ဘော / Yangon Police

16.4k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ရေပိုင်နက်၊ စစ်တောင်းမြစ်ဝအနီး သောင်တင်ခဲ့သည့် Sam Ratulangi ကုန်တင်သင်္ဘောကြီးနှင့် ပတ်သက်၍ ဥပဒေပိုင်းအရ တရားစွဲဆိုနိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနရုံးချုပ်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ညွန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က ပြောသည်။

ဦးသောင်းကြိုင်က “ဖမ်းဆီးထားတဲ့ ဆွဲရေယာဉ်ပေါ်က အင်ဒိုနီးရှားနိုင်ငံသာ ၁၃ ဦးကို စစ်ဆေးပြီးပြီး၊ အချက်အလက်တွေ ရှေ့နေရုံး တင်ပြဖို့ လုပ်နေတယ်၊ ရှေ့နေချုပ်ရုံးရဲ့ သဘောထားမှတ်ချက်နဲ့ပဲ ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ပြောသည်။

RelatedPosts

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
1.2k
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

18 July 2025
40
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

18 July 2025
861

သောင်တင်သင်္ဘောအား ထားရစ်ခဲ့သည့် Independence ဆွဲရေယာဉ်အား သြဂုတ် ၃၁ ရက်နေ့တွင် ယာဉ်ပေါ်ပါ အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးနှင့် အတူ မြန်မာ့ကမ်းရိုးတန်းနှင့် မိုင် ၅၀ ခန့်အကွာတွင် တပ်မတော် (ရေ) က ဖမ်းမိခဲ့ခြင်းဖြစ်သည်။

Sam Ratulangi ကုန်တင်သင်္ဘော ဆွဲလာသည့် Independence ဆွဲရေယာဉ် / Myanmar NAVY

လတ်တလောတွင် ဖမ်းမိထားသည် ဆွဲရေယာဉ်နှင့် သင်္ဘောသား ၁၃ ဦးအား ကော့သောင်းဆိပ်ကမ်းတွင် ထိန်းသိမ်းထားပြီး အသေးစိတ် အချက်အလက်များ စိစစ်မေးမြန်းလျှက်ရှိကြောင်း သိရသည်။

သင်္ဘောသောင်တင်စဉ် ကုမ္မဏီ၏ ညွန်ကြားချက်ဖြင့် ထားရစ်ခဲ့ကာ မလေးရှားနိုင်ငံ၊ ပီနန်ဆိပ်ကမ်းသို့ ပြန်လည်မောင်းနှင် ခဲ့ပြီး သက်ဆိုင်ရာ ရေပိုင်နက်နိုင်ငံသို့ အသိပေး အကြောင်းကြားရန် ပျက်ကွက်ခဲ့ကြောင်းလည်း ဖမ်းဆီးထိန်းသိမ်းထား သည့် သင်္ဘောဆွဲတွဲရေယာဉ် Independence ပေါ်မှ သင်္ဘောသာများက ဝန်ခံခဲ့ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနက သိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုန်တင်သင်္ဘောကြီးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သင်္ဘောဖျက်စက်ရုံသို့ ပို့ဆောင်ဖျက်ဆီးရန် သြဂုတ် ၁၁ ရက်နေ့မှ စတင်၍ Independence ဆွဲရေယာဉ်ဖြင့် ဆွဲယူထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ၂၇ ရက်နေ့ညနေပိုင်းတွင် ရာသီဥတု အခြေအနေ ဆိုးဝါးမှုကြောင့် မြောပါကာ သောင်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မသောင်မတင်မီ သြဂုတ် ၁၄ ရက်နေ့ကတည်းက ရာသီးဥတုဆိုးဝါးမှုကြောင့် မူလမောင်းနှင်ရာလမ်းကြောင်းမှ ပြောင်းလဲ ကာ မြန်မာရေပိုင်နက် တနင်္သာရီကမ်းရိုးတန်း တလျောက် မောင်းနှင်ခဲ့ကြောင်လည်း သင်္ဘောသားများ၏ ထွက်ဆိုချက်တွင် ဖော်ပြထားသည်။

မြန်မာတာဝန်ရှိသူများကတော့ သုံးခွမြို့နယ်၊ သမ္မစိတ္တကျေးရွာအပြင် ရေမိုင် ၇ မိုင်ခန့်အကွာ စစ်တောင်းမြစ်ဝအနီးတွင် ကုန်တင်သင်္ဘောကြီး သောင်တင်နေမှုအား သြဂုတ် ၂၉ ရက်နေ့ ညနေပိုင်းမှသာ သတင်းရရှိခဲ့သည်။

ယင်းအခြေအနေအပေါ် မြန်မာ့ကမ်းရိုးတန်း လုံခြုံရေးနှင့်ပတ်သက်၍ တပ်မတော်(ရေ)၏ လုပ်ဆောင်မှုများအား ပြစ်တင်ဝေဖန်ချက်များ များစွာထွက်ပေါ်ခဲ့သည်။

ရခိုင်ပြည်နယ်၊ နတ်မြစ်ဝမှ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းအထိ ကျယ်ပြန့်သည့် မြန်မာ့ရေပိုင်နက်အား အပြည့်အဝ စောင့်ကြည့်နိုင်ရန် ဆင်းရဲသည့် နိုင်ငံတနိုင်ငံ အနေဖြင့် လုပ်ဆောင်နိုင်ရန် အခက်အခဲများရှိပြီး တပ်မတော်(ရေ) တခုတည်းဖြင့် လုပ်ဆောင်ရန် မလွယ်ကူကြောင်း ဦးသောင်းကြိုင်က ရှင်းပြသည်။

သင်္ဘောကိစ္စနှင့်ပတ်သက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းစာရှင်းလင်းပွဲ / အောင်ကျော်ထက် / ဧရာဝတီ

အစိုးရအနေဖြင့် ကမ်းရိုးတန်းလုံခြုံရေးနှင့် ပတ်သက်၍ လစ်ဟာလျှက်ရှိနေသည့် အပိုင်းတွင်လည်း မြန်မာ့ကမ်းခြေစောင့် တပ်ဖွဲ့ကဲ့သို့ အဖွဲ့အစည်းတရပ်အား ဖွဲ့စည်းသွားနိုင်ရန်လည်း စိတ်ဝင်စားမှုရှိလာပြီး သုံးသပ်မှုများလည်း ပြုလုပ်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖမ်းဆီးထားသည့် Independence ဆွဲရေယာဉ်ပိုင်ရှင်းများမှ ရေယာဉ်ပါ အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးလွှတ်မြောက်ရေးအတွက် မြန်မာကိုယ်စားလှယ်အဖြစ် ဒေါ်မေသန့်ဇင်အား ခန့်အပ်ကာ လုပ်ဆောင်လျှက်ရှိသည်။

ဆွဲရေယာဉ်ကုမ္မဏီ၏ ကိုယ်စားလှယ်ဒေါ်မေသန့်ဇင်ကတော့ မိမိတို့ကုမ္မဏီအနေဖြင့် သောင်တင်သင်္ဘောအား ထားရစ်ခဲ့ခြင်းမဟုတ်ဘဲ ပြန်လည်ဆယ်ယူရန်ကြိုးပမ်းနေစဉ် ၅ ရက်အကြာ၌ ဖမ်းဆီးခံရခြင်းဖြစ်ပြီး မရိုးမသားလုပ်ဆောင်မှုများ မရှိခဲ့ကြောင်း ပြန်လည်ဖြေရှင်းထားသည်။

လက်ရှိတွင် သောင်တင်သင်္ဘောကြီး၏ ပိုင်းရှင်များဘက်မှ တိုက်ရိုက်ဆက်သွယ်လာခြင်းမရှိသော်လည်း သင်္ဘောအာမခံ တင်ထားသည့် စင်္ကာပူအခြေစိုက် First Capital အာမခံကုမ္မဏီမှ သင်္ဘောဆယ်ယူရေး အပါအဝင် ကိစ္စအရပ်ရပ်အား ဖြေ ရှင်းဆောင်ရွက်သွားရန် မြန်မာပြည်ကိုယ်စားလှယ် ခန့်အပ်ကာ ဆောင်ရွက်လျှက်ရှိနေကြောင်း ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနက ပြောသည်။

သောင်တင်သင်္ဘောအား ဆယ်ယူရေးအတွက် အာမခံကုမ္မဏီနှင့် ဆက်နွယ်သည့် အဖွဲ့တခုသည်လည်း ပဏာမ စိစစ်မှုများလုပ်ဆောင်ရန် မနက်ဖြန်သြဂုတ် ၇ ရက်နေ့တွင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထားသည့် သင်္ဘောသားများနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးတာဝန်ရှိသူများက သွားရောက်တွေ့ဆုံနိုင်ရေး တင်ပြဆောင်ရွက်မှုလုပ်ဆောင်နေကြောင်းလည်း ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက ပြောသည်။

ဆက်စပ် ဖတ်ရှုရန် – သောင်တင်နေသည့် ပိုင်ရှင်မဲ့သင်္ဘောကို စစ်ဆေးနေ

Your Thoughts …
Tags: သောင်တင်နေသည့် ကုန်တင်သင်္ဘော
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် ကားကို ဖမ်းဆီး စစ်ဆေးစဉ်

စိတ်ကြွဆေးပြား ၂သန်း ၅သိန်းကျော် နောင်ချိုတွင် ဖမ်းမိ

ဖေ့ဘွတ်၏ အချက်အလက်ဌာန အဆောက်အအုံသစ်ကို သရုပ်ဖော်ရေးဆွဲထားပုံ

ဖေ့ဘွတ်က စင်္ကာပူတွင် အချက်အလက်ဌာန စတင် တည်ဆောက်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate