သတင်း

လျှပ်စစ် ဘတ်စ်ကားများ ထုတ်လုပ်ရန် ကြိုးပမ်းနေဟု စက်မှုဝန်ကြီး ပြော

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင် ထိခိုက်မှုမရှိသော လျှပ်စစ် ဘတ်စ်ကား (Electric Bus) များကို ဥရောပ နည်းပညာဖြင့် ထုတ်လုပ်နိုင်ရေး အတွက် အသေးစိတ် ညှိနှိုင်းမှုများ ပြုလုပ်ထားကြောင်း စက်မှု ဝန်ကြီးက ပြောသည်။

စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက စက်တင်ဘာလ ၆ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

၂၀၁၈ – ၂၀၁၉ ခုနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်း တို့ နှင့် စပ်လျဉ်း၍ ပူးပေါင်းကော်မတီ ၂ ရပ်၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာပါ မူသဘော၊ အကြောင်းအရာများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံသဘော ဆွေးနွေးခြင်းများ အပေါ် စက်မှု ဝန်ကြီးဌာနက ပြန်လည် ရှင်းလင်းစဉ် ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

အငွေ့ထုတ်လွှတ်မှုလုံးဝ မရှိသည့်ဈေးကွက်ဝင် ဘတ်စ်ကားများကို တပ်ဆင်ထုတ်လုပ်ကာ ပြည်တွင်း၌သာမက ပြည်ပ သို့ ပါတင်ပို့ ရောင်းချသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီး ဦးခင်မောင်ချိုက ပြောသည်။

“သာဂရ နယ်မြေမှာရှိတဲ့ ဒီဇယ်အင်ဂျင်များ ထုတ်လုပ်တဲ့ အမှတ် (၁၄) အကြီးစားစက်ရုံမှာ Diesel Feel နဲ့ LNG ၂ မျိုး သုံး အင်ဂျင် (Dual Fuel Type Engine)များကို ဈေးကွက်ဝင် ပစ္စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေးနှင့် ပတ်ဝန်း ကျင် ထိခိုက်မှုမရှိတဲ့ လျှပ်စစ် ဘတ်စ်ကားများကို ဥရောပ နည်းပညာနဲ့ ထုတ်လုပ်နိုင်ရေး အတွက် Green Power Myanmar Co.,Ltd. နဲ့ အသေးစိတ် ညှိ နှိုင်းဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ရင်းနှီးမြှပ်နှံမှုနှင့်စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင် ကျော်ကျော်ဦးကမူ“တကယ်လုပ်သင့်တာကို မလုပ်တဲ့အတွက် ကျနော့်အနေနဲ့ သဘောမတူဘူး။ ပြလို့ ကောင်းတဲ့ဟာ ကို လုပ်တဲ့သဘော ဖြစ်နေတယ်။ ကျန်းမာရေး ဝန်ကြီးဌာနက သူနာပြုကားတွေ ထုတ်သလိုပဲ။ တကယ်ကျတော့ ဘာ မှ အကျိုးအမြတ် ရတာမဟုတ်သလို အလုပ်အကိုင်လည်း အများကြီး ဖန်တီးနိုင်တာ မဟုတ်ဘူး”ဟု ဧရာဝတီသို့ ပြော သည်။

စက်မှုဝန်ကြီးဌာန အနေဖြင့် အမှန်တကယ် ဆောင်ရွက်သင့်သည်မှာ မြန်မာနိုင်ငံအတွင်း ချည်မျှင်နှင့် အထည်ချူပ် စက်ရုံ များကို ဦးစားပေး ဆောင်ရွက်သင့်ကြောင်း၊ ယခ ုစက်မှု ဝန်ကြီးပြောသွားသည့် လျှပ်စစ် ဘတ်စ်ကားများ ထုတ် လုပ်မည့် အစီအစဉ်မှာ မဖြစ်သင့်ကြောင်းလည်း ဦးအောင်ကျော်ကျော်ဦးက ဆိုသည်။

ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင် က“ပရောဂျက်ကို တကယ်ဖြစ်မြောက်အောင် လုပ်ရင်တော့ ကြိုဆိုရမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ် တွေ အနေနဲ့ ဒီနေ့ ဝန်ကြီးရှင်းမှပဲ သိရတဲ့ အနေအထား ဖြစ်ပါတယ်။ ဝန်ကြီးပြောလိုက်တော့ ကိုယ်စားလှယ်တွေ အကုန် လုံးပဲ အံ့အားသင့်သွားကြတယ်”ဟု ပြောဆိုသည်။

သာဂရ စက်မှုနယ်မြေရှိ စက်ရုံများမှ လျှပ်စစ် ဘတ်စ်ကားများတွင် တပ်ဆင်မည့် လျှပ်စစ်မော်တာများ ထုတ်လုပ်နိုင် ရန်နှင့် ပြည်ပမှ ပညာရှင်များနှင့် ပူးပေါင်း၍ ဟန်ဂေရီ နိုင်ငံမှ နည်းပညာဖြင့် ပတ်ဝန်းကျင် ထိခိုက်သော အခိုးအငွေ့ ထုတ်လွှတ်မှု လုံးဝ မရှိသည့် ဈေးကွက်ဝင် လျှပ်စစ်ဘတ်စ်ကားများကို ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ကာ ပြည်တွင်း သာမက ပြည်ပနိုင်ငံများ သို့ပါ တင်ပို့ရောင်းချ သွားနိုင်မည် ဖြစ်ကြောင်း၊ လျှပ်စစ် ဘတ်စ်ကားများကို အသုံးပြုခြင်း ဖြင့် ကာဗွန် ထုတ်လုပ်မှု လုံးဝမရှိခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းကာ Carbon Credit ရရှိမှာဖြစ်ပြီး တိုင်းပြည် အတွက်သာမက ကမ္ဘာကြီးအတွက်ပါ အကျိုးရှိစေကြောင်း ဝန်ကြီး ဦးခင်မောင်ချိုက ပြောသည်။

ဥရောပ နိုင်ငံ တနိုင်ငံ ဖြစ်သော ဟန်ဂေရီ နိုင်ငံ၌ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ် ကုမ္ပဏီတခု ဖြစ်သည့် BYD နှင့် ပူးပေါင်း၍ စက်ရုံ တည်ဆောက်ကာ လျှပ်စစ် ဘတ်စ်ကားများ ထုတ်လုပ် သွားမည် ဖြစ်ကြောင်း၊ ယင်း လျှပ်စစ် ဘတ်စ် ကားများကို ဟန်ဂေရီနိုင်ငံနှင့် တခြားသော ဥရောပ နိုင်ငံများတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း Daily News Hungary သတင်း တပုဒ်တွင် ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading