သတင်း

လျှပ်စစ်ကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်

Want create site? Find Free WordPress Themes and plugins.

ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် လျှပ်စစ်ကဏ္ဍ၌ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွင် တရုတ် နိုင်ငံမှ စတင် ဝင်ရောက်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)က သတင်းရရှိသည်။

စက်တင်ဘာလ ၁၁ ရက်က DICA ရုံး၌ ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ဒု ညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော် က ပြောခြင်း ဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုမှာ လျှပ်စစ် ဓာတ်အားခွဲ စက်ရုံ တည်ဆောက်ရန် နိုင်ငံခြားသားနှင့် မြန်မာ နိုင်ငံသား ဖက်စပ် လုပ်ကိုင်မည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၉၂ ဒသမ ၆၈၀ သန်းကျော်ဖြင့် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ၂၃၀ ကေဗွီ ဘဲလင်း ဓာတ်အားခွဲရုံကို မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘဲလင်း ကျေးရွာတွင် တရုတ် ကုမ္ပဏီတခု ဖြစ်သည့် Power Gen Kyaukse ကုမ္ပဏီနှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ၂ ခုတို့မှ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ် ထုတ်လုပ် ရောင်းချသွားမည် ဖြစ်ကြောင်း ဦးသန်းအောင်ကျော် က ပြောသည်။

“ဒီတပတ် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုထဲမှာ ခွင့်ပြုတာက လျှပ်စစ်ကဏ္ဍ ၁ ခု ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏက ဒေါ်လာ ၉၂ သန်းကျော် ဆိုတော့ မနည်းဘူး။ လျှပ်စစ်ဓာတ်အား ၁၅၀ မီဂ္ဂါဝပ်လောက် ထုတ်လုပ်နိုင်တယ်။ Gas နဲ့ပဲ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းလုပ်ငန်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်က ပြုလုပ်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အမှတ်စဉ် (၁၄/၂၀၁၈) အစည်း အဝေးတွင် ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ် အတွင်း စတင် အကောင်အထည် ဖော်သွားမည့ စီမံကိန်း ဖြစ်ကြောင်း DICA က သိရသည်။

မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင် က “ကျေးလက်ဒေသ အများစုက ဝေးတယ် ဆိုတော့ အစိုးရ ပေးတဲ့ မီးကို မရသေးတာ။ နိုင်ငံခြားကနေ မီးပေးမယ့် သူတွေ ဝင်ရောက်လာတာတော့ ကောင်းပါတယ်။ သူတို့တွေ များများဝင်လေ ရင်းနှီးမြှုပ်နှံမှု တိုးတက်လေ ဆိုတော့ ကောင်းပေမယ့် မီတာခ နှုန်းထားတွေ သက်သာရင် ပိုကောင်းမယ်”ဟု ဧရာဝတီကို သုံးသပ် ပြောဆိုသည်။

ထို့ပြင် လျှပ်စစ်ကဏ္ဍ၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အနေနှင့် တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ်တွင် Min Zaw Ni Fisherise ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၅ ဒသမ ၄၈၉ အပါအဝင် ကျပ် ၉၅၆၉ ဒသမ ၃၁၀ သန်း ရင်းနှီးမြှုပ်နှံ၍ HFO သုံး Generator များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်းကိုလည်း ခွင့်ပြု ခဲ့ကြောင်းလည်း DICA က ဆိုသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ဥပဒေ အရ ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း လျှပ်စစ်ကဏ္ဍတွင် စင်ကာ ပူနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံ တို့မှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၄၀၅ ဒသမ ၇၇၄ သန်း တန်ဖိုးရှိ လုပ် ငန်း ၅ ခုကို ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

ယင်းလုပ်ငန်း ၅ ခုမှာ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် Myanmar Lighting (IPP) ကုမ္ပဏီမှ လုပ်ကိုင်သည့် Developme nt၊ Construction and Operation of ၂၃၀ မဂ္ဂါဝပ်ရှိ Gas Fired Combined Cycle Power Plant လုပ်ငန်း၊ ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြ ခရိုင်တွင် Myaung Mya FM Biomass Power ကုမ္ပဏီမှ လုပ်ကိုင်သည့် စပါးခွံမှ လျှပ်စစ် ထုတ် လုပ်ခြင်း လုပ်ငန်း၊ ကချင်ပြည်နယ် ချီဖွေမြို့တွင် Chipwi Nge Hydrop ကုမ္ပဏီမှ လုပ်ကိုင်သည့် ၉၉ မဂ္ဂါဝပ်ရှိ ချီဖွေ ငယ်ရေအား လျှပ်စစ်စက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချရေး လုပ်ငန်းတို့ ဖြစ်သည်။

ထို့ပြင် မွန်ပြည်နယ် ရေးမြို့တွင် Southern Myanmar Development ကုမ္ပဏီမှ လုပ်ကိုင်သည့် ဒီဇယ်ဆီဖြင့် မောင်းနှင် သည့် မီးစက်များဖြင့် ၁၀ မဂ္ဂါဝပ် လျှပ်စစ် ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းနှင့် ပဲခူး မြို့နယ်တွင် i-Land Park Myanmar Limited မှ လုပ်ကိုင်သည့် i-Land Estate အတွင်းရှိ ငှားရမ်း နေထိုင်သူများကို ၁၉ မဂ္ဂါဝပ် ထွက်ရှိမည့် လျှပ်စစ် ဓာတ်အားနှင့် ရေနွေးငွေ့ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း စသည်တို့ ဖြစ်သည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အနေနှင့် လျှပ်စစ်ကဏ္ဍ၌ လုပ်ငန်း ၄ ခု ခွင့်ပြုပေးခဲ့ရာမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိ ကန်ဒေါ်လာ ၇၈ ဒသမ ၁၄၆ သန်း အပါအဝင် ကျပ် ၁၇၂၂၆၇ ဒသမ ၃၂၄ သန်း ဝင်ရောက်ထားသည်။

ထိုလုပ်ငန်း ၄ ခုမှာ ရှမ်းပြည်နယ် မူဆယ်မြို့တွင် Great Haw Kham Public ကုမ္ပဏီ လီမီတက်က လုပ်ကိုင်မည့် B.O.T စနစ်ဖြင့် ၂၀ မဂ္ဂါဝပ် နမ့်ပေါ်ရေအား လျှပ်စစ် စက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်း၊ မွန်ပြည်နယ် ရေးမြို့တွင် Myat Thura Industry Co.,Ltd မှ လုပ်ကိုင်မည့် ရေးမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများသို့ HFO/HFD လောင်စာဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း၊ မွန်ပြည်နယ် ရေးမြို့တွင် South East General Energy & Power ကုမ္ပဏီမှ လုပ်ကိုင်မည့် FO လောင်စာသုံး ၁၀ မဂ္ဂါဝပ် လျှပ်စစ် ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ရောင်းချ ခြင်းလုပ်ငန်းနှင့် ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် Min Khit Thit Mining ကုမ္ပဏီမှ လုပ်ကိုင်မည့် ၂၃ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်တို့ ဖြစ်ကြောင်း DICA ရုံးစာရင်းများတွင် ဖော်ပြထားသည်။

ပြည်တွင်း၌ လျှပ်စစ် သုံးစွဲမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်နေပြီး လက်ရှိ အစိုးရမှ ကောက်ခံနေသော နှုန်းထား များမှာ အိမ်သုံး မီတာ ၁ ယူနစ် ၃၅ ကျပ်၊ ယူနစ် ၁၀၀ မှ ၂၀၀ အထိ အသုံးပြုပါက ၁ ယူနစ် ၄၀ ကျပ်၊ ၂၀၁ နှင့် အထက် အသုံးပြုပါက ၁ ယူနစ်လျှင် ၅၀ ကျပ်နှင့် လုပ်ငန်းသုံး အနေနှင့် ၁ ယူနစ်လျှင် ၇၅ ကျပ် နှုန်းနှင့် ကောက်ခံလျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading