သတင်း

မန်ကွတ် မုန်တိုင်း ရှမ်း နှင့် ကချင် ကိုသာ သက်ရောက်မှုရှိနိုင်

Want create site? Find Free WordPress Themes and plugins.

ဖိလစ်ပိုင်နိုင်ငံတွင်း ဝင်ရောက်လာသည့် မန်ကွတ် (Mangkhut) တိုင်ဖွန်း မုန်တိုင်းသည် ပျက်ပြယ်လုနီးဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်သို့သာ သက်ရောက်မှု ရှိနိုင်မည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

“ဒီတိုက်ဖွန်း မုန်တိုင်းတွေက ဖြစ်ပြီဆိုရင် တောင်တရုတ်ပင်လယ်ထဲ ရောက်လာမယ်ဆိုရင် တရုတ်နိုင်ငံတို့ ဗီယမ်နမ် နိုင်ငံ တို့ ဆရာတို့ နိုင်ငံရှေ့မှာ နိုင်ငံတွေ ၂ နိုင်ငံ ၃နိုင်ငံ လောက်ရှိတယ်။ သူတို့ကနေ ကာထားပေးတဲ့ အတွက်ကြောင့် မြန်မာ နိုင်ငံ ရောက်တဲ့ အချိန်မှာ များသောအားဖြင့် မိုးအဖြစ်နဲ့ ပေးတာများတယ်”ဟု ဦးကျော်မိုးဦးက ပြောပြသည်။

မုန်တိုင်းမှ ပြတ်ထွက်လာသည့် တိမ်များကြောင့် ရှမ်းမြောက်နှင့် ကချင်ပြည်နယ် တို့တွင် နေရာစိတ်စိတ်မှ နေရာ အနှံ့ အပြား မိုးရွာနိုင်သည်မှ အပ သက်ရောက်မှု ကြီးကြီးမားမား မရှိကြောင်း မိုး/ဇလ မှ သိရသည်။

ဦးကျော်မိုးဦးက “သူရဲ့ သက်ရောက်မှုက ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ပဲ ရှိတယ်။ အလယ်ပိုင်းတွေမှာတော့ နေ့ခင်း ပိုင်း နေပူတဲ့ အတွက်ကြောင့် မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ မိုးတိမ်စိုင်တွေ ဖြစ်ပြီးတော့ ထစ်ချုံးမိုးရွာတာပေါ့။ အောက်ပိုင်းတွေမှာ တော့ မုတ်သုံလေ အားကောင်းတဲ့ အတွက်ကြောင့်မို့လို့ မိုးရွာတာ။ တနေရာနဲ့ တနေရာတော့ ဖြစ်ပွားတဲ့ အကြောင်း အရင်း က မတူဘူး” ဟု ရှင်းပြသည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းအပြင် တရုတ်နိုင်ငံအတွင်း ဖြစ်ပွားနေသည့် မိုးတိမ်တောင်များ တိုးဝင်မှုကြောင့် မြန်မာနိုင်ငံ အနှံ့ မိုးရွာနေဦးမည် ဖြစ်သော်လည်း မိုးကြီးသည်အထိ မရှိနိုင်ကြောင်း သိရသည်။

အင်အား အလွန်ပြင်းထန်သည့် တိုင်ဖွန်း မုန်တိုင်း မန်ကွတ်သည် တနာရီကို ၁၁၅ မိုင်နှုန်းဖြင့် ဖိလစ်ပိုင် နိုင်ငံကို အပြင်း အထန် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တရုတ်တောင်ပိုင်း၊ ဟောင်ကောင်တို့ကိုလည်း ဝင်ရောက်ခဲကာ လာအိုနှင့် ဗီယက်နမ် နိုင်ငံများကို အဖျားခတ် တိုက်ခိုက်ခဲ့သည်။

မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် မြေပြိုမှု ဖြစ်ပွား၍ မိုင်းတွင်း လုပ်သား ၃၃ ဦး သေဆုံးပြီး အနည်းဆုံး ၂၉ ဦး ပျောက်ဆုံး နေသည်ဟု ဒေသ ဆိုင်ရာ သတင်းများအရ သိရကြောင်း၊ တရုတ်နိုင်ငံ ဂွမ်ဒေါင်း ခရိုင်တွင်လည်း လူ ၂ ဦး သေဆုံးပြီး လူပေါင်း ၂ သန်းခွဲကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည်ဟု နိုင်ငံပိုင် မီဒီယာ၏ ထုတ်ပြန်ချက် အရ သိရကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။

အရှေ့လေပွေလှိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများဖြစ်သည့် ကယား ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကချင် ပြည်နယ် တို့တွင် မိုးအသင့်အတင့် ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင် ကလည်း ခန့်မှန်းထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading