သတင်း

မြန်မာဘက်ခြမ်း ထောင်ဖောက်ပြေးမှုကြောင့် ထိုင်းက နယ်စပ် လုံခြုံရေးတင်းကြပ်ထား

Want create site? Find Free WordPress Themes and plugins.

ကရင်ပြည်နယ်မြို့တော် ဘားအံ၌ အကျဉ်းသား ၄၁ဦး ထောင်ဖောက်ထွက်ပြေးသွားသည့် သတင်း ကြောင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ထိုင်းအာဏာပိုင်များက လုံခြုံရေးတင်းကြပ်ထားသည်။

မဲဆောက်ခရိုင်ရှိ စစ်ဆေးရေးဂိတ်ရှိ စစ်သားများ၊ ရဲစခန်းများရှိ ရဲအရာရှိများ၊ နယ်စပ်လုံခြုံရေးရဲ များနှင့် လူဝင်မှု ကြီးကြပ်ရေးအရာရှိများကို မြန်မာနိုင်ငံမှ ထောင်ဖောက်ပြေးမှုသတင်းနှင့်ပတ်သက်၍ ထူးခြားမှုများ အနီးကပ် စောင့်ကြည့်ရန် တင်းကြပ်ထားကြောင်း သတင်းရင်းမြစ်တခုက ဆိုသည်။

ထောင်ဖောက်ပြေးသူ ၄၁ ဦးအနက် ၂၇ ဦးမှာ လွတ်မြောက်နေဆဲသဖြင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင် လာမည်ကို ထိုင်းအာဏာပိုင်များက စိုးရိမ်ပူပန်နေကြသည်။

ထောင်ဖောက်ပြေးသူများအနက် ၁၄ ဦးမှာ ပြန်ဖမ်းမိခဲ့ပြီး ယင်းတို့အထဲမှ ၂ ဦးကို အသေပစ်ခတ်ဖမ်း ဆီးခဲ့ကြောင်း၊ သေဆုံးသွားသည့် ထောင်သားတဦးမှာ ထောင်ဖောက်ပြေးအဖွဲ့ ၏ခေါင်းဆောင်ဖြစ် ကြောင်း အဆိုပါသတင်းရင်းမြစ်က ဆိုသည်။

ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသားများသည် ထောင်၏အရှေ့ဂိတ်တံခါးမှ မော်တော်ယာဉ် တစီးကို အပိုင်စီးကာ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။

ထောင်ဖောက်ထွက်ပြေးသူများကို ရဲတပ်ဖွဲ့က ကုန်းလမ်းရေလမ်း ပိတ်ဆို့ ရှာဖွေနေစဉ်

အဆိုပါအကျဉ်းသားများမှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူများဖြစ်ပြီး အကယ်၍ ၎င်းတို့မှာ ထိုင်းဘက်ခြမ်း ထွက်ပြေး လာခဲ့လျှင် ထိုင်းနိုင်ငံလုံခြုံရေးထိပါးလာနိုင်သဖြင့် ထိုင်းအာဏာပိုင်များက စိုးရိမ်ပူပန်နေကြသည်။

ဘားအံမြို့နယ်ရှိ ရဲများအနေဖြင့် ထိုင်းနယ်စပ်အနီး ကော့ကရိတ်နှင့်မြဝတီရှိ ဒေသခံတိုင်းရင်းသား များ၊ နယ်စပ်လုံခြုံရေး တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ထောင်ဖောက်ပြေးသူများကို အပူတပြင်း ရှာဖွေနေ ကြောင်း ထောက်လှမ်းရေးသတင်းများအရ တာ့ခ်ခရိုင်ရှိ ထိုင်းလုံခြုံရေးအာဏာပိုင်များက သိရှိထားသည်။

ဘားအံမြို့မှ ထိုင်းနယ်စပ်တလျှောက် လမ်းမများတွင် ရှာဖွေခြင်း၊ လုံခြုံရေးပုံဖော်ခြင်း ဆောင်ရွက်နေ မှုများအား ပူးပေါင်းဆောင်ရွက်ရန် ၎င်းတို့ကို တိုက်တွန်းထားသည်။

ထောင်ဖောက်ပြေးသူများသည် အကျဉ်းထောင်အရာရှိအချို့ထံမှ အကူအညီရခဲ့ကြောင်း မြန်မာရဲက သံသယရှိနေပြီး ယင်းစွပ်စွဲချက်အရ စုံစမ်းစစ်ဆေးမည်ဟု မျှော်လင့်ရသည်။

ကရင်ပြည်နယ်သည် ထိုင်းနိုင်ငံဘက်ခြမ်း မဲဟောင်ဆောင်၊ တာ့ခ်နှင့် ကန်ချနဘူရီစသည့် ပြည်နယ်များနှင့် ထိစပ်နေသည်။ တာ့ခ်ခရိုင်၊ မဲဆောက်မြို့သည် ဘားအံမြို့နှင့် လမ်းကြောင်းအနီးဆုံး နယ်စပ်တည်နေရာဖြစ်သည်။

လက်ရှိအခြေအနေတွင် ထောင်ဖောက်ထွက်ပြေးသူ အကျဉ်းသား ၁၅ဦးနှင့် အချုပ်သား ၇ဦး ဖမ်းဆီးရမိထား ပြီးဖြစ်ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့က Facebook မှ တဆင့် ထုတ်ပြန်ကြေညာထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading