• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒုက္ခသည်များ နေရပ်ပြန်ရေး စိတ်ပျက်အောင် NGO များလုပ်နေဟု ဘင်္ဂလားဒေ့ရှ်ရဲ ပြော

by Muktadir Rashid
19 September 2018
in သတင်း
A A
၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်း ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းတခုတွင် ရိက္ခာဝေရာ၌ တန်းစီစောင့်ဆိုင်းနေသော ဒုက္ခသည်များ  / Reuters

၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်း ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းတခုတွင် ရိက္ခာဝေရာ၌ တန်းစီစောင့်ဆိုင်းနေသော ဒုက္ခသည်များ / Reuters

19.1k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းနှင့် ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ အေဂျင်စီများသည် မွတ်စလင် ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်ရေးနှင့် ပတ်သက်ပြီး စိတ်ပျက်စရာဖြစ်အောင် လုပ်နေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဗဇား ခရိုင်ရဲတပ်ဖွဲ့၏ ဌာနတွင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် ထိုစွပ်စွဲချက်နှင့် ပတ်သက်သည့် ခိုင်မာသော သက်သေ အထောက်အထား မတွေ့ကြောင်း ခရိုင် အထူးတပ်ဖွဲ့အရာရှိများက ဇွန်လကုန်တွင် ပြုစုခဲ့သည့် ထိုဌာနတွင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
59
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
532
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
8

ဘဏ္ဍာငွေ ရရှိမှုနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များကို ထုတ်ဖော်ပြောဆိုလိုသော NGO မရှိသလောက် ဖြစ်ကြောင်းလည်း ဖော်ပြထားသဖြင့် ထိုဒေသတွင်း NGO များ လုပ်ငန်းဆောင်ရွက်ရန် ပြည်ပမှ ငွေကြေး ထောက်ပံ့ခွင့် မပြုမီ ဘင်္ဂလားဒေ့ရှ် အစိုးရသည် ခရိုင်ရဲ အထူးတပ်ဖွဲ့နှင့် ဆွေးနွေးခဲ့သည့် သဘောမျိုး ဖြစ်နေသည်။

ထိုအစီရင်ခံစာကို ကော့ဗဇား ရဲတပ်ဖွဲ့ ရဲမင်းကြီး AKM Iqbal Hossain တာဝန်ယူစဉ်က ပြုစုခဲ့ပြီး သူ့ကို စက်တင်ဘာလ ၉ ရက်နေ့တွင် ရွှေ့ပြောင်းတာဝန် ပေးခဲ့သောကြောင့် ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။ အသစ်ခန့်အပ်လိုက်သော ရဲမင်းကြီး ABM Masud Hossain သည် မကြာမီ စတင် တာဝန် ထမ်းဆောင်မည် ဖြစ်သည်။

သိုသော် ကော့ဗဇား ဒုတိယ ခရိုင်ဝန် Kamal Hossain က ထို အစီရင်ခံစာကို ပယ်ချပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဖော်ကိုင်ဘက်များကို ကြီးကြပ်စောင့်ကြည့်ကြောင်းနှင့် ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့် ပတ်သက်သည့် မည်သည့် စွပ်စွဲချက်ကိုမျှ မတွေ့ရကြောင်း ပြောသည်။

သို့သော် ရဲတပ်ဖွဲ့၏ အစီရင်ခံစာပါ စွပ်စွဲချက်များအကြောင်း ကြားသိခဲ့ကြောင်း ကော့ဗဇားရှိ ဒုက္ခသည်များ အကျပ်အတည်းတွင် လူသားချင်းစာနာမှုအကူအညီများ ညှိနှိုင်းပေးနေသော Inter-Sector Coordination Group မှ အရာရှိတဦးက ပြဿနာ၏ နက်ရင်းမှုကြောင့် အမည်ကို ဖုံးကွယ်ထားပြီး ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“အစီရင်ခံစာကို ပြုစုခဲ့တဲ့ ရဲအရာရှိတွေကိုတော့ အကုန်ပြောင်းပစ်လိုက်ပြီ။ ကျနော်တို့က ပြဿနာကို သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြတယ်။ ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ကော်မရှင် (RRRC) က ဒီကိစ္စကို စုံစမ်းနေတယ်” ဟုလည်း သူကပြောသည်။

ဒုက္ခသည်များ နေရပ်ပြန်လိုခြင်း မရှိအောင် လုပ်ဆောင်နေသည်ဆိုသည့် စွပ်စွဲချက်များအကြောင်း မေးသောအခါ ကော့ဗဇားရှိ ရိုဟင်ဂျာ ပြဿနာများကို ညှိနှိုင်း ဆောင်ရွက်ပေးနေသည့် RRRC မင်းကြီး Mohammad Abul Kalam က “လုပ်ဖော်ကိုင်ဘက်တွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်” ဟု ဖြေသည်။

ရဲတပ်ဖွဲ့က မည်သည့်အတွက် ထိုသို့သော စွပ်စွဲချက်များ ပြုလုပ်ခဲ့သည်ကို သူနားမလည်ကြောင်း Help Cox’s Bazar အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Abul Kashem က ရှင်းသည်။

“အခြေခံအားဖြင့်ပြောရရင် ကျနော်တို့အားလုံးက သိက္ခာရှိရှိ အကာအကွယ်အပြည့်နဲ့ ရိုဟင်ဂျာတွေ အိမ်ပြန်နိုင်ဖို့ ကိုပဲ ဆွေးနွေးတယ်။ ဒါကို ဒုက္ခသည်တွေ စိတ်ပျက်အောင်လုပ်တယ်လို့ မှားယွင်း နားလည်သွား နိုင်တယ်” ဟုလည်း သူကပြောသည်။

သို့သော် ကော့ဗဇားမှ ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး လှုပ်ရှားမှုကို ဆော်သြသူ Hamidul Hoque Chowdhury က ရဲတပ်ဖွဲ့၏ အစီရင်ခံစာကို ခုခံပြောကြားသည်။

“ကျနော်တို့မှာ အထောက်အထား အတိအကျမရှိပေမယ့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုတွေနဲ့ ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး နှောင့်နှေးနေတော့ ဒီအဖွဲ့တွေဟာ အကျပ်အတည်းကို ပိုမိုကျယ်ပြန့်လာအောင် လုပ်နေတယ်လို့ ထင်လာကြတယ်” ဟု သူက ပြောသည်။

“NGO တွေနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေတောင်မှ ရိုဟင်ဂျာတွေကို ဒီမှာပဲရှိနေစေချင်တာ။ သူတို့ရှိနေတော့ ဒီမှာ လစာကောင်းတဲ့ အလုပ်တွေ ပေါ်ပေါက်လာတယ်။ ဒါက တနှစ်ပြီးတနှစ် ဆက်ဖြစ်နေမှာ။ သူတို့က ရိုဟင်ဂျာတွေကို ပြန်မပို့ချင်ဘူး” ဟုလည်း ၎င်းက ရှင်းပြသည်။

“မနှစ်က ရိုဟင်ဂျာ တယောက်တောင်မှ ပြန်မပို့နိုင်ဘူး” ဟုလည်း သူက ပြောသည်။

“မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြေအနေတွေဟာ သူတို့ပြန်ဖို့ အသင့်ဖြစ်ပြီလို့ ကုလသမဂ္ဂက မသတ်မှတ်ဘူး။ ဒီလိုပြောပေမယ့် ဆန္ဒအလျောက်ပြန်ချင်တဲ့ ဘယ်သူ့ကိုမှ တားဆီးမှာ မဟုတ်ဘူး” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် ဌာနေ ကိုယ်စားလှယ် Mia Seppo က ဧရာဝတီ သတင်းဌာနသို့ပြောသည်။

လတ်တလောတွင် ပြည်တွင်း NGO ၈၆ ခုနှင့် နိုင်ငံတကာ INGO ၃၆ ခုတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ကုလသမဂ္ဂ အေဂျင်စီ ၁၁ ခုနှင့် ပူးပေါင်းဆောင်ရွက်နေသည်။

သြဂုတ်လ ၁၇ ရက်နေ့မှ စတင်ပြီး ဒုက္ခသည်စခန်းများတွင် လုပ်ကိုင်နေသော NGO ၅၀ ကျော်၏ အမည်များကို သတင်းစာများတွင် ဖော်ပြပြီး Ukhiya နှင့် Teknaf က ၎င်းတို့၏ လုပ်ငန်းများကို ပိတ်ပင်တားဆီးကြောင်း ကြေညာနေသည်။

မတ်လ ၆ ရက်နေ့ကလည်း NGO ရေးရာဌာနသည် ပြည်တွင်းပြည်ပ အကူအညီပေးရေး အဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့၏လုပ်ငန်းများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိစေရန် စံနှုန်းများ သတ်မှတ် ပေးခဲ့သည်။

ထိုမူဘောင်များအရ NGO များအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ စီမံကိန်း အကောင်အထည်ဖော်မှု၊ ရန်ပုံငွေရရှိမှုနှင့် အလုပ်သမားများနှင့် ပတ်သက်သော သတင်းအချက်အလက်များ အားလုံးကို ကော့ဗဇား ခရိုင်အုပ်ချုပ်ရေးဌာနနှင့် RRRC သို့ အကြောင်းကြားရန် လိုကြောင်း သိရသည်။

(Bangladesh Police Say NGOs Discourage Rohingya Repatriation  ကို ဘာသာပြန်သည်။)

Your Thoughts …
Tags: NGOဘင်္ဂလားဒေ့ရှ်ရိုဟင်ဂျာနေရပ်ပြန်ရေး
Muktadir Rashid

Muktadir Rashid

Similar Picks:

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.6k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
17.9k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ

ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ

by မိုးစက်ငြိမ်းချမ်း
5 February 2024
12.7k

ရခိုင်စစ်မျက်နှာတွင် တွေ့ရသည့် စစ်တပ်၏ အားသာချက်မှာ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်မှု ဖြစ်သည်။ သို့သော် ရက္ခိုင့်တပ်တော်၏ အောင်ပွဲကို တားဆီးနိုင်ခြင်း မရှိပေ။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.2k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

Next Post
အသည်းကွဲပြီဆိုရင် နေ့စဉ် လည်ပတ်နေတဲ့ လောကကြီးတခုလုံး ရပ်တန့်သွားသလိုပါပဲ

အသည်းကွဲတဲ့အခါ စိတ်ရောလူပါ ဘာတွေ ခံစားရမလဲ

ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲဝင်ဖို့ စရိတ်ခက်နေတဲ့ မသန်စွမ်းအပြေးမယ် (ရုပ်/သံ)

ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲဝင်ဖို့ စရိတ်ခက်နေတဲ့ မသန်စွမ်းအပြေးမယ် (ရုပ်/သံ)

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate