သတင်း

အိန္ဒိယ- မြန်မာတို့ နယ်စပ်ဂိတ်များ E- Visa စတင်ကျင့်သုံး

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်ကျော်၍ ကူးသန်းသွားလာမှုနှင့် ပတ်သက်၍ နယ်စပ် စစ်ဆေးရေး ဂိတ် များတွင် E-Visa စနစ် ကို စတင်သုံးစွဲနေပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံရှိ မြန်မာသံရုံးတို့က ကြာသပတေးနေ့က ကြေညာခဲ့သည်။

အဆိုပါ စနစ်ကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် အိန္ဒိယ နယ်စပ်ရှိ တမူး- မိုးရေးဂိတ်၊ ချင်းပြည်နယ်- အိန္ဒိယ နယ်စပ်ရှိ ရိခေါဒါရ်-ဇိုခေါဒါရ်ဂိတ် တို့တွင် စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း ယင်းကြေညာ ချက်တွင် ဖော်ပြသည်။

E-Visa စနစ်ကို သုံးခြင်းဖြင့် နယ်စပ်ဖြတ်ကျော်သွားလာရေးတွင် ပိုမိုလွယ်ကူစေမည်ဖြစ်ကြောင်း၊ အလုပ်သမားဝန်ကြီး ဌာန ဝက်ဘ်ဆိုက်တွင် လျှောက်ထားနိုင်ကြောင်း၊ E-Visa လျှောက်ထားရန် လိုအပ်ချက်များမှာ သာမန်ဗီဇာလျှောက် ထားခြင်းနှင့် အလားတူပင် ဖြစ်ကြောင်း ဆိုသည်။

နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ခရီးသွားမည့် ခရီးသွားများအနေဖြင့် ခရီးသွားဗီဇာများ၊ စီးပွားရေး လုပ်ငန်း ဗီဇာများကို အွန်လိုင်းမှ နေ၍ E-Visa လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်းလည်း ဖော်ပြ ထားသည်။

တမူး-မိုရေးစစ်ဆေးရေးဂိတ်သည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် အိန္ဒိယဘက်ခြမ်း မဏိပူရပြည်နယ်တို့ကို ချိတ်ဆက်ပေးထားပြီး၊ ဇိုခေါထာရ်-ရိခေါဒါရ်စစ်ဆေးရေးဂိတ်မှာ ချင်းပြည်နယ်နှင့်အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တို့ကို ဆက်သွယ်ထားသည်။ အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံကြား နိုင်ငံသားများ အပြန်အလှန်ကူးလူးဆက်ဆံရာတွင် အဆိုပါစစ်ရေး ဂိတ်နှစ်ခုလုံးသည် အရေးပါသည့် စီးပွားရေးစြင်္ကန်များ ဖြစ်ကြသည်။

အဆိုပါ နယ်စပ်ဂိတ် များကို သြဂုတ်လက နယ်စပ်တလျှောက် နိုင်ငံဖြတ်ကျော်သွားလာရေးအတွက် ပထမဆုံး တရားဝင် ဖွင့်လှစ်ခဲ့ပြီး E-Visa စနစ်ကိုမူ ယခု စက်တင်ဘာလမှ စတင်မည်ဖြစ်ရာ၊ အခြားနိုင်ငံများမှ နိုင်ငံသားများလည်း ယင်းဗီဇာများသုံး၍ လွတ်လပ်စွာသွားလာနိုင်ရန် ရည်ရွယ်သည်။

ယင်းသို့ စစ်ဆေးရေးဂိတ်နှစ်ခုမှ နိုင်ငံဖြတ်ကျော်၍ အလွယ်ကူသွားလာနိုင်ရေးအတွက် နှစ်ဘက် အစိုးရချင်း ပြီးခဲ့သည့် ၆ နှစ်တာကတည်းက ညှိနှိုင်းခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်ရေး မှာမူ အိန္ဒိယ အရှေ့မြောက်ဒေသ ခွဲထွက် ရေး သူပုန်အဖွဲ့များနှင့် ပဋိပက္ခများကြောင့် နှောင့်နှေး ကြန့်ကြာခဲ့ရသည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် နယ်စပ်ဆက်သွယ်ရေး လမ်းကြောင်းများ မကြာခဏ ပိတ်ရမှုသည်လည်း နိုင်ငံဖြတ်ကျော် သွားလာရေးအတွက် အဓိက အနှောင့်အယှက်များ ဖြစ်ခဲ့သည်။

ယခုနှစ်အစောပိုင်းကပင် ယင်းနယ်မြေအတွင်း လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွား၍ လမ်းများ ပိတ်ခဲ့သောကြောင့် နယ်စပ်ကုန်သွယ်ရေးထိခိုက်ခဲ့ရကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ဧရာဝတီအင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် ဇာနည်မာန်ရေးသားသော India, Myanmar to Begin Using E-Visas Along Land Border ကိုဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading