သတင်း

မွန်ပြည်နယ်တွင် မြို့ဝင်ကြေးများ ဆက်ကောက်မည်

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် အတွင်း ကောက်ခံနေသော မြို့ဝင်ကြေးမှ ရရှိသော ငွေမှာ ပြည်နယ် စည်ပင်သာယာရေး အဖွဲ့၏ သီးခြား ရပ်တည်ရသော ဘဏ္ဍာငွေ ဖြစ်ခြင်းကြောင့် မြို့ဝင်ကြေး ဆက်လက် ကောက်ခံမည်ဟု သတင်းရရှိသည်။

စက်တင်ဘာလ ၁၉ ရက် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ် စည်ပင် သာယာရေး ဝန်ကြီး ဦးမင်း ကျော်လွင်က ပြောကြားခြင်း ဖြစ်သည်။

မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့မှ မြို့ဝင်ကြေး ကောက်ခံနေသော ဂိတ်များမှ ရရှိသော ဘဏ္ဍာငွေမှာ တနှစ်လျှင် ငွေကျပ် ၁ ဒသမ ၄ ဘီလီယံ နီးပါး ရှိနေပြီး စည်ပင်ယာရေး အဖွဲ့ဘဏ္ဍာငွေ၏ ၁၆ ရာခိုင်နှုန်းသော ဝင်ငွေမှာ မြို့ဝင်ကြေး မှ ရရှိသော ဘဏ္ဍာငွေ ဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။

ထို့ပြင် စည်ပင် သာယာရေး ဘဏ္ဍာငွေမှာ သီးခြား ရပ်တည်ရသော ဘဏ္ဍာငွေ ဖြစ်ခြင်းကြောင့် မြို့ဝင်ကြေးများ မကောက် ခံပါက စည်ပင် သာယာရေး အဖွဲ့၏ ဝန်ထမ်း လစာများကိုပါ ထိခိုက်လာနိုင်ဖွယ် ရှိကြောင်း ဦးမင်းကျော်လွင်က လွှတ် တော်၌ ဆွေးနွေး သွားသည်။

စည်ပင်သာယာမှ မြို့ဝင်ကြေး ကောက်ခံနေသော ဂိတ်များကို လာမည့် ဘဏ္ဍာရေးနှစ်မှ စ၍ ရုပ်သိမ်းပေးရန် တိုက်တွန်း ကြောင်း အဆိုကို စက်တင်ဘာ ၁၂ ရက်၌ ကျင်းပခဲ့သည့် ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေး (ပထမနေ့) တွင် သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင် ကျော်သူက တင်သွင်းခြင်း ဖြစ်သည်။

ပြည်နယ် အစိုးရ၏ အခွန်ကောက်ခံမှုနှင့် စပ်လျဉ်း၍ မွန်ပြည်နယ်တွင် အခွန် ထမ်းဆောင်မှု အားနည်းနေသည့် ကျောက် မိုင်းကဲ့သို့သော လုပ်ငန်းများကို ပြည်နယ် အစိုးရ အနေဖြင့် ကြပ်ကြပ်မတ်မတ်ဖြင့် အခွန် စိစစ် ဆောင်ရွက်ပါက ဖြေ လျော့ပေးသင့်သော စည်ပင်သာယာရေး အဖွဲ့၏ မြို့ဝင်ကြေး အခွန်အား ပြန်လည် ရရှိမည် ဖြစ်ကြောင်းလည်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

သို့ဖြစ်ပါ၍ မြို့ဝင်ကြေး ရုပ်သိမ်းရေး အဆိုအား အတည်ပြုသင့်ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက ဆွေး နွေးခဲ့ကြသော်လည်း စည်ပင် သာယာရေး ဝန်ကြီး ဦးမင်းကျော်လွင်က မှတ်တမ်း အနေဖြင့်သာ ပြည်နယ် လွှတ်တော်တွင် ထားရှိပေးရန် ဆွေးနွေးခဲ့သဖြင့် မဲခွဲ ဆုံးဖြတ်ခဲ့ရာ မဲပေးသူ ၂၆ ဦး ရှိသည့် အနက် ထောက်ခံမဲ ၁၀ မဲနှင့် ကန့် ကွက်မဲ ၁၆ မဲ အထိ ရှိခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ် အတွင်း B.O.T စနစ် ဖြင့် လမ်း၊ တံတားကြေး ကောက်ခံနေသည့် အဝေးပြေး လမ်းပေါ်တွင် မြို့နယ် စည်ပင် သာယာရေး အဖွဲ့က မြို့ဝင်ကြေးများ ထပ်မံ ကောက်ခံခြင်းမှာ ခရီးသွား ပြည်သူများအား စိတ်အနှောင့်အယှက် ဖြစ်စေ သဖြင့် စည်ပင်သာယာရေး အဖွဲ့၏ မြို့ဝင်ကြေး ဂိတ်များကို ရုပ်သိမ်း၍ အခွန်ကောက်ခံမှု ပုံစံကို ပြောင်းလဲသင့်ကြောင်း အဆိုရှင် ဦးအောင်ကျော်သူက ပြောသည်။

စည်ပင်သာယာရေး အဖွဲ့မှ မြို့ဝင်ကြေးများကို ဝါးလုံးတား ကောက်ခံနေမှု အပေါ် နိုင်ငံတကာတွင်လည်း ယင်းကောက်ခံမှု ပုံစံမျိုး မပြုလုပ်ဘဲ မော်တော်ယာဉ်များ လိုင်စင် သက်တမ်းတိုးချိန်တွင်သာ အခွန်ကောက်ခံမှု ပြုလုပ်ကြကြောင်း မော်လ မြိုင် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် မင်းထင်အောင်ဟန်က ထောက်ပြ ဆွေးနွေးခဲ့သည်။

လက်ရှိ မွန်ပြည်ရှိ မြို့နယ် ၁၀ မြို့နယ် အတွင်း၌ စည်ပင်သာယာမှ ကောက်ခံလျက် ရှိသော မြို့ဝင်ကြေး အနေနှင့် ယာဉ် အသေး ၂၀၀ ကျပ်နှင့် ယာဉ်အလတ် ၃၀၀ ကျပ်နှင့် ယာဉ်အကြီး ၅၀၀ ကျပ် နှုန်းထားဖြင့် ပေးရကြောင်းနှင့် ၁၀ မြို့နယ် ရှိရာ အဝင်/အထွက် အတွက် မြို့ဝင်ကြေး ဂိတ် ၂၀ ခန့် ရှိနေကြောင်းကို ဒေသခံ တချို့က ဆိုသည်။

လက်ရှိ ပြည်နယ်နှင့် တိုင်းဒေကြီး အသီးသီး၌ မြို့ဝင်ကြေး၊ လမ်းတံတား ကြေးများ ကောက်ခံမှုကို ဖြေလျော့ပေးလျက် ရှိနေပြီး ယခု စက်တင်ဘာလ ကုန်မှစ၍ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ မြို့ဝင် ဘီးခွန် ကောက် ခံနေ မှုကို ပိတ်သိမ်းမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့က သိရသည်။

ဆက်စပ် ဖတ်ရှုရန်မွန်ပြည်နယ်က မြို့ဝင်ကြေး ကောက်သည့် ဂိတ်များ ရုပ်သိမ်းပေးရေး အဆိုတင်

Did you find apk for android? You can find new Free Android Games and apps.
Loading