သတင်း

နာမည်ကြီးတောင်ထိပ်ပေါ်မှာ တွေ့ဆုံခဲ့တဲ့ တောင်နဲ့မြောက် ကိုရီးယားသမ္မတ ၂ဦး

Want create site? Find Free WordPress Themes and plugins.

တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်နဲ့ မြောက်ကိုရီးယားသမ္မတကင်ဂျုံအန်တို့ဟာ မြောက်ကိုရီးယားနဲ့ တရုတ်နယ်စပ်ကြားထိစပ်ပြီးအထိမ်းအမှတ်တခုအဖြစ်တည်ရှိတဲ့ Paektu ကိုတက်ရောက်ခဲ့ကြတယ်လို့ Seoul (Reuters) သတင်းဌာနကဆိုပါတယ်။

တောင်တက်ခြင်းကို နှစ်ခြိုက်တဲ့ တောင်ကိုရီးယားသမ္မတမွန်း ဟာ Himalayas တောင်ကို ၂ ကြိမ်တက်ရောက်ပြီး ဖြစ်ပါတယ်။ နျူကလီးယားအရေးကိစ္စနဲ့ပတ်သက်ပြီး တောင်နဲ့မြောက်ဟာ ၃ ရက်တာဆွေးနွေးပွဲနောက်ဆုံးနေ့မှာ Paektu ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။

Paektu ဟာ မပြီးဆုံးနိုင်သောအိပ်မက်ရှည်လို့ အဓိပ္ပာယ်ရပြီး မွန်းနဲ့ ကင်ကတော့ သူတို့ရဲ့ အိပ်မက်တွေပြီးမြောက်ဖို့ တောင်ထိပ်ထိတက်ရောက်ခဲ့ပုံပါပဲ။ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်ဟာ Paektu ကိုတက်ရောက်ဖို့ လေဆိပ်ကနေ တဆင့်ရောက်လာတဲ့အခါ မြောက်ကိုရီးယားလူမျိုး ၁၀၀၀ ဟာ ပန်းတွေကို ဝှေ့ရမ်းပြီး အမိမြေပြန်လည်ပေါင်းစည်းရေး ဆိုပြီး ဟစ်ကြွေးနေပါတယ်။

သမ္မတတွေနဲ့အတူ ဇနီးဖြစ်သူတွေက တောင်ထိပ်က နတ်ရေကန်ဆီကို ကေဘယ်လ်ကားနဲ့ တဆင့်သွားခဲ့ပါတယ်။ တောင်ကိုရီးယားကလူတွေက Paektuတောင်ကို သွားဖို့ ဆန္ဒရှိကြပေမယ့် တရုတ်နယ်စပ်ကနေတဆင့်သွားဖို့ပဲ နည်းလမ်းရှိတယ်။

“ငါကတော့ ကိုယ့်အမိမြေကနေတဆင့်မသွားရရင် မသွားဘူးလို့ဆုံးဖြတ်ထားတယ်။ အခုတော့မဖြစ်နိုင်ဘူးထင်တဲ့ အိပ်မက်က တကယ်ပဲဖြစ်လာပါပေါ့လား” ဆိုပြီး မွန်းက ကင့်ကို ပြောခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတနဲ့အတူလိုက်ပါလာတဲ့ စီနီယာအရာရှိတွေကလည်း တောင်ကိုရီးယားကအမြင့်ဆုံးဖြစ်တဲ့ Halla တောင်ကို လာရောက်လည်ပတ်ဖို့ ကင်ဂျုံအန်နဲ့ဇနီးဖြစ်သူကို ဖိတ်ခေါ်ခဲ့ပါတယ်။

ကင်ကလည်း ဗုဒ္ဓဟူးနေ့အစည်းအဝေးအပြီးမှာဘဲ ဆိုးလ်မြို့ကို အနာဂတ်မှာလာရောက်လည်ပတ်လိုကြောင်း ပြောကြားခဲ့ပါတယ်။ Paektu တောင်ဟာ တောင်ကိုရီးယားကျွန်းဆွယ်မှာအမြင့်ဆုံးဖြစ်ပြီးအမြင့်ပေ ၉၀၀၀ရှိပါတယ်။

ကိုရီးယားဒဏ္ဍာရီတွေနဲ့ တောင်ကိုရီးယားနိုင်ငံတော်သီချင်းမှာထည့်ဆိုရလောက်သလို မြောက်ကိုရီးယားတွေရဲ့ ဝါဒဖြန့်မှုတွေမှာလည်း မပါမဖြစ်ပါပဲ။ မြောက်ကိုရီးယားလူမျိုးတွေကတော့ ကင့်ရဲ့အဖေနဲ့ အဖိုးက Paektu တောင်မှာမွေးဖွားခဲ့တယ်လို့ ဆိုကြပါတယ်။

ဒီလိုသမိုင်းကြောင်းနဲ့ တည်ရှိနေတဲ့ Paektu တောင်ကနေ မြောက်နဲ့တောင်ငြိမ်းချမ်းရေးရပြီး ပြန်လည်ပေါင်းစည်း သွားမလားဆိုတာ အကုန်လုံးက စိတ်ဝင်စားနေကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading