• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးကိုနီအမှုတွင် နိုင်ငံရေး သားကောင်ဖြစ်နေဟု သံသယတရားခံ ဇေယျာဖြိုးပြော

by ထွန်းထွန်း
20 September 2018
in သတင်း
A A
သြဂုတ် ၂ ရက်နေ့ရုံးချိန်းတွင် တွေ့ရသည့် ဇေယျာဖြိုး / ထက်ဝေ / ဧရာဝတီ

သြဂုတ် ၂ ရက်နေ့ရုံးချိန်းတွင် တွေ့ရသည့် ဇေယျာဖြိုး / ထက်ဝေ / ဧရာဝတီ

20.9k
VIEWS
Share on FacebookShare on Twitter

တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုတွင် လူသတ်ရန် အားပေးကူညီမှုဖြင့် စွဲချက်တင်ခံထား ရသည့်အတွက် နိုင်ငံရေး၏ သားကောင်ဖြစ်နေကြောင်း ဇေယျာဖြိုးက ယနေ့စက်တင်ဘာ ၂၀ ရက်နေ့ ရုံးချိန်းအပြီးတွင် ပြောဆိုသွားသည်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ ၎င်းအား လူသတ်ရန်အားပေးကူညီမှုပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ဖြင့် စွဲချက်တင်ရန်ဆုံးဖြတ်ခဲ့မှုအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ရာဇဝတ်အယူခံတင်ခဲ့သော်လည်း စက် တင်ဘာ ၁၉ ရက်နေ့က ပယ်ချခံခဲ့ရသည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
0
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
567
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
1.6k

ဇေယျာဖြိုးက “ကျနော်တို့က နိုင်ငံရေးရဲ့ သားကောင်တွေ၊ ဘာနောက်ခံမှမရှိတဲ့ကောင်က ခံရတာပဲ၊ ဒီအမှုကြီး က အစကတည်းက အမှုပျက်ကြီး၊ မြင့်ဆွေ ကိုယ်တိုင်လာ အဖမ်းမခံသ၍ ကျနော်တို့က ထောင်ထဲ သွားရမယ့် ကိန်းဖြစ်နေပြီ၊ သူတို့မကြားနာရဲဘူးလေ၊ ဗမာပြည်ရဲ့ ဥပဒေတွေ၊ အမှန်တရားတွေက “Might is Right” ပဲ၊ ကျနော်တို့မှာ ဘာနောက်ခံမှမရှိဘူး။ ဒါပေမယ့် ဝဋ်ဆိုတာလည်တတ်တယ်၊ တချိန်မှာ ကျနော့်ကို မဟုတ်တာ လုပ်တဲ့ သူတွေ ဝဋ်လည်မယ်” ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ စွဲချက်များနှင့်ပတ်သက်ပြီး ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်း ထွန်းနှင့် ဇေယျာဖြိုးတို့မှ ရာဇဝတ်ပြင်ဆင်မှုတက်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ၎င်းတို့အမှု အားလုံးကို ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ မြောက်ပိုင်းခရိုင်တရားရုံး တွင် ပြုလုပ်သည့် ရုံးချိန်းတွင် ကြည်လင်းအတွက် တရားခံပြသက်သေအဖြစ် ကြည်လင်း၏ ဇာတိ စိုင်းလား ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့် ရာအိမ်မှူး ဦးမြင့်ကျော်ဦးတို့အား စစ်ဆေးခဲ့သည်။

၎င်းတို့နှစ်ဦးသည် အခင်းစတင်ဖြစ်ပွားစဉ်က ကြည်လင်း၏ နေအိမ်သို့ သွားရောက်ရှာဖွေစဉ် ရှာဖွေသက်သေအ ဖြစ် လိုက်ပါခဲ့သူများဖြစ်ပြီး တရားလိုပြသက်သေစာရင်းမှ ပယ်ဖျက်ခဲ့သူများလည်းဖြစ်သည်။

ကြည်လင်း၏ရှေ့နေ ဦးကျော်ကျော်ထိုက်က “ ကြည်လင်အနေနဲ့ မြင့်ဆွေနဲ့လေဆိပ်မှာတွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အချက်တွေ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့တယ်။ ကျနော်တို့က သက်သေတွေကို အတတ်နိုင်ဆုံး များများ ဖော်ပြီး စစ်သွားမှာဖြစ်တယ်၊ ကျနော်တို့ဘက်ကတော့ တကူးတက အချိန်ဆွဲတာတို့၊ မလေးမစားလုပ်ပြီး အချိန်ကို ကပျက်ကယက်လုပ်တာတို့ လုံးဝမလုပ်ပါဘူး” ဟုပြောသည်။

မူလက ကြည်လင်းအတွက် တရားခံပြသက်သေအနေဖြင့် ၁၀ ဦးတင်ပြခဲ့ရာတွင် အခြေအနေအရပ်ရပ်ကြောင့် ၈ ဦးအား ပြန်လည်ပယ်ဖျက်ခဲ့ရသည်။ ယင်းသို့ပယ်ဖျက်ခဲ့ရသည့် သက်သေများထဲတွင် အမှုအတွက်အရေးကြီး သည့် သက်သေတဦးမှာလတ်တလော ပျောက်ဆုံးနေသည့်အတွက် ပယ်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

တရားလို ရှေ့နေ ဦးမင်းမင်းဇော်က “သူက မိသားစုအရေးစိုးရိမ်ရတယ်ဆိုတာက ကြည်လင်းမရှိရင် မိသားစုဘာဖြစ်သွားမလဲ၊ ဒီသက်သေတွေ ထွက်ချက်အရတော့ သူမရှိရင် မဖြစ်ဘူးဆိုတာမျိုးတော့ မဟုတ်ဘူး၊ ကြည်လင်းမရှိရင် ဒီမိသားစုက ဒုက္ခရောက်မယ့် အနေအထားမဟုတ်တဲ့အတွက် မိသားစုကိုခြိမခြောက်တယ် ဆိုတာက စိုးရိမ်ရမယ့်အနေအထားမဟုတ်ဘူး” ဟု ယနေ့တရားခွင် ထွက်ဆိုချက်များအပေါ် သုံးသပ်ပြော သည်။

အမှုတွင် အောင်ဝင်းဇော်နှင့်ပတ်သက်ပြီး အခင်းဖြစ်နေ့က ၎င်းလေဆိပ်သို့ရောက်ရှိနေစဉ် ဝတ်ဆင်ထားသည့် ဘောင်းဘီအား သက်သေခံတင်ပြမှုကို မူလခရိုင်တရားရုံးက ပယ်ချခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ရာဇဝတ်ပြင်ဆင်မှုတက်ထားပြီး စက်တင်ဘာ ၂၈ ရက်နေ့တွင် အမှုအား လက်ခံသင့်/ မသင့် ကြားနာမည်ဖြစ်သည်။

အမှုတွင် ကြည်လင်းအား ပုဒ်မ ၃၀၂(၁)(ခ)/၃၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)၊၁၉(စ)၊ လေဆိပ်အငှားယာဉ် မောင်း ဦးနေဝင်းအား သတ်မှုပုဒ်မ ၃၀၂(၂) တို့ဖြင့် စွဲချက်တင်ထားသည်။

အောင်ဝင်းဇော်ကိုမူ လူသတ်ရန်ပူးပေါင်းလုပ်ဆောင်မှု ပုဒ်မ ၃၀၂(၁)(ခ)/၃၄ လည်းကောင်း၊ ဇေယျာဖြိုးအား လူသတ်ရန် အားပေးကူညီမှုပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ဖြင့်လည်းကောင်း၊ အောင်ဝင်းထွန်းအား ပြစ်မှုကျူးလွန်သူ အား ကူညီမှုပုဒ်မ ၂၁၂ ဖြင့်လည်းကောင်း အသီးသီးစွဲချက်တင်ထားပြီး အောင်ဝင်းထွန်းအား အာမခံပေးထား
သည်။

Your Thoughts …
Tags: ဇေယျာဖြိုးဦးကိုနီအမှု
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အမိန့်ချအပြီး တရားရုံးမှ ထွက်လာသော ဇေယျာဖြိုး / မျိုးမင်းစိုး

ဇေယျာဖြိုးအတွက် လျှော့ပေါ့ပြစ်ဒဏ်ကို ရှေ့နေအသင်းရှုတ်ချ

by စမ်းယမင်းအောင်
20 February 2019
11.2k

ဇေယျာဖြိုးနှင့် ပတ်သက်သော စီရင်ချက်ကို မကျေနပ်ကြောင်းနှင့် အထက်ရုံးသို့ အယူခံဝင်မည် ဖြစ်ကြောင်း တရားလိုရှေ့နေများကလည်း မီဒီယာများကို ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ရုံးထုတ်တွင်တွေ့ရသော မြင်ကွင်း  / အောင်ကျော်ထက် / ဧရာဝတီ

မြင့်ဆွေ ဆိုသူကို မိမှ နောက်ကွယ်က ခိုင်းစေသူ ပေါ်မည်ဟု ကြည်လင်းပြော

by ထွန်းထွန်း
2 February 2019
43.9k

ဦးကိုနီအားလုပ်ကြံမှုတွင် လက်ရှိဖမ်းထားသူများမှာ အမှုနှင့်သက်ဆိုင်သူများမဟုတ်ဘဲ မြင့်ဆွေဆိုသူကို ဖမ်းမိမှသာ နောက်ကွယ် က ခိုင်းစေသူ ပေါ်ပေါက်မည်ဟု သေနတ်သမား ကြည်လင်းက ဖေဖော်ဝါရီ ၁ ရက်နေ့ ရုံးချိန်းအပြီးတွင် ပြောဆိုသည်။

ဦးကိုနီအမှု ယနေ့ရုံးထုတ်မြင်ကွင်း  / အောင်ကျော်ထက် / ဧရာဝတီ

ဦးကိုနီအား လုပ်ကြံသူ ကြည်လင်း အပါ ၄ ဦးကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ အမိန့်ချမည်

by ထွန်းထွန်း
1 February 2019
21.4k

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရသည့် အမှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံးက ဆုံးဖြတ်လိုက်သည်။

ဇူလိုင် ၁၀ ရက် ရုံးချိန်းတွင် တွေ့ရသည့် ဇေယျာဖြိုး / မျိုးမင်းစိုး / ဧရာဝတီ

ဦးကိုနီ အမှု သက်သေ ထွက်ရန် ရဲမှူးကြီး ဝင်းမင်းသိန်း ထပ်မံ ပျက်ကွက်

by ထွန်းထွန်း
29 November 2018
11.7k

ဦးကိုနီ လုပ်ကြံခံရချိန်၌ လေဆိပ် လုံခြုံရေး အရာရှိအဖြစ် တာဝန် ထမ်းဆောင်နေသူ ရဲမှူးကြီး ဝင်းမင်းသိန်း သည် သက်သေ ထွက်ဆိုပေးရန် ယနေ့ ရုံးချိန်း၌ ထပ်မံ ပျက်ကွက်ကြောင်း

ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ရုံးချိန်းထွက်လာသည့် ဇေယျာဖြိုး / မျိုးမင်းစိုး / ဧရာဝတီ

ဦးကိုနီအမှု တရားသူကြီးများ ဖိအားကင်းရေး ဇေယျာဖြိုး တောင်းဆို

by ထွန်းထွန်း
16 February 2018
30.4k

တရားသူကြီးများ ဖိအားကင်းစွာ ဆုံးဖြတ်နိုင်ရေး ဝန်းရံပေးကြရန် စွဲချက်တင်ခံထားရသည့် (ဦး)ဇေယျာဖြိုးက တောင်းဆိုလိုက်သည်။

မတ်လ ၉ ရက်က မြောက်ပိုင်း ခရိုင် တရားရုံးတွင် ရုံးထုတ်လာသော ဇေယျာဖြိုးကို တွေ့ရစဉ်  / မျိုးမင်းစိုး / ဧရာဝတီ

ဦးကိုနီအမှုတွင် ပတ်သက်ကြောင်း ခိုင်မာသည့် သက်သေမရှိဟု ဖမ်းဆီးခံထားရသူများ ထောက်ပြ

by ထွန်းထွန်း
16 March 2018
9.1k

သေနတ်တွေက အောင်ဝင်းဇော်နဲ့ ပတ်သက်မှုရှိတာ မတွေ့ရကြောင်း အမှုစစ် ကိုယ်တိုင် ထွက်ဆို ပြီးပြီ။ တရားခံတွေ ပြစ်မှုကျူးလွန်ကြောင်း အထောက်အအထား သက်သေတွေကို ဒီနေ့ စစ်ခဲ့တဲ့ ဘယ်သက်သေ ကမှ မထွက်ဆိုခဲ့ဘူး

Next Post
အဆိုတော် ဖြိုးမြတ်အောင်  / ချစ်ပိုး / ဧရာဝတီ

“ကောင်းတာဝေဖန်ရင်ခေါင်းထဲထည့်တယ် မကောင်းတာပြောရင် ခေါင်းထဲမထည့်ဘူး”

မကရင်မအမှု လိပ်စာဖော်ပြထားခြင်းက တပ်မတော်ဂုဏ်သိက္ခာညှိုးနွမ်းဟု ဆို (ရုပ်/သံ)

မကရင်မအမှု လိပ်စာဖော်ပြထားခြင်းက တပ်မတော်ဂုဏ်သိက္ခာညှိုးနွမ်းဟု ဆို (ရုပ်/သံ)

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate