သတင်း

မင်္ဂလာတောင်ညွန့် တည်းခိုခန်း လူသတ်မှု နာကျည်းစိတ်ကြောင့် ဖြစ်ပွားခဲ့ဟုဆို

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ရေကျော်မီးပွိုင့် အနီး တည်းခိုခန်းတခု၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ကျူးလွန်သူကို အခင်းဖြစ်ပွားအပြီး ၅ ရက်အကြာတွင် ဖမ်းဆီးရမိ ကြောင်း ရန်ကုန်တိုင်းတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် အထက်ဖော်ပြပါ တည်းခိုခန်း၌ အမျိုးသားတဦး ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် မှုခင်းရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တည်းခိုခန်း အခန်းတခု၏ အိပ်ရာခုတင်ပေါ်တွင် အမည်မသိ အမျိုးသားမှာ ဝမ်းဗိုက်အထက်ပိုင်း ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ကျောပြင်ယာဘက် ထိုးသွင်းဒဏ်ရာ(၁)ချက်ဖြင့် သေဆုံးလျက် တွေ့ရှိကြောင်း၊ ၎င်းအမျိုးသားသည် ယင်းနေ့က အမည်မ သိ အမျိုးသမီးတဦးနှင့်အတူ လာရောက်တည်းခိုခဲ့သည်ဟု သိရှိရပြီး သေဆုံးသူနှင့်ပတ်သက်၍ မင်္ဂလာတောင်ညွန့် မြို့မရဲ စခန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သေဆုံးသူနှင့်အတူ လာရောက်တည်းခိုသူအား လိုက်လံစုံစမ်းခဲ့ရာ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ မေတ္တာ လမ်းနေ လင်းလင်းခိုင်(၃၉)နှစ် ဖြစ်ကြောင်းသိရှိရ၍ ၎င်းအား စက်တင်ဘာ ၂၁ ရက် နံနက် ၃ နာရီ ၁၅ မိနစ် အချိန်တွင် ဒေါပုံမြို့ နယ်၊ ယမုံနာ(၂)ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ လက်ဖက်ရည်ဆိုင်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

လင်းလင်းခိုင်၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၁၇ ခု ၉ လပိုင်းခန့်တွင် လူမှုကွန်ရက်စာမျက်နှာ အသုံးပြုရာမှ သေဆုံးသူ ထွန်းလင်းအောင်(ခ)ဖိုးထောင်နှင့်တွေ့ဆုံ၍ Messenger မှတဆင့် စကားပြောဆိုရာ၌ သမီးရည်းစားဖြစ်ခဲ့ကြောင်း၊ သေဆုံး သူမှာ အစ်မဖြစ်သူ၏ သား(၃)ယောက်အား ကြည့်ရှုစောင့်ရှောက်နေရသူဖြစ်ပြီး လူပျိုလူလွတ်ဖြစ်ကြောင်း လိမ်လည်ပြော ဆိုခဲ့သည်ကို ယုံကြည်၍ အပြင်၌ တွေ့ဆုံကာ အတူနေထိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၎င်းက ၂၀၁၈ ဇူလိုင် ၇ ရက်တွင် သေဆုံးသူမှ မြဝတီမြို့သို့ အလုပ်လုပ်ရန် ခေါ်ဆောင်သဖြင့် လိုက်ပါသွားခဲ့ ကြောင်း၊ သေဆုံးသူမှာ ၎င်းမြို့ရှိ နေအိမ်တလုံးမှ အမည်မသိအမျိုးသမီးတဦးနှင့် စကားပြောပြီးနောက် ကွမ်းဝယ်ရန် ထွက် သွားခဲ့ရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ကျန်နေခဲ့စဉ် အမည်မသိ အမျိုးသမီးမှ ထိုင်းနိုင်ငံသို့ ပို့မည်ပြော၍ ကြောက် လန့်ပြီး ထွက်ပြေးလာခဲ့သည်ဟု ဆိုသည်။

လင်းလင်းခိုင်သည် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သေဆုံးသူအား နာကျည်းစိတ်ကြောင့် ၂၀၁၈ စက်တင်ဘာ ၁၆ တွင် ထီပေါက်သည်ဟု ပြောဆိုပြီး ဖုန်းဖြင့် ဆက်သွယ်ချိန်းဆိုကာ ပုဇွန်တောင်ဈေးရှေ့ရှိ စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့ ကြောင်း၊ ထို့နောက် ဖော်ပြပါတည်းခိုခန်းတွင် အတူနေထိုင်ခဲ့ပြီး သေဆုံးသူအတွက် ရွှေဆွဲကြိုးအတုအားဆွဲပေးခဲ့ကြောင်း၊ သေဆုံးသူ လှဲအိပ်နေစဉ် ၎င်းမှ အသင့်ယူလာသော ဓားဖြင့် (၂)ချက်ထိုးပြီး တည်းခိုခန်းမှ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့အနေဖြင့် စစ်ဆေးပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်သူ လင်းလင်းခိုင်ကို ဥပဒေအရ ဆက်လက်အရေးယူ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လူသတ်မှု ဖြစ်စဉ်အပြီးတွင် လူမှုကွန်ရက်စာမျက်နှာ၌ သေဆုံးသူနှင့် လင်းလင်းခိုင်တို့နှစ်ဦး တည်းခိုခန်းသို့ အတူ လာရောက်သည့် ရုပ်သံမှတ်တမ်း(CCTV)တခု ထွက်ပေါ်လာခဲ့ပြီး လူအများ စိတ်ဝင်စားကာ ထင်မြင်ချက် အမျိုးမျိုးပေးခဲ့ ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading