ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် နွိုင်ခရိုင် ဝပ် ဖရာယ သမ် ဘုန်းတော်ကြီးကျောင်းရှိ ရှေးဟောင်း စေတီတဆူ ယနေ့နေ့လည်က ပြိုကျရာ လူ ၁၁ဦး ထိခိုက်မှုရှိခဲ့ပြီး ၂ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိကြောင်း Bangkok Post ကဆိုသည်။
အဆိုပါ ရှေးဟောင်းစေတီမှာ နှစ် ၂၀၀ခန့် ရှိပြီဖြစ်ပြီး ဒုတိယမြောက် ရာမဘုရင်လက်ထက်တွင် တည်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများမှာ အလုပ်သမားများဖြစ်ပြီး အမျိုးသား ၉ဦးနှင့် အမျိုးသမီး ၂ဦးဖြစ်ကြောင်း၊ အပျက်အစီးများအကြား ပိတ်မိနေရာမှ ကယ်ထုတ်ကာ ဆရီရပ်ချ် ဆေးရုံသို့ ပို့လိုက်ကြောင်း ဧရာဝဏ် ကယ်ဆယ်ရေးစင်တာက ပြောသည်။
အဆိုပါ စေတီမှာ အစောပိုင်းက မြေကျွံကျသွားပြီးနောက် ပြိုကျသွားခြင်းဖြစ်ကြောင်း၊ ဒဏ်ရာပြင်းထန်သူ ၂ဦးမှာ ခြေထောက်တွင် ထိခိုက်သွားခြင်းဖြစ်ကြောင်းသိရသည်။