သတင်း

စစ်တွေ၌ စရဖ တပ်ဖွဲ့ဝင် တဦး ပစ်သတ်ခံရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် တဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု တခု ယမန်နေ့ညက ဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။

အဆိုပါ သေဆုံးသူမှာ ဝင်းထိုက်(ခ) ဖိုးလုံဖြစ်ပြီး တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် တွင် တပ်ကြပ်အဆင့် ရှိသူ ဖြစ်ကြောင်း၊ သူသည် မိသားစုနှင့် အတူ စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် ကျင်းပ သည့် ဈေးပွဲတော်သို့ လာရောက်ချိန် သမီးဖြစ်သူအား ရေခဲမုန့်ဝယ်ပေးနေစဉ် သေနတ်ဖြင့် ပစ်သတ် ခံရခြင်း ဖြစ်ကြောင်း စစ်တွေမြို့ အမှတ် ( ၂ ) ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည် ။

“သူရယ်၊ သူ့မိန်းမရယ် ၊ သူ့သမီးရယ် မိသားစု ၃ ဦး ဈေးပွဲတော်ကို လာကြတယ် ။ ကိုဖိုးလုံးက သမီး ကို ရေခဲ့မုန့် ဝယ် ကျွေးနေချိန် မလှမ်းမကမ်းက သေနတ်သံကြားတော့ သူ့မိန်းမက လှည့်ကြည့်တာ ကိုဖိုးလုံး မြေကြီးပေါ်သို့ လဲကျသွားတာ တွေ့တယ်။ ဆေးရုံပို့တော့ လမ်းမှာပဲ ဆုံးသွားတယ် ” ဟု ၎င်းကပြောသည် ။

ပစ်ခတ်မှုဖြစ်စဉ်၌ အရပ် ၅ ပေ ၃ လက်မခန့်ရှိသည့် အမျိုသား တဦး ထွက်ပြေးသွားသည်ကို ၎င်း၏ အမျိုးသမီးက မြင်တွေ့ လိုက်ရပြီး ယင်းလဲကျသွားသည့် ဝင်းထိုက် ( ခ ) ဖိုးလုံး အား ဆေးရုံသို့ ယူဆောင်စဉ် ဦးခေါင်းဝဲဘက်နောက်စေ့ တွင် ရရှိသည့် ဒဏ်ရာ ဖြင့်် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း လည်း ရဲတပ်ဖွဲမှ ဆိုသည်။

သေဆုံးသွားသည့် ကိုဝင်းထိုက် (ခ) ဖိုးလုံးသည် စစ်တွေမြို့ စစ်ဘက်ရေးရာလုံခြုံရေး တပ်ဖွဲ့တွင် ယခင်က တာဝန်ထမ်း ဆောင်ခဲ့သူတဦးဖြစ်ပြီး လက်ရှိ ရန်ကုန် စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်နေသူ တဦးဖြစ် ကာ မည်သည့်ကိစ္စကြောင့် စစ်တွေ့သို့ ရောက်ရှိနေ သည်ကိုမူ စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့ အမှတ် (၂ ) ရဲစခန်းမှ ပ / ၉၀ ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ နှင့် အမှုဖွင့်ကာ တရားခံအား စုံစမ်းရှာဖွေလျှက်ရှိကြောင်း သိရသည် ။

Did you find apk for android? You can find new Free Android Games and apps.
Loading