ထိုင်းနိုင်ငံ မြောက်ပိုင်း Phrae ပြည်နယ်တွင် ဖြစ်ပွားသည့် ဗြိတိသျှ သန်းကြွယ် သူဌေးနှင့် ၎င်း၏ ထိုင်းဇနီးကို သတ်ဖြတ်မှုဖြင့် ၃ဦးကို ဖမ်းဆီးလိုက်ပြီး၊ ၎င်းတိုအား သေဆုံး ထိုင်းအမျိုးသမီး၏ အကို ထံမှ ဘတ်ငွေ ၅သောင်းရသဖြင့် သတ်ဖြတ် ကြောင်း ထွက်ဆိုသည်ဟု Bangkok Post သတင်းကဆို သည်။
အသတ်ခံသူများမှာ အသက် ၆၄နှစ်ရှိ အလန်ဟော့ နှင့် အသက် ၆၁နှစ်ရှိ နွတ် ဆဒီယန်တို့ဖြစ်ပြီး မြောင်ခရိုင်၏ နေအိမ် တွင် နေထိုင်စဉ် အဆိုပါ လူ ၃ဦးက နေအိမ်အတွင်း တိတ်တဆိတ်ဝင်၍ သတ် ဖြတ်ခဲ့ခြင်းဖြစ်သည်။
ဗြိတိသျှလူမျိုး အလန်ဟော့ကို ခြံအတွင်းရှိ ဘဲခြံရှေ့တွင် ပထမပစ်သတ်ပြီးနောက် ဇနီးဖြစ်သူ နွတ်ကို ကားဂိုဒေါင်ရှေ့တွင် တူဖြင့် ထုသတ်ခြင်းဖြစ်ပြီး၊ အလောင်းဖျောက်ရန်အတွက် နွတ်ဆဒီယန်၏ အကိုဖြစ်သူ ဝါရက်ဆက်ချာကစ်က ယူဆောင်သွားကြောင်း ၎င်းတို့က ထွက်ဆိုသည်။
အလောင်းများကို မြောင်ခရိုင်ရှိ သေဆုံးသူ ဇနီးမောင်နှံ၏ ခြံဝင်းကျယ်ကို ဖြတ်၍ စီးဆင်းနေသည့် ချောင်းနံဘေး၌ မြုပ်ထားသည်ကို ရဲက မနေ့ကတူးဖော် တွေ့ရှိခဲ့ပြီး၊ ၂ မီတာအနက်ရှိ သည့်ကျင်း တကျင်းထဲတွင် အလောင်းနှစ်လောင်းကို ဘေးချင်းယှက်သား ပက်လက်အနေအထားဖြင့် တွေ့ခဲ့ရ သည်ဟု မီဒီယာများက ဆိုသည်။
ရဲနှင့် ကယ်ဆယ်ရေး လုပ်သားများသည် ခြံဝင်းထဲတွင် မြေတူးစက်အသေးစားတစီး ရပ်ထားသည့် နေရာတခုအနီးတွင် လတ်လတ်ဆတ်ဆတ်တူးဖော်ထားမှုတခုတွေခဲ့ရသော်လည်း မည်သည့်အရာမှ မရှိပေ။ အင်္ဂ ါနေ့က ခြံဝင်းထဲ ဆက်တူးကြည့်ရာ အလောင်းပေါ်မလာမီ ဖိနပ်နှစ်ရံကို ပထမဆုံးတူး ဖော်နိုင်ခဲ့သည်။
အဆိုပါဇနီးမောင်နှံသည် အတူနေထိုင်သည်မှာ ၁၀ နှစ်ကြာမြင့်ပြီဖြစ်ပြီး ချော်ဟေးအရပ်တွင် ရိုင် ၁၀၀ အကျယ်ရှိခြံဝင်းကို ဝယ်ယူကာ စိုက်ပျိုးမွေးမြူကြကာ အိမ်ကြီးအိမ်ကောင်းတလုံး ဆောက်လုပ် နေထိုင်ကြသည်။
ပြီးခဲ့သည့် အပတ်ကြာသာပတေးနေ့က ၎င်းတို့လင်မယား ပျောက်ဆုံးနေကြောင်းကို မိတ်ဆွေတဦးက ဖုန်းမက်ဆေ့ချ်ပို့ ရာ အကြောင်းမပြန်ခြင်းကြောင့် သိရလိုက်သော်လည်း ချင်းမိုင်မြို့ကို သွားသည်ဟု ယူဆခဲ့သည်။
ထို့နောက် မသင်္ကာ၍ စစ်ဆေးရာ ၎င်းတို့၏ အဖြူရောင် ပစ်ကပ်ကားမှာလည်း ပျောက်ဆုံးနေ ကြောင်း စစ်ဆေးတွေ့ရှိခဲ့ သည်။
ခြံတွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းများအရ နွတ်ဆဒီယန်၏ အကိုဖြစ်သူ ဝါရက်ဆက် ချာကစ် ခြံအတွင်း ဝင် ရောက်လာပြီး ပစ်ကပ်ကား အဖြူရောင်ကို မောင်းနှင်သွားကြောင်း တွေ့ရသည့်အတွက် ၎င်းအား ရဲကဖမ်းဆီးခဲ့သည်။
သို့သော် အဆိုပါလင်မယား ပျောက်ဆုံးမှုမှာ ၎င်းနှင့် မပတ်သက်ကြောင်း ငြင်းချက်ထုတ်ပြီး၊ ဆွေမျိုးများက အာမခံအဖြစ် ဘတ် ၁သိန်းတင်ခဲ့သည့်အတွက် ဝါရက်ကို မော်တော်ယာဉ်ခိုးမှုဖြင့်သာ အရေးယူပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ရာ ယခုအခါ ရဲများက ယခုတဖန် ၎င်းကို ရှာဖွေနေကြသည်။
ပြည်နယ်ရဲစခန်းအမှတ် ၆ မှ ရဲမှူးချုပ် ပွန်စက်ပရာ ဆာဆတ်က ပျောက်ဆုံးနေသောပစ်ကပ်ကားကို အယုဒ္ဒယမြို့တွင် တွေ့ ရှိရပြီး၊ အဆိုပါကားကို ထိုင်းဇနီးမောင်နှံထံမှ လာအိုလူမျိုးတဦးက ဝယ်ယူ ထားပြီးဖြစ်ကြောင်း၊ ရောင်းသူနှင့် ဝယ်သူ များ လာမည့်သောကြာနေ့တွင် အပြီးသတ်အရောင်းအဝယ် စာချုပ်ချုပ်ရန် ဆူခိုထိုင်း၌ တွေ့ကြရန် ညှိနှိုင်းထားကြောင်း၊ မီဒီယာများတွင် အဆိုပါကားကို ရဲက ရှာနေကြောင်း ကြားသိရသဖြင့် ရဲလက်သို့ တနင်္ဂနွေနေ့က လာရောက်အပ်နှံခြင်းဖြစ် ကြောင်း ရဲမှူးချုပ်စံပက်က ပြောသည်။