လူ ၄၇ဦး စီးနင်းလာသည့် ပါပူဝါ နယူးဂီနီ၏ လေကြောင်းလိုင် Air Niugini မှ လေယာဉ်တစီးသည် ယနေ့နံနက်က တောင်ပစ္စဖိတ် သမုဒ္ဒရာ ကျွန်းနိုင်ငံဖြစ် သည့် မိုက်ကရိုနီးရှား လေဆိပ်သို့ ဆင်းသက် စဉ် အရှိန်လွန်၍ ပင်လယ်ထဲသို့ ထိုးဆင်းသွားသဖြင့် အသက်ကယ်လှေများဖြင့် ခရီးသည်များကို ကယ်တင်ခဲ့ရသည်။
“လေယာဉ်ပြေးလမ်းအတိုင်း ဝေဟင်ကနေ မြေပြင်ဆင်းဖို့ ဖြစ်ပေမယ့် ၁၅ ကိုက်လွဲချော်ပြီး လေယာဉ်က ရေထဲကျသွား တာဖြစ်ပါတယ်” ဟု မိုက္ကရိုနီးရှားနိုင်ငံ ချူအက်လေဆိပ်မှ အထွေထွေမန်နေဂျာ ဂျင်မီအီမီယိုက ရိုက်တာသို့ တယ်လီဖုန်း ဖြင့် ရှင်းပြသည်။
လေယာဉ်ပေါ်တွင် ခရီးသည် ၃၆ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၁ဦး ပါဝင်ကြောင်း၊ လေယာဉ်မှာ နှစ်မြှပ်သွားသော်လည်း အားလုံးကို ကယ်တင်နိုင်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းဆဲဖြစ်ကြောင်း ပြောသည်။
လေယာဉ်မှာ ဘိုးရင်း ၇၃၇ အမျိုးအစားဖြစ်ပြီး ကျွန်းအနီးရှိ ပင်လယ်ပြင်ပေါ်သို့ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ပျံသန်းရောက်ရှိခဲ့ကြောင်း အီမီယိုက ပြောသည်။
ခရီးသည်များနှင့်လေယာဉ်ဝန်ထမ်းများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ကြီးကြီးမားမား ဒဏ်ရာမရကြကြောင်း သတင်းရရှိသည်။
အဆိုပါလေယာဉ်သည် ဝေဟင်မှ မြေပြင်ဆင်းစဉ် အရှိန်လွန်သွားခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။
နယူးဇီလန်ရေဒီယိုမှ အွန်လိုင်းပေါ်လွှင့်တင်သော ဗီဒီယိုဖိုင်နှင့် တွစ်တာပေါ်တက်လာသော ဓာတ်ပုံများအရ တပိုင်းတစ နစ်မြုပ်နေသော လေယာဉ်အနီးတွင် မြန်နှုန်းမြင့်လှေငယ်များ ပတ်ချာလည်ဝိုင်းနေသည်ကို တွေ့ရသည်။
မိုရက်ဘီရှိ နီဝါဂီနိလေကြောင်းကုမ္ပဏီက ချက်ချင်းသဘောထားမှတ်ချက်ပေးနိုင်ခြင်း မရှိသေး သော်လည်း ယခု လေယာဉ်မတော်တဆမှု ဖြစ်ပွားပြီးမရှေးမနှောင်းမှာပင် အခင်းဖြစ်ပွားရာသို့ စုံစမ်းရေးစေလွှတ်လိုက်ပြီဖြစ်ကြောင်း ပါပူဝါးနယူးဂီနိအရေးပေါ်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ပြောခွင့်ရသူတဦးက ပြောသည်။
၂၀၁၃ ခုနှစ်ကလည်း အင်ဒိုနီးရှားနိုင်ငံ၊ ဒန်ပါဆာတွင် ခရီးသည် ၁၀၁ ဦးပါ Lion Air လေကြောင်းပိုင် လေယာဉ်တစင်း သည် ပြေးလမ်းမှ အရှိန်လွန်ခဲ့ရာ အလားတူပင်လယ်ရေထဲ စိုက်ဆင်းပြုတ်ကျခဲ့ပြီး လှေများဖြင့် ကယ်ဆယ်ရေးလုပ်ဆောင် ခဲ့ရာ ထိခိုက်သေဆုံးမှု မရှိခဲ့ပေ။