ရခိုင်မြောက်ပိုင်းမှ ဘင်္ဂ ါလီများအပေါ် ကျူးလွန်ခဲ့သော ပြစ်မှုများကို တုံ့ပြန်သောအားဖြင့်ဆိုကာ ကနေဒါက ဒေါ်အောင် ဆန်းစုကြည်ကို အပ်နှင်းထားသည့် ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို ပြန်ရုပ်ရန် အောက်လွှတ်တော်တွင် တညီတညွတ် တည်း မဲခွဲ ဆုံးဖြတ်ကြောင်း Thai PBS သတင်းကဆိုသည်။
သို့သော် ကနေဒါအစိုးရ တာဝန်ရှိသူများကမူ ဂုဏ်ထူးဆောင် နိုင်ငံသားဆု အပ်နှင်းထားခြင်းမှာ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်(ဆီးနိတ်)တို့ ပူးပေါင်းပေးအပ်ထားခြင်းဖြစ်၍ ယခု အောက်လွှတ်တော်၏ မဲခွဲဆုံးဖြတ်ချက်မှာ ထိရောက်မှု ရှိမည်မဟုတ်ဘဲ၊ လွှတ်တော်နှစ်ရပ်က အတည်ပြုမှသာ ရုပ်သိမ်းနိုင်မည်ဟု ဆိုသည်။
ထိုဂုဏ်ထူးဆောင်ဆုကို ၂၀၀၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်အားပေးအပ်ခဲ့ခြင်းဖြစ်သည်။
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးနှင့် သတင်းထောက်များ ဗုဒ္ဒဟူးနေ့က တွေ့ဆုံရာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပေးအပ်သည့် ဂုဏ်ထူးဆောင်ဆု ရုပ်သိမ်းရေးကို လမ်းဖွင့်ထား သော်လည်း ယင်းမှာ အဖြေမဟုတ်ကြောင်း၊ ရုပ်သိမ်းခြင်း ဖြင့် မြန်မာနိုင်ငံ အကျပ်အတည်းမှာ ရပ်တန့်ပြေလည်မည် မဟုတ်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ARSA ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့က ရခိုင်မြောက်ပိုင်းရှိ အစိုးရ ကင်းစခန်းများကို တိုက်ခိုက်၍ တပ်မတော်မှ နယ်မြေ ရှင်းလင်းမှုများ ပြုလုပ်ရာ ဘင်္ဂါလီ ၇သိန်းကျော်ထွက်ပြေးသည်ဟု ဆိုကြသည်။
ယင်းဘင်္ဂါလီများ ထွက်ပြေးမှုကို ကနေဒါ အောက်လွှတ်တော်က လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲကာ ပြီးခဲ့သည့် သီတင်း ပတ်က တခဲနက်မဲပေးခဲ့ကြသည်။