• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အွန်လိုင်းရုပ်ပြ သူရဲကောင်း Butman ကို မွေးထုတ်လိုက်တဲ့ Myanga

by လွင်မာထွန်း
4 October 2018
in သတင်း
A A
Myanga မြန်ဂ အဖွဲ့ကို ဦးဆောင်သူနှင့် ဇာတ်ကောင် တယောက်ကို ဖန်တီးသူ အသက် ၂၁ နှစ်အရွယ် ကိုကောင်းမြတ်မောင် / ထက်ဝေ

Myanga မြန်ဂ အဖွဲ့ကို ဦးဆောင်သူနှင့် ဇာတ်ကောင် တယောက်ကို ဖန်တီးသူ အသက် ၂၁ နှစ်အရွယ် ကိုကောင်းမြတ်မောင် / ထက်ဝေ

8.1k
VIEWS
Share on FacebookShare on Twitter

အရောင်အသွေးစုံ အထူးချုပ်ဝတ်စုံများ ဝတ်ဆင်ထားကြသည့် မဟာသူရဲကောင်းများသည် အခြေအနေ ဆိုးများကို ကျော်လွှားရန် ၎င်းတို့၏ ထူးခြားသော အစွမ်းသတ္တိများဖြင့် လူဆိုးများ၊ သတ္တဝါကြီးများ၊ ဂြိုဟ်သားများနှင့် တိုက်ခိုက်ကြသည်။ ၎င်းတို့ အကြားတွင် ထင်ရှားသူများဖြစ်သည့် Spider Man, Thor, Captain America, Batman, the Hulk, Superman နှင့် Wonder Woman တို့မှာ Marvel သို့မဟုတ် DC Universes မှ လာကြသူများ ဖြစ်သည်။

မဟာသူရဲကောင်း ရုပ်ပြများနှင့် ရုပ်ရှင်ပရိသတ်များသည် ထိုဇာတ်လမ်းများကို အမှန်တကယ် နှစ်ခြိုက်ကြပြီး ၎င်းတို့ အကြိုက်ဆုံး ဇာတ်ကောင်များသည် အမြဲအောင်ပွဲခံမည်ကို သံသယ မဖြစ်ကြပေ။ သို့သော် တချို့သော သူများသည် ရုပ်ပြများ၊ ရုပ်ရှင်များနှင့်သာ ကျေနပ်ရောင့်ရဲနိုင်ခြင်း မရှိကြဘဲ ထိုမဟာသူရဲကောင်းများ၏ ဝတ်စုံများကို ဝတ်ဆင်ကြသည်။ ၎င်းတို့သည် ထိုမျှအထိပင် မဟာသူရဲကောင်း ဇာတ်များကို နှစ်ခြိုက် ကြသည်။

RelatedPosts

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
141
ဖားကန့်မြို့

ဖားကန့်မြို့

20 July 2025
190
ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
95

ပါရမီရှင် ဒီဇိုင်းသမားများနှင့် မဟာသူရဲကောင်း ချစ်သူများသည် Myanga မြန်ဂ အမည်ရှိ အွန်လိုင်းရုပ်ပြအစီအစဉ်ကို စတင်ခဲ့ပြီး ၎င်း၏ ဇာတ်လမ်းတွဲမှ ဇာတ်ကောင် Butman မှာ ငယ်ရွယ်သော ပရိသတ်များအကြား ရေပန်းစား နေသည်။

Butman ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် မြန်မာတိုင်းမ်၏ ရက်သတ္တပတ်ကုန် ထုတ်သည့် စာစောင်များတွင် ဖော်ပြသည်/ ထက်ဝေ

“Butman ဆိုတဲ့အမည်နဲ့ စတိုင်က DC မဟာသူရဲကောင်း Batman ပုံစံလုပ်ထားတာ။ ဒါပေမယ့် ကျနော်တို့ရဲ့ မဟာသူရဲကောင်းက ဘာထူးခြားတဲ့ စွမ်းအားမှမရှိဘူး” ဟု Myanga မြန်ဂ အဖွဲ့ကို ဦးဆောင်သူနှင့် ဇာတ်ကောင် တယောက်ကို ဖန်တီးသူ အသက် ၂၁ နှစ်အရွယ် ကိုကောင်းမြတ်မောင်က ပြောသည်။

“တကယ်တော့ သူက But…Man ။ ဒါက သူရဲကောင်းဆိုတာရဲ့ အဓိပ္ပာယ်ပဲ။ သူက မြို့တော်နဲ့ ပြည်သူတွေကို ကူညီချင်ပေမယ့် အမြဲတမ်း ခုတ်ရာတခြား ရှရာတလွဲတွေ ဖြစ်နေတယ်။ ဒါကြောင့် သူကြိုးစားတယ်၊ ဒါပေမယ့် သူ့ဖာသာ လုပ်လို့မရဘူး ဖြစ်နေတယ်။ သူက သာမန်လူပဲလေ” ဟု သူက ရှင်းပြသည်။

“ဇာတ်ကောင်များကို အမေရိကန်ရုပ်ပြ စာအုပ်တွေက အတုယူထားပေမယ့် ဇာတ်လမ်းတွေက Japanese Manga ဂျပန် မန်းဂ ဆန်တယ်။ မန်းဂဆိုတာ ဂျပန်လို ရုပ်ပြလို့ အဓိပ္ပာယ်ရတယ်။ ဒါကြောင့် ကျနော်တို့က မြန်ဂဆိုတဲ့ အမည်ကို ရွေးထားတာ။ မြန်မာဘာသာ ရုပ်ပြပေါ့” ဟု ကိုကောင်းမြတ်မောင်က ဆိုသည်။

ပုံဆွဲနေသော ကိုကောင်းမြတ်မောင်/ ထက်ဝေ

Butman သည် လေးနက်သော အကြောင်းအရာများကို ရုပ်ပြနှင့် ရောနှောထားပြီး ၎င်းတို့အဖွဲ့က ထိုရုပ်ပြ အတွဲများကို ပညာပေးဖျော်ဖြေမှု အဖြစ် တင်ဆက်ရန် စဉ်းစားထားသည်။ လူမှုပြဿနာများ၊ ရှုပ်ထွေးသော ပြဿနာများနှင့် ပတ်သက်ပြီး ဟာသ အများအပြားဖြင့် ပညာပေးရန် ရည်ရွယ်သောကြောင့် ဖြစ်သည်။

“ကျနော်တို့ အဖွဲ့မှာ စုစုပေါင်း ဆယ်ယောက်ရှိတယ်။ လူတိုင်းက ကိုယ့်တာဝန်နဲ့ကိုယ်ပဲ။ ကျနော်က အဖွဲ့ ခေါင်းဆောင်။ ဒါပေမယ့် ဇာတ်လမ်းကျောရိုးက ကျနော်တို့ဆရာ ကိုညီညီထွေးဆီက လာတာ” ဟုလည်း သူက ပြောသည်။

ကိုညီညီထွေးကို Yangon Bee ဟုလည်း သိကြပြီး ဂရပ်ဖစ် ဒီဇိုင်းနှင့် သရုပ်ဖော်ပုံရေးဆွဲခြင်းကို စိတ်ဝင် စားသော လူငယ်များ အတွက် ကျောင်းတခုဖြစ်သော Hexagon Creative Academy မှ ထင်ရှားသော ပြည်တွင်း ဒီဇိုင်းပညာရှင်ဖြစ်သည်။ ကိုကောင်းမြတ်မောင်သည် သူ၏ ကျောင်းသားတဦးဖြစ်ခဲ့ပြီး သင်တန်း ပြီးသောအခါ Hexagon တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ သူနှင့် ကိုညီညီထွေးတို့သည် မြန်ဂကို သီးခြား စီမံချက်အဖြစ် လုပ်ကိုင်ခြင်းဖြစ်သည်။

မြန်ဂ အဖွဲ့ဝင်များ Hexagon Creative Academy တွင် အလုပ်လုပ်နေစဉ်/ ထက်ဝေ

“ကိုညီညီထွေးက ကျနော်တို့ကို အကြံဉာဏ်နဲ့ ဇာတ်လမ်းတွေပေးပြီး ကျနော်က အဖွဲ့ကို ဦးဆောင်တယ်” ဟု ကိုကောင်းမြတ်မောင်က ပြောသည်။

ဇာတ်ဝင်ခန်းတခန်းကို ဖန်တီးရန် နှစ်ပတ်ခန့် အချိန်ယူရသည်။ တခါတရံ တလခန့် ကြာသည်။

“တမျက်နှာခြင်း ဖတ်လည်းလွယ်တယ်။ အခန်းလိုက်ဖတ်လည်း လွယ်တယ်။ ဒါပေမယ့် ဇာတ်ကောင်တွေကို ဖန်တီးရတာ မလွယ်ဘူး” ဟု ကိုကောင်းမြတ်မောင်က ပြောသည်။

လုပ်ငန်းအဆင့်ဆင့်တွင် ပုံဆွဲသော အဖွဲ့က စတင်ရသည်။ ထို့နောက် ထိုပုံများကို အရောင်ဖြည့်ပြီး ဒီဇိုင်းသမားများထံသို့ ပို့ရသည်။

Butman သည် မြန်ဂ၏ ဒုတိယ အတွဲဖြစ်ပြီး “ရန်ကုန်မြို့တော်” နှင့် “ရေလွှမ်းမြေ” ဟူသောအမည်ဖြင့် နှစ်စောင် ထုတ်ဝေပြီးဖြစ်သည်။

ရန်ကုန်မြို့တော်တွင် အမှိုက်ပုံကြီးများသည် အလွန်ကြီးမားသည့် သတ္တဝါကြီး တကောင်အဖြစ် ပြောင်းလဲသွားပြီး မြို့ကို လှည့်လည်ဖျက်ဆီးကာ ကံဆိုးမိုးမှောင်ကျနေသော မြို့သားများကို ကြောက်လန့်တကြား ထွက်ပြေးစေခဲ့သည်။ Butman က သူ၏ ကားအတွင်းသို့ ခုန်ဝင်လိုက်ပြီး ထိုနေရာသို့ အလျှင်အမြန် သွားသော်လည်း ယာဉ်ကျောပိတ်ဆို့မှုအတွင်း ပိတ်မိနေသည်။ အင်တာနက် လိုင်းမကောင်း သောကြောင့် ကား၏ GPS က ပျက်နေသည်။

Myanga မြန်ဂ အဖွဲ့ကို ဦးဆောင်သူနှင့် ဇာတ်ကောင် တယောက်ကို ဖန်တီးသူ အသက် ၂၁ နှစ်အရွယ် ကိုကောင်းမြတ်မောင်/ ထက်ဝေ

ရေလွှမ်းမြေတွင်မူ Butman သည် နံနက်စာစားရင်း တီဗီမှ လာသော သတင်းကိုကြည့်နေသည်။ မိုးသည်းထန်စွာ ရွာသောကြောင့် ရန်ကုန်ကို ရေလွှမ်းတော့မည်ဟု သတင်းတင်ဆက်သူက ကြေညာသောအခါ သူသည် ပုံမှန်အမျိုးသားဝတ် ချည်ထည်ရှပ်အင်္ကျီနှင့် လုံချည်တထည်ကို ကိုယ်တွင်ပတ်ကာ တခြားတထည်ကို ခါးတွင်ဝတ်ပြီး ခြေညှပ်ဖိနပ်နှင့် သူ၏ ဝတ်စုံကို အမြန်လဲဝတ်လိုက်သည်။

ယခုတကြိမ်တွင်မူ သူ၏ရန်သူမှာ မြို့တော် ရေနုတ်မြောင်းမှ ရေဆိုးများနှင့် အမှိုက်များမှဖြစ်လာသော သတ္တဝါကြီးဖြစ်ပြီး လူတို့လမ်းမတွင် ပစ်ထားသော အမှိုက်များကို ပိတ်ဆို့ထားသည်။ ထိုသူရဲကောင်းသည် အခက်အခဲကို မည်သို့ ဖြေရှင်းသည်ကို သိလိုပါက ရုပ်ပြဇာတ်လမ်းကို ဖတ်ရန်လိုသည်။

“လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး သတင်းစကား ပေးလိုပြီး ပရိသတ်ဆီကို ဒီသတင်းစကား ရောက်မယ်လို့ မျှော်လင့်တယ်” ဟု ကိုကောင်းမြတ်မောင်က ပြောသည်။

Butman ကို မြန်မာဘာသာဖြင့် အွန်လိုင်းတွင် ထုတ်လုပ်ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် မြန်မာတိုင်းမ်၏ ရက်သတ္တပတ်ကုန် ထုတ်သည့် စာစောင်များတွင် ဖော်ပြသည်။

မြန်ဂ၏ ပထမတွဲမှာ “T, The Huntsman” ဖြစ်ပြီး လူကြီး၊ လူငယ်မရွေး ကြိုက်ကြသော ပြည်တွင်း ကာတွန်း ဇာတ်ကောင် တွတ်ပီ ပုံစံမျိုးဖြစ်သည်။ T ကို မြန်မာဘာသာဖြင့် အွန်လိုင်းတွင် ထုတ်ဝေပြီး အခန်းသုံးခန်း ထုတ်ဝေပြီး ဖြစ်သည်။

“အခု ကျနော်တို့က မြန်ဂ အပလီကေးရှင်း လုပ်နေတယ်။ ပြီးရင်တော့ မြန်မာ၊ အင်္ဂလိပ်၊ ဂျပန်ဘာသာတွေနဲ့ ဇာတ်လမ်းတွေ ထုတ်မယ်” ဟု ကိုကောင်းမြတ်မောင်က ပြောသည်။

“မြန်မာ ရုပ်ပြကာတွန်း ယဉ်ကျေးမှု ပျောက်ကွယ်လုနီး ဖြစ်နေပြီ။ ဒါပေမယ့် ကလေးတွေ၊ လူငယ်တွေက ဖတ်ချင်ကြတုန်းပဲ။ ရုပ်ပြကာတွန်း ယဉ်ကျေးမှုကို ပြန်တည်ဆောက်ချင်တယ်” ဟု သူက ပြောသည်။

အမေရိကန် ရုပ်ပြကာတွန်း ပရိသတ်ဖြစ်သော အသက် ၂၇ နှစ်အရွယ် ဟိန်းထက်က ဖတ်ကြည့်ပြီး နှစ်ခြိုက်သည်ဟု ဆိုသည်။
“မြန်ဂက တကယ် cool ပဲ။ သူတို့ရဲ့စိတ်ကူးက တော်တော် အံ့သြစရာ ကောင်းတာပဲ။ အဲဒီ အင်တာနက် ကာတွန်းရုပ်ပြကို ကြိုက်တယ်” ဟု သူက ပြောသည်။

(New Online Comic Hero Butman Tackles Yangon’s Problems with Humorကို ဘာသာပြန်သည်။)

Your Thoughts …
Tags: Myangaအွန်လိုင်းရုပ်ပြ သူရဲကောင်း Butman
လွင်မာထွန်း

လွင်မာထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ယခုလမှ စတင်၍ မန္တလေး-ကွမ်ကျိုး အပတ်စဉ်ပြေးဆွဲမည့် တရုတ် လေကြောင်းလိုင်း 9 Air  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မန္တလေး-တရုတ် တိုက်ရိုက် လေကြောင်းလိုင်း ၅ ခု ရှိလာ

ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဘာစန်ချာကျွန်းပေါ်တွင် ကျောက်ခဲများ စုပုံနေသည့် ဆောက်လုပ်ရေး လုပ်သားများအား ဖေဖော်ဝါရီလ ၁၄ ရက်က တွေ့ရစဉ် / Reuters

ဒုက္ခသည်များ ကျွန်းပေါ် ရွေ့ရေး ဘင်္ဂလားဒေ့ရှ် အစိုးရ ရွှေ့ဆိုင်း

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
4.9k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

5 days ago
4.8k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate