၂၀၁၈ ခု ပထမ ၉ လတာအတွင်း အန်ကောဝပ်ဘုရားကျောင်းဝင်ခွင့်ရောင်းချမှုမှ အခွန်တော် အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၅၇ သန်းရရှိခဲ့ပြီး ယမန်နှစ်ထက် ၁၃ ရာခိုင်နှုန်းတိုးလာကြောင်း အန်ကောဝပ်ခရီးသွားလုပ်ငန်းမှ သိရကြောင်း Khmer Times သတင်းကဆိုသည်။
အန်ကောဝပ် ရှေးဟောင်းဇုန်သို့ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကမ္ဘာလှည့် ခရီးသည်ပေါင်း ၁ဒသမ၉ သန်းကျော် လာရောက်ခဲ့ပြီး ယမန်နှစ်နှင့်နှိုင်းယှဉ်လျှင် ၈ဒသမ၅ ရာခိုင်နှုန်းတိုးတက် လာကြောင်း ယမန်နေ့က ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။
စက်တင်ဘာလ ၁ လတည်းအတွင်း လာရောက်သည့် ခရီးသည်အရေအတွက်မှာ ၁၅၆,၈၆၅ ဦးဖြစ်ရာ ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၈ဒသမ၃ ရာခိုင်နှုန်းတက်လာခဲ့ကြောင်း၊ စက်တင်ဘာ တလတည်းပင် အခွန်တော်မှာ ဒေါ်လာ ၆ဒသမ၈ သန်းရရှိသဖြင့် ယမန်နှစ်စက်တင်ဘာလထက် ၅ဒသမ၂ ရာခိုင်နှုန်း တက်လာကြောင်း သိရသည်။
အန်ကော်ဝပ် ဘုရားကျောင်းဝင်ခွင့် လက်မှတ် ရောင်းချမှုမှ ရရှိလာသည့် ၈၅ ဒသမ ၅၇ သန်းထဲမှ ၃ ဒသမ ၈၀ သန်းဝန်းကျင်ကို ကန်သာဘိုဖာ ကလေးဆေးရုံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။