• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တသက်တာ တိုက်ပွဲဝင် မွန် နိုင်ငံရေးသမားတဦး ကွယ်လွန်ခြင်း

by လဝီဝမ်
5 October 2018
in သတင်း
A A
မွန်တိုင်းရင်းသားတို့ အခွင့်အရေးအတွက် စဉ်ဆက်မပြတ် တိုက်ပွဲဝင်ခဲ့သည့် မွန်နိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်းအား ၂၀၁၆ ခုနှစ်က တွေ့မြင်ခဲ့ရစဉ်  / နိုင်ကိုသူ / ဧရာဝတီ

မွန်တိုင်းရင်းသားတို့ အခွင့်အရေးအတွက် စဉ်ဆက်မပြတ် တိုက်ပွဲဝင်ခဲ့သည့် မွန်နိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်းအား ၂၀၁၆ ခုနှစ်က တွေ့မြင်ခဲ့ရစဉ် / နိုင်ကိုသူ / ဧရာဝတီ

6.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်မှ စတင်ကာ မွန်ပြည်သူများ တန်းတူအခွင့်အရေး ရရှိရေးအတွက် နှစ်ပေါင်း ၇၀ ကျော် တိုက်ပွဲဝင်ခဲ့သော ဝါရင့် မွန်တိုင်းရင်းသား ခေါင်းဆောင်ကြီး နိုင်ငွေသိမ်းသည် အောက်တိုဘာလ ၂ ရက်က ရန်ကုန်တွင် ကွယ်လွန်သွားခဲ့သည်။

နိုင်ငွေသိမ်း သည် လွတ်လပ်ရေးတိုက်ပွဲဝင်ကာလ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်မှုအောက်ရှိ BIA တပ်ဖွဲ့ဝင်တဦး ဖြစ်သည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
1
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
33
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
200

မကွယ်လွန်မီက နိုင်ငွေသိမ်းသည် မွန်အမျိုးသားပါတီ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA တွင်လည်း အခြားသော တိုင်းရင်းသား အုပ်စုများနှင့်အတူ အဖွဲ့ဝင်တဦးအဖြစ် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

သူ၏ ယခင် နိုင်ငံရေးပါတီဖြစ်သော မွန်အမျိုးသားဒီမိုကရေစီတပ်ဦး MNDF သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ လေးနေရာ အနိုင်ရရှိခဲ့သည်။

အသက် ၂၅ နှစ်တွင် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည့် နိုင်ငွေသိမ်းသည် နောက်ပိုင်းကာလ စစ်အစိုးရ ဖိနှိပ်မှုအောက်တွင် UNA အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် ပူးပေါင်းကာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတရေးရာ ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက “သူဟာ မွန်တိုင်းရင်းသားတွေရဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲကို ပထမဆုံး စတင်ခဲ့သူဖြစ်တယ်။ သူ အိပ်ရာထဲမှာ မလှုပ်နိုင်တော့ဘဲ လဲနေတဲ့အချိန်အထိ ပြည်သူ့အကျိုး ဆောင်ခဲ့တယ်” ဟု ဆိုသည်။

ဝန်ကြီးသည် MNDF တွင် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပြီး ၁၉၉၈ ခုနှစ်က စစ်အစိုးရ၏ ဖမ်းဆီးခြင်း ခံရချိန်တွင် နိုင်ငွေသိမ်းနှင့်အတူ ထောင်ထဲတွင် အတူနေဖူးသူ ဖြစ်သည်။

နိုင်ငွေသိမ်းကို အဖ နိုင်သာဒွန်းအောင် အမိ မိငွေသုန် တို့က ၁၉၂၃ ခုနှစ်တွင် ကရင်ပြည်နယ်၊ ထုံးအိုင်ကျေးရွာ၌ မွေးဖွားခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဂျပ်ဆင်ကောလိပ်သို့ တက်ရောက်ခဲ့ပြီး ဖက်စစ် ဆန့်ကျင်ရေးတိုက်ပွဲတွင် ဗမာ့လွတ်လပ်ရေးတပ်မတော် BIA နှင့်အတူ ပါဝင်ခဲ့ပြီး ကျိုက်လက်မြို့နယ် လုံခြုံရေးတာဝန် ယူပေးခဲ့သည်။

BIA ကို ဗမာ့ကာကွယ်ရေးတပ်မတော် BDA အဖြစ် ပြန်လည်ဖွဲ့စည်းသောအခါ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းက သူ့ကို ဗိုလ်သင်တန်းတက်ရန် ဆင့်ခေါ်ခဲ့ဖူးသည်။ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသောအခါ နိုင်ငွေသိမ်းသည် တပ်မှ ထွက်လိုက်သည်။

လွတ်လပ်ရေးရအပြီး မွန်တိုင်းရင်းသားများကို မြန်မာနိုင်ငံ၏ တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုချိန်တွင် တရားဝင် အသိအမှတ်ပြုခံရစေရေး နိုင်ငွေသိမ်းသည် သူနှင့်အတူ အခြား မွန်မျိုးချစ်များက လက်နက်ကိုင် တော်လှန်ခဲ့ကြသည်။

“ဗမာတွေက မွန်တိုင်းရင်းသား အုပ်စုကို အသိအမှတ် မပြုခဲ့ဘူး။ နိုင်ငွေသိမ်းက မွန်တိုင်းရင်းသားတွေ မြန်မာနိုင်ငံထဲမှာ ပါတယ်ဆိုတာကို ဗမာတွေ အသိအမှတ်ပြုတဲ့အထိ တိုက်ပွဲဝင်ခဲ့တယ်” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

နိုင်ငွေသိမ်းသည် ကိုယ်ပိုင်ပြဌာန်းခွင့် အပါအဝင် မွန်တိုင်းရင်းသားများ တန်းတူညီမျှသော အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ရန် ရည်မှန်းကာ မွန်အမျိုးသားကာကွယ်ရေးအဖွဲ့ MNDO သို့ ဝင်ရောက်ခဲ့သည်။ ဦးနုက အဖွဲ့ကို လက်နက်ဖြုတ်ပြီး နိုင်ငံရေး အဖွဲ့အစည်းအဖြစ် ရပ်တည်ရန် ဖျောင်းဖျပြောဆိုသည့် ၁၉၅၈ ခုနှစ်အထိ ဆယ်နှစ်ကြာမျှ အမှုဆောင် အဖွဲ့ဝင်တဦးအဖြစ် တာဝန်ယူခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်အာဏာရှင်စနစ်က မွန်ပြည်နယ်သည် မွန်တိုင်းရင်းသားများ၏ တရားဝင် ဇာတိမြေအဖြစ် ရွှေရည်စိမ် အသိအမှတ် ပြုသောအခါ စစ်မှန်သော ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုလားသည့်အတွက် နိုင်ငွေသိမ်းနှင့် သူ၏ မွန်ရဲဘော်များသည် ကျေနပ်ခြင်း မရှိခဲ့ပေ။

သူ၏ ဘဝတွင် ဦးနု၊ ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်ချုပ်စောမောင်နှင့် ဗိုလ်ချုပ်သန်းရွှေတို့၏ စစ်အစိုးရများအပါအဝင် မြန်မာစစ်အစိုးရ၏ မျိုးဆက်အများအပြားကို ထိတွေ့ ဆက်ဆံခဲ့ရဖူးသည့် ဝါရင့် နိုင်ငံရေးသမားကြီး ဖြစ်သည်။

နိုင်ငွေသိမ်းသည် မွန်ပြည်သူတို့အတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ လုပ်ကိုင်ခဲ့သော်လည်း မွန်တိုင်းရင်းသားတို့၏ လွတ်လပ်မှုကို မြင်တွေ့ခွင့် မရသွားခဲ့သည့်အတွက် သူ့အတွက် ဝမ်းနည်းကြောင်း လုပ်ဘော်ကိုင်ဘက် မွန်တိုင်းရင်းသား အများအပြားက ပြောသည်။

နိုင်ငွေသိမ်းသည် သူ၏ နိုင်ငံရေးဖြတ်သန်းမှု သမိုင်းတလျှောက်တွင် နိုင်ငံရေးအကျဉ်းသားအဖြစ် လေးကြိမ် ဖမ်းဆီးထိန်းသိမ်း အကျဉ်းကျခံခဲ့ရဖူးသည်။ ၁၉၄၈ ခုနှစ်တွင် မော်လမြိုင်ထောင် ကျခဲ့ကာ ဦးနေဝင်း အာဏာသိမ်းပြီး တော်လှန်ရေး ကောင်စီ တက်လာချိန်တွင ဒုတိယအကြိမ် ဖမ်းဆီးခံခဲ့ရသည်။ ၁၉၉၀ ခုနှစ်တွင် ဂန္ဒီခန်းမ ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာချက်ကြောင့် ထောင်ဒဏ် ၂၁ နှစ် ချခံခဲ့ရသည်။ ၁၉၉၈ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း မပြုရန် မွန်ပြည်သစ်ပါတီ NMSP အား အကြံပြုစာ ရေးသားပေးပို့သည့်အတွက် စတုတ္ထအကြိမ်မြောက်အဖြစ် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည်။

ကျန်ရစ်သူ မိသားစုအဆိုအရ အသက် ၉၆ နှစ်ရှိပြီ ဖြစ်သော နိုင်ငွေသိမ်းသည် မကွယ်လွန်မီက ကာလရှည်ကြာစွာ နာမကျန်းဝေဒနာ ခံစားနေရသည်။ ထို့နောက် အောက်တိုဘာလ ၂ ရက် ညနေ ၆ နာရီတွင် ရန်ကုန်ရှိ နေအိမ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဈာပန အခမ်းအနားကို အောက်တိုဘာလ ၆ ရက် စနေနေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: နိုင်ငွေသိမ်းမွန်
လဝီဝမ်

လဝီဝမ်

ဧရာဝတီ

Similar Picks:

ပုသိမ်မြို့

ပုသိမ်မြို့

by ဧရာဝတီ
16 February 2025
4.8k

ဧရာဝတီတိုင်း ဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ စပါးကျီကြီး ဖြစ်တဲ့ အလျောက် ပုသိမ်မြို့ဟာ ဆန်စပါး ကြိတ်ခွဲ၊ တင်ပို့ရာ ဗဟိုချက်မ ဖြစ်ပါတယ်။

ပဲခူးမြို့၊ ပဲခူးရိုးမတောင်

ပဲခူးမြို့၊ ပဲခူးရိုးမတောင်

by ဧရာဝတီ
9 March 2025
3.3k

ပဲခူးဟာ သမိုင်းအရ ဟံသာဝတီ အမည် နဲ့ ဟံသာဝတီ မင်းဆက် နဲ့ တောင်ငူ မင်းဆက်တို့ရဲ့ မင်းနေပြည်တော် အဖြစ် ထင်ရှားခဲ့တဲ့ မြို့တော် ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။

ကော့ဘိန်းရဲစခန်း သိမ်းနိုင်ခြင်းက စစ်ရေးအချက်အချာကျဟု ဆို

ကော့ဘိန်းရဲစခန်း သိမ်းနိုင်ခြင်းက စစ်ရေးအချက်အချာကျဟု ဆို

by မိအိသဉ္ဇာမြင့်
26 March 2024
2.6k

ကော့ဘိန်းမြို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိရာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရွှေနတ်တောင်မြို့ မိုင်၅၀ခန့်သာ ဝေးပြီး မတ်လ ၂၅ရက်က ရဲနှင့် စစ်သားများ တပ်စွဲထားသည့် ကော့ဘိန်းရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ခြင်း...

တိုင်းရင်းသားပြည်နယ်များကို စည်းရုံးရန် စစ်ကောင်စီ ကြိုးစား

တိုင်းရင်းသားပြည်နယ်များကို စည်းရုံးရန် စစ်ကောင်စီ ကြိုးစား

by ဧရာဝတီ
15 September 2023
2.2k

မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီနှင့် ပတ်သက်သည့် ပြည်သူ့စစ်များနှင့် လားရှိုးတွင် တွေ့ဆုံသည်။

မွန်ပြည်သစ်ပါတီ ဘာကြောင့် ၂ ဖွဲ့ကွဲသွားသလဲ

မွန်ပြည်သစ်ပါတီ ဘာကြောင့် ၂ ဖွဲ့ကွဲသွားသလဲ

by ဧရာဝတီ
25 March 2024
1.6k

မွန်ပြည်သစ်ပါတီ (NMSP) ရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော တို့ ဦးဆောင်တဲ့ နိုင်ငံရေးပိုင်း၊ တပ်ပိုင်းဆိုင်ရာအင်အား ရာနဲ့ချီတဲ့ အဖွဲ့ဝင်တွေဟာ "စစ်အာဏာရှင် တိုက်ဖျက်ရေး" ကြေညာပြီး MNSP...

နောင်ချို, “ဝ”လူမျိုး, ယဇ်နတ်ပူဇော်ခြင်း, ဆာစကော့, ရှမ်း, မွန်,

“ဝ”တို့၏ လာရာလမ်း

by စိုင်းခမ်းမိုင်း
6 May 2015
19.4k

တရုတ်မြန်မာ နယ်ခြားဒေသ သတ်မှတ်ခြင်း မရှိသေး၍ “၀” နယ်သည် အုပ်ချုပ်ရေး မရှိသော ဒေသ၊ မည်သူမှ ပိုင်ဆိုင်ခြင်း မရှိသည့်ဒေသ ဖြစ်ခဲ့ရသည်။

Next Post
အဆိုတော် သားစိုး  /  ယုဖြူဟန် / ဧရာဝတီ

"ဂီတအကျိုးဆောင်လုပ်ငန်း" လုပ်ကိုင်ဦးမယ့် အဆိုတော် သားစိုး

Denim Jean တွေကို တန်ဖိုးမြင့်ဒီဇိုင်း ဖန်တီးထားတဲ့ Giorgio Armani

ဆောင်းရာသီအတွက် Denim Jean တွေကို တန်ဖိုးမြင့်ဒီဇိုင်း ဖန်တီးလိုက်တဲ့ Giorgio Armani

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate