• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်နယ်စပ် စီးပွားရေးဇုန်များအတွက် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်မည်

by နန်းလွင်
6 October 2018
in သတင်း
A A
တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး၏ အဓိကဖြစ်သော မူဆယ်ရှိ စစ်ရေးဂိတ်တခုတွင် ကုန်ကားများ ရပ်ထားကြစဉ် / ဇော်ဇော်

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး၏ အဓိကဖြစ်သော မူဆယ်ရှိ စစ်ရေးဂိတ်တခုတွင် ကုန်ကားများ ရပ်ထားကြစဉ် / ဇော်ဇော်

8.2k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံ၏ မဟာဗျုဟာကျသော ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ် (BRI) ၏ အစိတ်အပိုင်းအဖြစ် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာနယ်စပ်တွင် တည်ဆောက်မည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များအတွက် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများကို စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖိတ်ခေါ်မည်ဖြစ်သည်။

“ပြည်တွင်းရင်းနှီး မြှုပ်နှံသူတွေကို ဖိတ်ခေါ်တာကို ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်ဆောင်သွားမှာပါ” ဟု ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
38
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
35
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
452

“နေရာအတိအကျသတ်မှတ်ဖို့ တရုတ်နိုင်ငံနဲ့ ဆွေးနွေးနေတာတွေကို မကြာခင် အပြီးသတ် ဆောင်ရွက် နိုင်မှာပါ။ အဲဒါပြီးရင် ပြည်တွင်းရင်းနှီး မြှုပ်နှံသူတွေကို ဖိတ်ခေါ်မယ်” ဟု ဦးခင်မောင်လွင်က ဆိုသည်။

မြန်မာနိုင်ငံဘက်က တရုတ်-မြန်မာ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် သုံးခုကို ဇူလိုင်လက အတည်ပြုခဲ့ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်အောင်၏ အဆိုအရသိရသည်။ ထိုဇုန်များကို မြန်မာ့တပ်မတော်နှင့် မဟာမိတ်ဖွဲ့ထားသည့် ကချင်ပြည်သူ့စစ် ဒီမိုကရေစီသစ် တပ်မတော်က လက်ရှိ ထိန်းချုပ်ထားသည့် ကချင်ပြည်နယ် အထူးဒေသ (၁) ရှိ ကန်ပိုက်တီး၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန်၏ အစိတ်အပိုင်း ဖြစ်သော လောက်ကိုင်မြို့နယ်မှ ချင်းရွှေဟော်နှင့် ရှမ်းပြည်နယ် မူဆယ်တို့တွင် တည်ဆောက်မည် ဖြစ်သည်။

တရုတ်နိုင်ငံနှင့် ဆွေးနွေးနေကြောင်းနှင့် တည်နေရာနှင့် ပတ်သက်ပြီး နောက်ဆုံးအတည်ပြုချက်ကို တရုတ်နိုင်ငံက ပေးလိမ့်မည်ဖြစ်ကြောင်း ဦးခင်မောင်လွင်က ပြောသည်။

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တခုစီတွင် အခွန်ကောက်ဌာန၊ ကုန်သွယ်ရေး လုပ်ငန်းအဆင့်ဆင့်ရုံးနှင့် ငွေလဲလှယ်ဌာနတို့ ပါဝင်မည်ဖြစ်ကြောင်းလည်း သူက ဆိုသည်။

စီပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များအနီးတွင် စက်မှုဇုန်များ တည်ထောင်ရန်လည်း နှစ်နိုင်ငံ စီစဉ် ထားသည်။ စက်မှုဇုန်များတွင် ကုန်သွယ်ရေးနှင့် ပြုပြင် ထုတ်လုပ်ရေးအတွက် မြေနေရာများ၊ အသေးစားနှင့် အလတ်စား စက်ရုံများ၊ ကုန်သွယ်မှု သယ်ယူပို့ဆောင်ရေးနှင့် အရည်အသွေး ထုတ်ပိုးဌာနများ ပါဝင်မည်ဟု ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

အစိုးရသည် တရုတ်နိုင်ငံသို့တင်ပို့မည့် စိုက်ပျိုးရေးထုတ်ကုန်များကို ပြန်လည်ထုတ်ပိုးရေး စက်ရုံတခု တည်ဆောက်ရန် စီစဉ်နေကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးသန်းမြင့်၏ အဆိုအရ သိရသည်။

ထိုဇုန်များသည် ဒေသအတွက် အလုပ်အကိုင်များ ဖန်တီးပေးပြီး အသေးစား၊ အလတ်စားလုပ်ငန်းများကို အားပေးကာ တည်ငြိမ်မှု မြှင့်တင်ခြင်းဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုမည် ဖြစ်ကြောင်း သူက အာမခံထားသည်။

၂၀၁၇ ခုနှစ်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် BRI ထိပ်သီး အစည်းအဝေး တတ်ရောက်နေစဉ် အတွင်း နားလည်မှုစာချွန်လွှာ ငါးခု လက်မှတ်ရေးထိုးခဲ့ပြီး တခြားအချက်များအပြင် နယ်စပ်တလျှောက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များ တည်ဆောက်ရန်လည်း သဘောတူခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်က ဦးသန်းမြင့် တရုတ်နိုင်ငံခရီးစဉ်မှ ပြန်လာပြီးနောက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များ ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ မြန်မာအဖွဲ့ကို ဦးသန်းမြင့်က ဦးဆောင်ပြီး ကချင်နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်များနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌတို့က အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။ ထိုအစည်းအဝေးအပြီးတွင် ဝန်ကြီးက စီမံကိန်းများကို အစောဆုံး စတင်နိုင်ရန် အဖွဲ့ကို တွန်းအားပေးခဲ့သည်။

ထိုဇုန်များသည် နယ်စပ်ကုန်သွယ်ရေးကို တွန်းအားပေးရုံသာမက၊ မြန်မာနိုင်ငံ၏ မတည်ငြိမ်သော ဒေသများတွင် တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကိုလည်း အထောက်အကူပြုမည်ဟု ဝန်ကြီး၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်အရာရှိများက ပြောသည်။

လွန်ခဲ့သောလက တရုတ်နှင့် မြန်မာနိုင်ငံတို့သည် BRI ၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် ဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစီးပွားရေးစြင်္ကန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနှင့် ထိုမှ တောင်ဖက်တွင်၊ ရန်ကုန်နှင့် အနောက်ဖက်တွင် ရခိုင်ပြည်နယ်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန်အထိ ဆက်သွယ်မည်ဖြစ်သည်။

၂၀၁၃ ခုနှစ်က စတင်မိတ်ဆက်ခဲ့သော BRI သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အဓိက နိုင်ငံခြားရေးမူဝါဒ စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် တရုတ်နိုင်ငံမှ ဗဟိုအာရှနှင့် အရှေ့အလယ်ပိုင်း၊ ရုရှားတို့ကို ဖြတ်သန်းပြီး ဥရောပသို့ လမ်းများ၊ ရထားလမ်းများနှင့် သင်္ဘောလမ်းများကို နိုင်ငံပေါင်း အနည်းဆုံး ၇၀ တွင် တိုးချဲ့ တည်ဆောက်မည် ဖြစ်သည်။

နားလည်မှု စာချွန်လွှာများအရ နှစ်နိုင်ငံအစိုးရများသည် အခြေခံအဆောက်အအုံ၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လူသားရင်းမြစ် ဖွံ့ဖြိုးမှု၊ ဆက်သွယ်ရေးနှင့် သုတေသနနှင့် သိပ္ပံပညာနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသည်။

(Gov’t Seeks Investors for Economic Zones on Chinese Border ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Your Thoughts …
Tags: တရုတ်နယ်စပ် စီးပွားရေးဇုန်ရင်းနှီးမြှုပ်နှံသူများ
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

ထရမ့်၏ အခွန်အပေါ် စိုးရိမ်မှုကြောင့် အမေရိကနှင့် အာရှတွင် စတော့ရှယ်ယာဈေးကျ

ထရမ့်၏ အခွန်အပေါ် စိုးရိမ်မှုကြောင့် အမေရိကနှင့် အာရှတွင် စတော့ရှယ်ယာဈေးကျ

by ဧရာဝတီ
11 March 2025
1.3k

ထရမ့်၏ ထိပ်တန်းအရာရှိများနှင့် အကြံပေးများက ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုများကို နှစ်သိမ့်ရန် ကြိုးစားသည်။

လက်နက်မဲ့ ဆန္ဒပြ အရပ်သားများအပေါ် စစ်အစိုးရ၏ ရက်စက်စွာနှိမ်နင်းမှုအား စီးပွားရေးလုပ်ငန်းတချို့က ကန့်ကွက်လာခဲ့ကြသည် / ဧရာဝတီ 

စားသုံးသူနဲ့ စစ်အာဏာပိုင်များကြား စီးပွားရေးလုပ်ငန်းတွေ ဘယ်သူ့ ရွေးမလဲ

by ဧရာဝတီ
12 March 2021
31.8k

စီးပွားရေးလုပ်ငန်းအချို့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြသော်လည်း အချို့က နှုတ်ဆိတ်နေကြသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးသောင်းထွန်း / Reuters

မြန်မာ့စီးပွားရေး တံခါးဖွင့်ထားကြောင်း ရင်းနှီးမြှုပ်နှံသူများကို အစိုးရ အသိပေး

by နန်းလွင်
4 February 2019
15.8k

နှစ်ရက်ကြာ ဆွေးနွေးပွဲတွင် ပြည်နယ်နှင့်တိုင်း ဆယ်ခုရှိ အမေရိကန်ဒေါ်လာ ၃ ဘီလျံ (ကျပ် ၄.၅ ထရီလျံ) တန် စီမံကိန်း ၁၂၀ ကို ပြသခဲ့သည်။

ရန်ကုန်မြို့လည်ရှိ တယ်လီနောရုံးခွဲတခု / ဧရာဝတီ

အာဏာသိမ်းမြန်မာမှ ရင်းနှီးမြှုပ်နှံသူများ ပြန်လည်ထွက်ခွာရန် မလွယ်

by Nicholas Farrelly နှင့် Alice Dawkins
18 October 2021
10.8k

စစ်အာဏာသိမ်းမှု ပြီးလျှင်ပြီးခြင်း ပြည်တွင်းစီးပွားရေးနှင့် အကျိုးစီးပွားရှိနေသည့် ကုမ္ပဏီများက ထုတ်ပြန်သည့် ဈေးကွက်မှ ပြန်ထွက်ရေး ကြေညာချက်များကို တွေ့လာနေရသည်။

Next Post
BFM က ပရိသတ် ၃၅၀၀၀၀ ကျော် ရှိသည်ဟု ခန့်မှန်းရသည်။ စုစုပေါင်း လူဦးရေ ၈ သန်းခန့်ရှိသော ကွာလာလမ်ပူမြို့လည် Klang Valley ၏ ၅ ရာခိုင်နှုန်းနီးပါး ဖြစ်သည် / Joe Kit Yong

သီချင်းမလွှင့် သတင်းလွှင့်တဲ့ မလေးရှား FM ရေဒီယို

သေဆုံးသူများအား အောက်တိုဘာလ ၅ ရက်နေ့က ဘာသာရေး ဆုတောင်းပွဲ ပြုလုပ်စဉ် / Reuters

အင်ဒိုနီးရှား ဆူနာမိတွေ ဘာကြောင့် အသေအပျောက် များသလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate